iMyanmarHouse.com - Best Property Website for Myanmar
×










ကြိုးစားခြင်းနဲ့ ရွေးချယ်ခြင်း ဘယ်ဟာက ပိုအရေးကြီးသလဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တလွဲတချော် အောင်မြင်မှုတွေ အများကြီးတွေ့ရတယ်။

ဆရာဝန် ဖြစ်ပြီး ဆေးကုသခြင်း မရှိတဲ့ ဆရာဝန်တွေ အများကြီးပါပဲ။ ဆရာဝန်ကျောက်ပွဲစား၊ ဆရာဝန် စက်မှုပညာရှင်၊ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် ကုန်သည်။ ဒီလိုပဲ စက်မှုတက္ကသိုလ်က ဆင်းပြီး စက်မှုနဲ့ အသက်မမွေးတဲ့ သူတွေ အများကြီး ရှိတယ်။ ဥပဒေနဲ့ ဘွဲ့ရပြီး ဥပဒေ ပညာရပ်နဲ့ ရပ်တည်တဲ့သူ ရှားပါတယ်။ စီးပွားရေး တက္ကသိုလ်ကဆင်းပြီး ဘ၀ကို အဆင်ပြေသလို ဖြတ်သန်းနေရတဲ့ သူတွေလည်း အများကြီးပါ။ ရိုးရိုးတက္ကသိုလ်ဆင်းပြီး ဆရာ၊ ဆရာမ ဖြစ်နေသူတွေ အများကြီးပါ။ မိဘတွန်းအားကြောင့် မိဘဖြစ်ချင်တာကို လုပ်ပေးတယ်။ ပြီးတော့မှ ကိုယ်ဝါသနာပါတာကို ဇွတ်လုပ်တယ်။

 ဒီလိုနဲ့ ဘ၀မှာ အလွဲတွေ အလွဲတွေ အများကြီးပါပဲ။ ကျွန်တော်တို့ ဆီမှာ အမှတ်ကောင်းရင် ဆေးကျောင်း။ ဒီအယူအဆကြီးက တော်တော်ကို အရိုးစွဲနေပါပြီ။ ဆေးပညာရပ်လိုပဲ တခြားပညာရပ်တွေကလည်း အရေးကြီးတာပါပဲ။ အသုံးတည့်တာပါပဲ။ ဒါ့ကြောင့် ကိုယ့်ရင်းနှီးစိုက်ထုတ်မှုနဲ့ တလွဲတချော် မဖြစ်အောင် ၀ါသနာပါတာကို ရွေး။ စိတ်ဝင်စားတာကို ရွေးချယ်သင့်တယ်။ ရွေးချယ်မှု မှန်ကန်မှ ကြိုးစားခြင်းဟာ အဓိပ္ပါယ်ရှိပါမယ်။

credit to ရွှေမန္တလေးဂျာနယ်

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top