iMyanmarHouse.com - Best Property Website for Myanmar
×

Q 1: အပ်ိဳတကယ္ စစ္ပါတယ္ကို ဖတ္ၿပီးေတာ့ သမီးတို႔ မသိေသးတာေတြေတာင္ပါလို႔ ဗဟုသုတ ရပါတယ္။ ေက်းဇူး တင္ပါတယ္။ လူပ်ိဳတကယ္ စစ္ပါတယ္ ဆိုတာလဲ ဖတ္ခ်င္ပါတယ္။ ဘယ္လိုသိႏိုင္လဲ ေျဖေပးပါေနာ္။
2010/10/19
Q 2: သမီးတို႔ မိန္းခေလးေတြကို အပ်ိဳ စစ္-မစစ္ ကို ေဆးပညာအရ ၾကည့္လို႔ ရတယ္ဆိုရင္ ေယာက္က်ားေလးေတြ ကိုေရာ လူပ်ိဳ စစ္-မစစ္ ဘယ္လို ၾကည့္ရလဲ သိခ်င္ပါတယ္။

ခုေခတ္မွာ Communication ကို တကမာၻလံုးနဲ႔ အလြယ္ေလး လုပ္ေနၾကတာမို႔ ဘယ္သူေတြ ဘယ္လို ျမင္ၾကသလဲ- ထင္ၾကသလဲ သိဘို႔၊ ကိုယ္က ေျပာခ်င္တာ ေျပာဘို႔ဆိုတာ ပိုက္ဆံမကုန္ဘူး ေျပာရေလာက္ေအာင္ ေစ်းကလဲ ခ်ိဳလွတယ္။ “Male Virginity” အေၾကာင္း ေမးခြန္း တက္လိုက္ရင္ Taboo ဘဲလို႔ ေျဖတဲ့သူ မနည္းတာ ေတြ႔ရတယ္။

ေယာက္်ားေလး လူပ်ိဳ စစ္တယ္ မစစ္ဘူးက မိန္းကေလးေတြ အပ်ိဳ စစ္-မစစ္ေလာက္ ေျပာရ-စစ္ရာတာ မလြယ္ပါ။ သိပ္လဲ မသိခ်င္ၾကပါ။ သူကိုယ္တိုင္ဘဲ သိပါလိမ့္မယ္။ ဘက္လိုက္ေျပာတယ္လို႔ မထင္ပါနဲ႔။ အခု အေမးေတြကလဲ ေဆးပညာ-ဗဟုသုတ သိခ်င္ၾကလို႔နဲ႔ တူပါတယ္။ သတို႔သမီးေလာင္းက ေမးလာရင္ေတာ့ “သံသယ အက်ိဳး ခံစားထိုက္တယ္” လို႔ဘဲ ဆရာ၀န္က ေျပာရမွာပါ။

မိန္းမနဲ႔ စပ္ယွက္ဘူးလို႔ က်ားအဂၤါမွာ ထူးျပီး ေျပာင္းလဲသြားတာ မျမင္ႏိုင္ပါ။ တျခား ဘယ္ေနရာေတြမွလဲ မေျပာင္းလဲပါ။ သစၥာေရ ေသာက္ခိုင္းၾကမလား မသိပါ။ တရားသူၾကီးေတြလဲ က်မ္းက်ိန္တာ လက္ခံတယ္။ ဆရာ၀န္လဲ ေရွ႕ေနလိုဘဲ မွားႏိုင္ပါတယ္။

လူ႔အသိုင္းအ၀ိုင္းမွာ တန္ဘိုးထားမႈေတြ မတူၾကဘူး မဟုတ္ပါလား။ ကိုယ့္ဇနီး၊ ကိုယ့္ခင္ပြန္းကို ဘယ္သူ႔ကိုမွ မေပးဘူးတဲ့၊ ေပးလဲမရတဲ့၊ လက္ေဆာင္မြန္ ဆိုတာ Virginity သာရွိတယ္လို႔ လက္ခံၾကတာလဲ ရွိတယ္။ စာတပုဒ္မွာ ေရးဘူးလိုက္သလို “က်မ ေကာလိပ္ သြားရေတာ့မယ္၊ အပ်ိဳဘ၀နဲ႔ေတာ့ မသြားခ်င္ဘူး” လို႔ မင္းသမီးငယ္က ေျပာတာလဲ ရွိေသးတယ္။

ေယာက္်ား လိင္အဂၤါမွာ Frenulum ဆိုတာ ရွိတယ္။ အေပၚဖံုးအေရျပားနဲ႔ အထဲက လိင္တံ ေအာက္ေျခမွာ တြယ္ေနတဲ့ အလည္ေခါင္ တည့္တည့္က ေနရာေလး ျဖစ္တယ္။ Frenulum ကြာသြားရင္ အေတာ္ နာတယ္။ ဒါဟာ မိန္းကေလး အပ်ိဳေျမွး ေပါက္သြားတာနဲ႔ ယွဥ္ၾကည့္ ႏိုင္ေလာက္ပါတယ္။ ဘာလို႔ ကြာရသလဲ။ ပဌမဆံုးအၾကိမ္ မိန္းမနဲ႔ ေနလိုက္ရင္ နာပါမယ္။ “ဒါဆို သိႏိုင္ျပီေပါ့” “လို႔ မထင္လိုက္ပါနဲ႔။”

ဒါၾကည့္ျပီး လူပ်ိဳ မဟုတ္ေတာ့ဘူး ေျပာဘို႔ အခြင့္အလမ္း အင္မတန္ နည္းပါးလွတယ္။ ေယာက္်ားေလးေတြကို ျပဳစု ပ်ိဳးေထာင္မႈက မိန္းကေလးေတြေလာက္ မတင္းၾကပ္ဘူး မဟုတ္လား။ ပါတ္၀န္းက်င္ကလဲ ကြာေသးတယ္။ လူငယ္ဘ၀ လက္နဲ႔ ကစားတာက ရာႏွဳန္းျပည့္ဘဲလို႔ ေျပာရင္ နဲနဲဘဲ ပိုမယ္။ သူ႔ဖါသူ လက္နဲ႔ ကစားရင္းျဖစ္ျဖစ္၊ ခိုက္မိတာျဖစ္ျဖစ္၊ (မာစတာေဘးရွင္း) လုပ္လို႔ ျဖစ္ျဖစ္ အဲလို ျဖစ္သြားတယ္။ သမီးရည္းစားေတာင္မွ မရွိေသးခင္ ျဖစ္ေနႏိုင္တယ္။

သူမ်ား ႏိုင္ငံေတြရဲ႕ တန္ဘိုးထားမႈေတြကို ေဘးခ်ိတ္ ထားပါမယ္။ လူမႈေရးဘာသာရပ္လဲ ျဖစ္လို႔ပါ။ ေဆးပညာကိုသာ ေရးပါမယ္။ “ျမန္မာ ေယာက္်ားေလးေတြ ဘယ္လိုနည္းနဲ႔ လူပ်ိဳရည္ ပ်က္ၾကတာ မ်ားသလဲ။” လူပ်ိဳေလးေတြဟာ အရြယ္ နဲနဲ ပိုၾကီးသူေတြ၊ အနီးအနား ရွိသူေတြနဲ႔ ေပါင္းသင္းေလ့ရွိတယ္။ မတုျမင္ အတတ္သင္ၾကတယ္။ စကားအဆန္းေတြ နားေထာင္ေလ့ ရွိၾကတယ္။ အားက်ေလ့ ရွိၾကတယ္။

လူပ်ိဳေပါက္မွာ ေဟာ္မုန္းေတြကလဲ တန္ခိုးျပ စိတ္ကလဲ ထၾကြလာျပီး၊ “ေသာင္းက်န္းသူ” ဆိုတာ သူတို႔မွ အစစ္။ လူပ်ိဳျဖစ္-က်ဴရွင္ ယူခ်င္ၾကတယ္။ သင္တဲ့လူေတြကလဲ လက္ေတြ႔နည္းကိုပါ အခမဲ့ေပးၾကတယ္။ ေစ်းေပါေပါ၊ ခပ္လြယ္လြယ္ “၀ယ္စားလို႔ ရတာမ်ိဳး” နဲ႔ ကြင္းဆင္းေစတယ္။ ေနာက္မွ ဆီးေအာင့္၊ ဆီးပူ၊ ပန္းအဖ်ားမွာ အနာေပါက္ရင္ ေဆးမီးတို ေပးအံုးမယ္။ တကယ္လို႔ ပြဲမ၀င္ ျပင္က်င့္ မဂၤလာေဆာင္ခါနီးမွ အနီးကပ္ သင္တန္းတက္ရင္ “သတို႔သမီး ေဆးမီးတိုနဲ႔ မရပါ။” ဒါေတြ ျပင္ၾကပါ။ အဲဒီၾကမွ လူပ်ိဳ-မစစ္တာ ေပၚမယ္။

၂၀၁၀ ဇူလိုင္ ၂ ရက္ေန႔က (CBS/AP) သတင္းမွာ သိပ္ထူးျခားတာတခု ဖတ္ရလိမ့္မယ္။ ဗီယက္နမ္မွာ တိုင္းရင္း-ရိုးရာ ေဆးနည္းနဲ႔ တရားခံ ၃ ေယာက္ကို စမ္းသပ္စစ္ေဆးျပီး “ဒီလူေတြဟာ တခါမွ မိန္းမနဲ႔ မဆက္ဆံဘူးသူေတြ ျဖစ္တယ္” လို႔ ထြက္ဆိုပါသတဲ့။ တရားခံေတြဟာ အသက္ ၂၀ အမ်ိဳးသမီးတေယာက္ကို Gang-rape အုပ္စုလိုက္ မတရားက်င့္မႈနဲ႔ ေထာင္ထဲမွာ ၁၀ ႏွစ္ေနထားျပီး သူေတြပါ။ ေယာက္်ားေတြရဲ႕ နား ေနာက္ဖက္မွာ အနီစက္ေလးေတြကို စမ္းေတြ႔ရင္ လူပ်ိဳတဲ့၊ (ေဂး) ဆိုရင္ေတာ့ မသိဘူးတဲ့။ ဖါသာ-အာသာေျဖဘူးတာလဲ စမ္းမသိႏိုင္ဘူးလို႔ ဆရာမၾကီး Pham Thi Hong က ေျပာတာ ျဖစ္ပါတယ္။ ကမာၻမွာ ပဌမဆံုး Male Virginity Test စမ္းသပ္နည္း ျဖစ္ပါမယ္။ “ဒီနည္းက မမွန္ႏိုင္ပါဘူး” လို႔ ေျပာၾကပါတာမွာ ဆရာ၀န္ေတြသာမက သူ႔ထက္ ၀ါရင့္ တိုင္းရင္းဆရာေတြလဲ ပါတယ္။ တရားခံေတြ မလြတ္ၾကပါ။

နားေနာက္ Chickenpox ေပါက္ေနရင္ေတာ့ အံက်ေပါ့။


Credit:Dr. တင့္ေဆြ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Q 1: အပျိုတကယ် စစ်ပါတယ်ကို ဖတ်ပြီးတော့ သမီးတို့ မသိသေးတာတွေတောင်ပါလို့ ဗဟုသုတ ရပါတယ်။ ကျေးဇူး တင်ပါတယ်။ လူပျိုတကယ် စစ်ပါတယ် ဆိုတာလဲ ဖတ်ချင်ပါတယ်။ ဘယ်လိုသိနိုင်လဲ ဖြေပေးပါနော်။
2010/10/19
Q 2: သမီးတို့ မိန်းခလေးတွေကို အပျို စစ်-မစစ် ကို ဆေးပညာအရ ကြည့်လို့ ရတယ်ဆိုရင် ယောက်ကျားလေးတွေ ကိုရော လူပျို စစ်-မစစ် ဘယ်လို ကြည့်ရလဲ သိချင်ပါတယ်။

ခုခေတ်မှာ Communication ကို တကမ္ဘာလုံးနဲ့ အလွယ်လေး လုပ်နေကြတာမို့ ဘယ်သူတွေ ဘယ်လို မြင်ကြသလဲ- ထင်ကြသလဲ သိဘို့၊ ကိုယ်က ပြောချင်တာ ပြောဘို့ဆိုတာ ပိုက်ဆံမကုန်ဘူး ပြောရလောက်အောင် ဈေးကလဲ ချိုလှတယ်။ “Male Virginity” အကြောင်း မေးခွန်း တက်လိုက်ရင် Taboo ဘဲလို့ ဖြေတဲ့သူ မနည်းတာ တွေ့ရတယ်။

ယောက်ျားလေး လူပျို စစ်တယ် မစစ်ဘူးက မိန်းကလေးတွေ အပျို စစ်-မစစ်လောက် ပြောရ-စစ်ရာတာ မလွယ်ပါ။ သိပ်လဲ မသိချင်ကြပါ။ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ ဘက်လိုက်ပြောတယ်လို့ မထင်ပါနဲ့။ အခု အမေးတွေကလဲ ဆေးပညာ-ဗဟုသုတ သိချင်ကြလို့နဲ့ တူပါတယ်။ သတို့သမီးလောင်းက မေးလာရင်တော့ “သံသယ အကျိုး ခံစားထိုက်တယ်” လို့ဘဲ ဆရာဝန်က ပြောရမှာပါ။

မိန်းမနဲ့ စပ်ယှက်ဘူးလို့ ကျားအင်္ဂါမှာ ထူးပြီး ပြောင်းလဲသွားတာ မမြင်နိုင်ပါ။ တခြား ဘယ်နေရာတွေမှလဲ မပြောင်းလဲပါ။ သစ္စာရေ သောက်ခိုင်းကြမလား မသိပါ။ တရားသူကြီးတွေလဲ ကျမ်းကျိန်တာ လက်ခံတယ်။ ဆရာဝန်လဲ ရှေ့နေလိုဘဲ မှားနိုင်ပါတယ်။

လူ့အသိုင်းအဝိုင်းမှာ တန်ဘိုးထားမှုတွေ မတူကြဘူး မဟုတ်ပါလား။ ကိုယ့်ဇနီး၊ ကိုယ့်ခင်ပွန်းကို ဘယ်သူ့ကိုမှ မပေးဘူးတဲ့၊ ပေးလဲမရတဲ့၊ လက်ဆောင်မွန် ဆိုတာ Virginity သာရှိတယ်လို့ လက်ခံကြတာလဲ ရှိတယ်။ စာတပုဒ်မှာ ရေးဘူးလိုက်သလို “ကျမ ကောလိပ် သွားရတော့မယ်၊ အပျိုဘဝနဲ့တော့ မသွားချင်ဘူး” လို့ မင်းသမီးငယ်က ပြောတာလဲ ရှိသေးတယ်။

ယောက်ျား လိင်အင်္ဂါမှာ Frenulum ဆိုတာ ရှိတယ်။ အပေါ်ဖုံးအရေပြားနဲ့ အထဲက လိင်တံ အောက်ခြေမှာ တွယ်နေတဲ့ အလည်ခေါင် တည့်တည့်က နေရာလေး ဖြစ်တယ်။ Frenulum ကွာသွားရင် အတော် နာတယ်။ ဒါဟာ မိန်းကလေး အပျိုမြှေး ပေါက်သွားတာနဲ့ ယှဉ်ကြည့် နိုင်လောက်ပါတယ်။ ဘာလို့ ကွာရသလဲ။ ပဌမဆုံးအကြိမ် မိန်းမနဲ့ နေလိုက်ရင် နာပါမယ်။ “ဒါဆို သိနိုင်ပြီပေါ့” “လို့ မထင်လိုက်ပါနဲ့။”

ဒါကြည့်ပြီး လူပျို မဟုတ်တော့ဘူး ပြောဘို့ အခွင့်အလမ်း အင်မတန် နည်းပါးလှတယ်။ ယောက်ျားလေးတွေကို ပြုစု ပျိုးထောင်မှုက မိန်းကလေးတွေလောက် မတင်းကြပ်ဘူး မဟုတ်လား။ ပါတ်ဝန်းကျင်ကလဲ ကွာသေးတယ်။ လူငယ်ဘ၀ လက်နဲ့ ကစားတာက ရာနှုန်းပြည့်ဘဲလို့ ပြောရင် နဲနဲဘဲ ပိုမယ်။ သူ့ဖါသူ လက်နဲ့ ကစားရင်းဖြစ်ဖြစ်၊ ခိုက်မိတာဖြစ်ဖြစ်၊ (မာစတာဘေးရှင်း) လုပ်လို့ ဖြစ်ဖြစ် အဲလို ဖြစ်သွားတယ်။ သမီးရည်းစားတောင်မှ မရှိသေးခင် ဖြစ်နေနိုင်တယ်။

သူများ နိုင်ငံတွေရဲ့ တန်ဘိုးထားမှုတွေကို ဘေးချိတ် ထားပါမယ်။ လူမှုရေးဘာသာရပ်လဲ ဖြစ်လို့ပါ။ ဆေးပညာကိုသာ ရေးပါမယ်။ “မြန်မာ ယောက်ျားလေးတွေ ဘယ်လိုနည်းနဲ့ လူပျိုရည် ပျက်ကြတာ များသလဲ။” လူပျိုလေးတွေဟာ အရွယ် နဲနဲ ပိုကြီးသူတွေ၊ အနီးအနား ရှိသူတွေနဲ့ ပေါင်းသင်းလေ့ရှိတယ်။ မတုမြင် အတတ်သင်ကြတယ်။ စကားအဆန်းတွေ နားထောင်လေ့ ရှိကြတယ်။ အားကျလေ့ ရှိကြတယ်။

လူပျိုပေါက်မှာ ဟော်မုန်းတွေကလဲ တန်ခိုးပြ စိတ်ကလဲ ထကြွလာပြီး၊ “သောင်းကျန်းသူ” ဆိုတာ သူတို့မှ အစစ်။ လူပျိုဖြစ်-ကျူရှင် ယူချင်ကြတယ်။ သင်တဲ့လူတွေကလဲ လက်တွေ့နည်းကိုပါ အခမဲ့ပေးကြတယ်။ ဈေးပေါပေါ၊ ခပ်လွယ်လွယ် “ဝယ်စားလို့ ရတာမျိုး” နဲ့ ကွင်းဆင်းစေတယ်။ နောက်မှ ဆီးအောင့်၊ ဆီးပူ၊ ပန်းအဖျားမှာ အနာပေါက်ရင် ဆေးမီးတို ပေးအုံးမယ်။ တကယ်လို့ ပွဲမဝင် ပြင်ကျင့် မင်္ဂလာဆောင်ခါနီးမှ အနီးကပ် သင်တန်းတက်ရင် “သတို့သမီး ဆေးမီးတိုနဲ့ မရပါ။” ဒါတွေ ပြင်ကြပါ။ အဲဒီကြမှ လူပျို-မစစ်တာ ပေါ်မယ်။

၂၀၁၀ ဇူလိုင် ၂ ရက်နေ့က (CBS/AP) သတင်းမှာ သိပ်ထူးခြားတာတခု ဖတ်ရလိမ့်မယ်။ ဗီယက်နမ်မှာ တိုင်းရင်း-ရိုးရာ ဆေးနည်းနဲ့ တရားခံ ၃ ယောက်ကို စမ်းသပ်စစ်ဆေးပြီး “ဒီလူတွေဟာ တခါမှ မိန်းမနဲ့ မဆက်ဆံဘူးသူတွေ ဖြစ်တယ်” လို့ ထွက်ဆိုပါသတဲ့။ တရားခံတွေဟာ အသက် ၂၀ အမျိုးသမီးတယောက်ကို Gang-rape အုပ်စုလိုက် မတရားကျင့်မှုနဲ့ ထောင်ထဲမှာ ၁၀ နှစ်နေထားပြီး သူတွေပါ။ ယောက်ျားတွေရဲ့ နား နောက်ဖက်မှာ အနီစက်လေးတွေကို စမ်းတွေ့ရင် လူပျိုတဲ့၊ (ဂေး) ဆိုရင်တော့ မသိဘူးတဲ့။ ဖါသာ-အာသာဖြေဘူးတာလဲ စမ်းမသိနိုင်ဘူးလို့ ဆရာမကြီး Pham Thi Hong က ပြောတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ ပဌမဆုံး Male Virginity Test စမ်းသပ်နည်း ဖြစ်ပါမယ်။ “ဒီနည်းက မမှန်နိုင်ပါဘူး” လို့ ပြောကြပါတာမှာ ဆရာဝန်တွေသာမက သူ့ထက် ဝါရင့် တိုင်းရင်းဆရာတွေလဲ ပါတယ်။ တရားခံတွေ မလွတ်ကြပါ။

နားနောက် Chickenpox ပေါက်နေရင်တော့ အံကျပေါ့။


Credit:Dr. တင့်ဆွေ



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top