iMyanmarHouse.com - Best Property Website for Myanmar
×











ဒန်းပင်ဆိုတာဟာ အာယုဗေဒ ဆေးပညာမှာသာမက တိုင်းရင်းသား လူမျိုးအချို့မှာ ရိုးရာအလှအပအတွက် အရေပြားပေါ်မှာ ရေးဆွဲကြရာမှာ အသုံးပြုတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။
 ဒါပေမယ့် ဆံပင်သန်စွမ်း ကျန်းမာဖို့ အတွက်လည်း အသုံးပြုနိုင်တယ်ဆို တာတော့
 လူသိနည်းနေပါသေး တယ်။

ဒန်းပင်ရဲ့ ကောင်းကျိုးထဲမှာ အသိသာဆုံးကတော့ သဘာဝဆံပင် ပျော့ ဆေးအဖြစ် အသုံးပြုနိုင်ခြင်းပါပဲ။ ပျက်စီးနေတဲ့ဆံပင်ကို ပိုင်ဆိုင်သူများ အနေနဲ့ သဘာဝခေါင်းလျှော်ရည်တွေ မှာ ဒန်းပင်ကိုထည့်သွင်းလိုက်ရင် မူလအတိုင်း ကျန်းမာတဲ့ဆံပင်သားကို ရရှိနိုင်ပါတယ်။
 ဒါ့အပြင် ဦးရေပြားရဲ့ အက်စစ်-အယ်ကာလီမျှချေကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။

မှိုပိုးနဲ့ ဘက်တီးရီးယားတွေကို သေစေတဲ့အတွက် ဗောက်ပျောက်စေ တဲ့ အာနိသင်ကိုလည်း ဒန်းပင်မှာတွေ့ ရပါတယ်။ ခေါင်းလျှော်တဲ့အခါ အသုံးပြုပေးမယ်ဆိုရင် ဦးရေပြားသာ မက ဆံပင်သားတွေကိုပါ သန့်ရှင်းစေ ခြင်း၊ တောက်ပစေခြင်း၊ ဆံပင်လုံး ကြီးစေခြင်းတွေကိုလည်း ရရှိခံစားရမှာ ဖြစ်ပါတယ်။ ဒန်းပင်ကရတဲ့ သဘာဝ ခေါင်းလျှော်ရည်သာမက သူ့ကိုထည့် သွင်းဖော်စပ်ထားတဲ့ ရှန်ပူတွေနဲ့ ပုံမှန်ခေါင်းလျှော်ပေးမယ်ဆိုရင် ဆံပင် သားမှာ ဒန်းပင် (henna coating)အလွှာတစ်ခု ပုံမှန်ရှိနေတဲ့အတွက် ဆံပင်သားရဲ့ ဖွဲ့စည်းမှုကို မပျက်စီးစေ ဘဲ နက်မှောင်သန်စွမ်းစေနိုင်ပါတယ်။

ဒါ့အပြင် ဆေးဖက်ဝင်အာနိသင် အနေနဲ့ ဒန်းပင်ထွက်ပစ္စည်းတွေဟာ သွေးတွင်းအချိုဓာတ်နဲ့ အဆီဓာတ် တွေကို ကျဆင်းစေနိုင်ပါတယ်။ တီဘီ ကိုဖြစ်ပွားစေတဲ့ ဘက်တီးရီးယားကို လည်း သေစေနိုင်ပါတယ်။ အသည်း ကိုပျက်စီးစေတဲ့ ကာဗွန်တက်ထရာ ကလိုရိုက်ကိုလည်း တားဆီးပေးနိုင်ပါ တယ်။ အရေပြား အပူလောင်တာတွေ ကိုလည်း ဒန်းပင်ကရတဲ့အစေးက သက်သာစေတယ်လို့ သိရပါတယ်။

Credit : Health Updates Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top