iMyanmarHouse.com - Best Property Website for Myanmar
×










တခါတုန်းက စိတ်တိုတတ်တဲ့ကောင်လေးတယောက်ရှိတယ်တဲ့။တစ်နေ့မှာသူ့အဖေကသူ့ကိုသံထုပ်
တစ်ထုပ်ပေးပြီး ´သားရေမင်းတစ်ခါစိတ်ဆိုးတိုင်း နောက်ဖေးက၀င်းထရံတိုင်မှာသံတစ်ချောင်းသွားရိုက်ချေ´ လို့ပြောသတဲ့။

ပထမနေ့မှာတင် သံ ၃၇ချောင်း ၀င်းထရံတိုင်မှာရိုက်ဖြစ်သွားသတဲ့။ အဲလိုနဲ့ သူစိတ်တို၊ဒေါသဖြစ်တိုင်း
ဝင်းထရံတိုင်မှာရိုက်ရင်း သူ့စိတ်ကိုသူထိန်းနိုင်ခဲ့တယ်။ သံရိုက်ချက်တွေကလည်း ကျဲကျဲလာတော့တယ်တဲ့လေ။


အဆုံးမှာတော့ ကောင်လေးဟာ လုံးဝကိုစိတ်မတိုတော့၊ဒေါသမထွက်တော့ဘဲ နေနိုင်တဲ့နေ့ကိုရောက်
လာပါတော့တယ်။ ပြီး သူ့ဖခင်ကိုအပြေးကလေးနဲ့ ´အဖေရေသားတော့စိတ်ကိုထိန်းနိုင်ပြီဗျ` လို့ပြောပြသတဲ့။

သူ့အဖေကနောက်တမျိုးခိုင်းပြန်ပါတယ်။ ´မင်းစိတ်ထဲဒေါသမဖြစ်အောင်ထိန်းနိုင်ပြီဆိုရင် သားရေ ရိုက်
ထားတဲ့သံလေးတွေကိုပြန်နှုတ်လိုက်ပါဦးကွာ။ တစ်နေ့တစ်ချောင်းကျပေါ့`လို့ပြောပြန်သတဲ့။
အဲလိုနဲ့ရက်တွေကြာလာတဲ့အခါ သူ့အဖေကို `အဖေရေ သားရိုက်ခဲ့တဲ့သံတွေ ကုန်အောင်နှုတ်ပြီးပါပြီ` လို့ပြောပြန်သတဲ့လေ။

ထိုအခါမှာဖခင်က သူ့သားကိုဝင်းထရံရှေ့ခေါ်သွားပြီး `တော်တယ်သား၊ ဒါပေမယ့်သေချာကြည့်လိုက်
စမ်းပါသားရေ၊ ၀င်းထရံတိုင်မှာအပေါက်တွေ ဖြစ်ကျန်ခဲ့တယ်မဟုတ်လား။ အရင်က၀င်းတိုင်ကချောချောလေး
ပါသား၊ ခုတော့အရင်လိုမချောမွေ့တော့ဘူးလေ၊ အဲလိုပါပဲ သားကစိတ်တိုတိုင်း ဒေါသဖြစ်ဖြစ်နဲ့ သူတပါးကိုပါးစပ်နဲ့ တစ်လုံးပြောချလိုက်တိုင်း ၀င်းထရံနဲ့တူတဲ့သူတပါးမှာ အခုလိုပဲ
 အမာရွတ်တွေ ထင်ကျန်ရစ်တယ်။

ဒီလိုပါပဲ သူတယောက်ကို သားကဓားနဲ့ထိုးပြီး ပြန်နှုတ်လိုက်ကာတောင်းပန်သော်လည်း ဒဏ်ရာကတော့
ကျန်နေမှာပါပဲသား။ ထိုနည်းတူစွာပါပဲ နှုတ်နဲ့သူတပါးကို ထိုးနှက်တဲ့အခါမှာလည်း ဓားနဲ့ထိုးသလိုပဲ အနာတရဖြစ်တတ်၊ အမာရွတ်ကျန်နေတတ်စမြဲပဲ သား ´လို့ သားကိုဆုံးမသတဲ့ကွယ်......

credit to ပညာပေးသောကမ္ဘာကျော်စကားလုံးများ
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top