iMyanmarHouse.com - Best Property Website for Myanmar
×











တစ်ချိန်က လူငယ်ပရိသတ်များအကြား နာမည်ကျော်ထင်ရှားခဲ့သည့်Irish တေးဂီတ အဖွဲ့ Westlifeအနေဖြင့် တစ်ချိန်ချိန်တွင် ပြန်လည်ပေါင်းစည်းနိုင်ဖွယ်ရှိကြောင်း ၄င်းအဖွဲ့ မှ အဖွဲ့ဝင် Brian McFadden က ထုတ်ဖော်ပြောကြားခဲ့သည်။

Westlife အဖွဲ့ ပြန်လည်ပေါင်းစည်းရေးနှင့်ပတ်သက်ပြီး ''ကျွန်တော်တို့အဖွဲ့ တစ်ချိန်ချိန်မှာ ပြန်ပေါင်းမှာပါ၊ ‘ဒါဟာအပြောမဟုတ်ပါဘူး၊ အဲဒီအချိန်တွေတုန်းက ကျွန်တော်တို့အားလုံးဟာ ကိုယ်စီရဲ့ ဘဝတွေနဲ့ တစ်ဦးချင်းစီရဲ့ အောင်မြင်မှုကို အာရုံထား ခဲ့ကြတဲ့အတွက် အခုလိုဖြစ်ခဲ့ရတာပါ''ဟု ဆက်လက်ပြောကြားခဲ့သည်။

၂ဝဝ၄ ခုနှစ်တွင် အဆိုပါ Westlife အဖွဲ့မှ အဖွဲ့ဝင် McFadden မိသားစုနှင့် ကလေးများအတွက်ဟုဆိုကာ အဖွဲ့မှစတင်ထွက်ခွာခဲ့ပြီး ယင်းအဖွဲ့မှာ ကျန်အဖွဲ့ဝင်လေးဦး နှင့်သာ ဆက်လက်ရပ်တည်ခဲ့သည်။

Westlife အဖွဲ့ကို ၁၉၉၈ တွင် အဖွဲ့ဝင်ငါးဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး စတူဒီယို အယ်လ်ဘမ်၊ တစ်ကိုယ်တော် အယ်လ်ဘမ်၊ ဗီဒီယိုများနှင့် အယ်လ်ဘမ်ပေါင်းချုပ်များ အပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် အချပ်ရေပေါင်း ၄၅ သန်းရောင်းချခဲ့ရပြီး ဗြိတိန်တွင် ရောင်းအားအကောင်းဆုံးထိပ်တန်းအဖြစ် ၁၄ ကြိမ်ရပ်တည်နိုင်ခဲ့သည်။Westlife အဖွဲ့၏ နောက်ဆုံးဖျော်ဖြေပွဲအနေဖြင့် ၂ဝ၁၂ ခုနှစ် ဇွန် ၂၃ ရက်က အိုင်ယာလန်၌ ဖျော်ဖြေခဲ့ပြီး အဖွဲ့ကွဲသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


Credit: myanmaalinn 

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top