iMyanmarHouse.com - Best Property Website for Myanmar
×














အသားအရေ ဘယ်လောက်ပဲ ဂရုစိုက်တဲ့သူဖြစ်ပါစေ…. အရွယ်အလိုက် ထွက်လာတဲ့ ဝက်ခြံတွေ၊ ထိရှမိလို့ပဲဖြစ်ဖြစ် အမာရွက်ကတော့ ရှိနေမှာပဲ ဖြစ်ပါတယ်။ ဒီလိုအမာရွက်တွေက အသားအရေ (မျက်နှာ) ကို လှသင့်သလောက်မလှပဲ ဖြစ်စေနိုင်တဲ့အတွက် အောက်မှဖော်ပြတဲ့နည်းလမ်းတွေကို အသုံးပြုရင်း အမာရွက်ထင်ပေါ်မှုကိုလျော့ချကြရအောင်။

စိတ်ရှည်ပါ။

ထိရှလို့အမာရွက်ဖြစ်လာတဲ့နေရာတွေဟာ ထိကိုင်လို့မရသေးခင်အထိတော့ အကုန်သက်သာအောင် စောင့်ဆိုင်းပေးဖို့ အချိန်လိုအပ်ပါတယ်။ အဲဒါကြောင့် စိတ်ရှည်ရှည်နဲ့ အနာကျက်တဲ့အထိ aစာင့်ဆိုင်းပြီးမှသာ ကျန်နေတဲ့ အမာရွက်ကို ကုသဖို့ စတင်သင့်ပါတယ်။

ကာကွယ်ဖို့အတွက် နေလောင်ခံခရမ်ကို အသုံးပြုပါ။

နေရောင်တိုက်ရိုက်ထိတွေ့ခြင်းက အရေပြားကို အမာရွက်ပေါ်လွင်မှုကိုလည်း ပိုမိုဆိုးရွားစေပါတယ်။ အမာရွက်ပေါ်မှာရှိတဲ့ ဆဲလ်တွေဟာ နုပြီး အရောင်ထုတ်နိုင်မှုအား ပိုကောင်းတဲ့အတွက် နေရောင်က အမာရွက်နေရာကို ပထမဦးဆုံး ဖျက်စီးစေတတ်ပါတယ်။ နေ့စဉ် သင့်အမာရွက်အပေါ်ကို နေလောင်ခံအား ၃၀ လောက်ရှိတဲ့ခရမ်ကို လိမ်းပေးရန် လိုအပ်ပါတယ်။

အာနိသင်နည်းပြီးအသားအရေတွေကို ထိန်းသိမ်းတဲ့ လိမ်းဆေးကိုသာ အသုံးပြုပါ။

အလှပြင်ပစ္စည်းတွေမှာပါတဲ့ အက်ဆစ်ဓါတ်တွေက အမာရွက်ကို ပိုကျယ်လာအောင် လုပ်နိုင်တဲ့အတွက် အာနိသင်အနည်းငယ်သာရှိတဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ်အသုံးပြုလိုက်ပါ။ ဥပမာ- ရေဓါတ်ဖြည့်ပေးတဲ့ မျက်နှာလိမ်းခရမ်တွေကို ရွေးချယ်နိုင်ပါတယ်။

ဆဲလ်လှုပ်ရှားမှုမြှင့်တင်ပေးတဲ့အလှကုန်တွေကို အသုံးပြုပါ။

ဆဲလ်လှုပ်ရှားမှုမြန်ဆန်လာပြီး ခွက်နေတဲ့အမာရွက်တွေကို အသားဖြည့်ပေးမှာ ဖြစ်ပြီး နီနေတဲ့အကွက်တွေကို လျော့ချပေးမှာပဲဖြစ်ပါတယ်။

သတ္တုတွေနဲ့ပြုလုပ်ထားတဲ့ မိတ်ကပ်တွေကို လိမ်းချယ်ပါ။

ကွန်ဆီလာတွေကို အသုံးပြုပြီး အမာရွက်အကွက်တွေကို ဖုံးအုပ်ထားဖို့ဆိုတာ အမြဲတမ်းအတွက် မဖြစ်နိုင်ပါဘူး။ သတ္တုနဲ့ပြုလုပ်ထားတဲ့ အလှကုန်မိတ်ကပ်တွေက အမာရွက်ကို ဖုံးအုပ်နိုင်ပါတယ်။ ပြီးတော့ အရေပြားချောမွတ်စေတဲ့အတွက် ရွေးချယ်အသုံးပြုသင့်ပါတယ်။

ကျွမ်းကျင်သူတွေထံမှ အကူအညီရယူပါ။

ဒေသခံဆေးဆရာဝန်တွေနဲ့တိုင်ပင်ရင် အကောင်းဆုံးအဖြေကို သူတို့မပေးဘူးဆိုရင်တောင်မှ ဇွဲမလျော့ပါနဲ့။ လက်တွေ့ကုသပေးတဲ့ဆရာဝန်တွေဆီပြပြီး လိမ်းဆေးတွေရယူပါ။ ဒီလိုလိမ်းဆေးတွေက အမာရွက်ပြန်ယောင်လာခြင်းနဲ့ နီမြန်းခြင်းတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့အတွက် အမာရွက်အရွယ်အစားပိုပြီး သေးငယ်စေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top