iMyanmarHouse.com - Best Property Website for Myanmar
×











အဆီက ကျွန်မတို့ကို နွေးထွေးစေပါတယ်။ ဒါပေမယ့် များလွန်းတော့လည်း မကောင်းပါဘူး။ ခါးကအဆီပိုတွေကို ချချင်ရင်တော့ အောက်ဖော်ပြပါ အစားအစာလေးတွေကို စားပေးပါ။

၁။ဗာဒံစေ့(Almond)

ကျွမ်းကျင်သူတွေကတော့ အဆီချဖို့အတွက်ဆိုရင် ဗာဒံစေ့ကို ညွှန်းကြပါတယ်။ ဗာဒံမှာ အသားဓာတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင်၊ မင်နရယ်တွေ ပါဝင်တယ်လေ။ ဒါတွေက အဆီတွေ လောင်ကျွမ်းတဲ့နေရာမှာ ကူညီပေးပါတယ်။

၂။ပဲအမျိုးမျိုး (Beans)

ပဲကတော့ အကောင်းဆုံးပါပဲ။ အသားဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပါတယ်။ အဆီတွေ ခြေဖျက်ဖို့ဆိုရင် ပဲစားသုံးပေးနိုင်ပါတယ်။

၃။သစ်သီးများ (Fruits)

သစ်သီးတွေကတော့ အဆီတွေခြေဖျက်ဖို့ အကောင်းဆုံးရလဒ်တွေ ပေးနိုင်ပါတယ်။ အဆာပြေစားတဲ့ မုန့်တွေအစား သစ်သီးတွေ စားပေးပါ။ အကောင်းဆုံး ရလဒ်တွေ သေချာပေါက် ပေးပါလိမ့်မယ်။

၎။ဂျုံစပါး (Oats)

သူ့မှာက အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒြိတ်ဓာတ်နဲ့ ဗီတာမင်ဘီ တွေ ပေါကြွယ်ဝတယ်လေ။ ပုံမှန်စားပေးခြင်းဖြင့် အားအင်ပြည့်ဝစေပါတယ်။

၅။သံလွင်ဆီ (Olive Oil)

သံလွင်ဆီမှာ ပါဝင်တဲ့အရာတွေက အဆာခံစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ချဖို့ဆိုရင် ရွေးချယ်စားသုံးသင့်တဲ့ အစာပါ။

၆။အရွက်များ (Vegetables)

ဟင်းရွက်တွေကတော့ အကောင်းဆုံးပါပဲ။ ခန္ဓာကိုယ်ထဲက အဆီတွေကို ချပေးဖို့ ကူညီကြပါတယ်။ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်နဲ့ မင်နရယ်ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ မျှမျှတတစားသုံပေးရုံနဲ့ လှပတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Credit : Gandawin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top