iMyanmarHouse.com - Best Property Website for Myanmar
×

အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ဇာတ်ကားတွေအထွက်ကျဲနေတယ်လို့ ပရိသတ်တွေ ထင်မြင် ယူဆနေတဲ့ သရုပ်ဆောင်နိုင်းနိုင်းဟာ ခုလတ်တလောမှာတော့ နိုင်ငံတော် ကားလေး တစ်ကား ဖြစ်တဲ့ အချိန်တိုင်း နေရာတိုင်း ဆိုတဲ့ကာလေးမှာ ရဲအုပ်ဘဒင်နေရာက ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရုံကြီးကားဖြစ်တဲ့ မဟာဆန်တဲ့မာယာမျက်နှာဖုံး ပတ်သတ်ပြီးတော့လဲ သူက “အဲ့ဒီကားလေးက တကယ်လဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အပြင်မှာ တကယ်ဖြစ်နေတဲ့ အရာတစ်ခုကို တကယ်ဖြစ်နေတဲ့နေရာမှာ သွားရိုက်ထားတာ ပရိသတ်တွေ စိတ်ဝင်စားကြမှာပါ။ အဓိက အဲ့ဒီကားလေးပေးချင်တဲ့ မက်ဆေ့ခ်ျက အဓိက ကျွန်တော်တို့မြန်မာနိုင်ငံမှာ အလုပ်သမားတွေ အလုပ်အကိုင် ခက်ခဲတဲ့အတွက် သူများနိုင်ငံတွေမှာ သွားသွားပြီး လုပ်ရတဲ့အချိန်မှာ အခြေခံအောက်ခြေ အလုပ်ပဲ လုပ်လို့ရလိမ့်မယ်။ ပညာနဲ့သွားမှသာလျှင် အလုပ်အကိုင် အခွင့်အလမ်းက ပိုကောင်းလိမ့်မယ်။ ဒီမှာက နိုင်ငံခြားဖြစ်ရင်ပြီးရောဆိုတဲ့ဟာက ဇာတ်လမ်းထဲမှာ မဟာဆန်တဲ့မာယာမျက်နှာဖုံးဆိုတာ အပြောနဲ့ အကြားသာ ကောင်းတာ။

တကယ်လက်တွေ့လုပ်နေတဲ့သူတွေအကုန်လုံးက ရှေ့မတိုးသာ နောက်မဆုတ်သာတွေဖြစ်ပြီး ပြန်ရင်လဲ ဘာလုပ်ရမလဲမသိ၊ ဆက်နေရင်လဲ ဒုက္ခရောက်ရင်ရောက် မဟုတ်ရင်လဲသေဆိုတော့ တခုခုဖြစ်မယ်ဆိုရင် ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးတွေကို ကာကွယ်ပေးမဲ့အဖွဲ့အစည်း ဥပဒေ အဲဒါတွေအကုန်လုံးက အဖက်ဖက်မှာ လိုအပ်ချက်တွေ နဲနဲလေးရှိနေတဲ့အတွက် အဲ့ဒါကို ပညာပေး သဘောမျိုးလေး ထည့်ရိုက်ထားတာလဲပါတယ်။ ကံကောင်းရင်တော့နေရာကောင်းကောင်းရမယ်။ ကံမကောင်းရင်တော့ တကယ့်ကို ဒုက္ခရောက်တဲ့နေရာတွေ ရောက်မယ်။ အဲ့လိုမျိုးတွေဆိုတော့ အခြေခံလူတန်းစားတွေရဲ့ စီးပွားရေးပြသနာ အခွင့်အလမ်းပြသနာလို့ထင်တယ်။ ဒီကားထဲက ကျွန်တော့ ကာရိုက်တာဆိုရင် စိန်ခေါ်တဲ့ဇာတ်ရုပ်လို့ပြောလို့ရတယ်။ အဲ့ဒီလူတန်းစားတွေရဲ့ နေရာကနေ ၀င်ရိုက်ထားတာဆိုတော့ လယ်လုပ်မဲ့အစား ငါတို့လယ်မလုပ်ပဲ ဟိုမှာသွားလုပ်ရင် ဘာဖြစ်မလဲဆိုတဲ့စွန့်စားမှုတစ်ခုနဲ့သွားတယ်။ အဲ့ဒီမှာ ပွဲစားတို့agent တို့နဲ့သွားတဲ့အခါမှာလဲ တချို့ကောင်းတဲ့ဟာရှိသလို မကောင်းတဲ့ဟာလဲရှိတယ်ဆိုတာကို မီးမောင်းထိုးပြထားတဲ့ကားလေးပါ”လို့ သူက ရှင်းပြပါတယ်။

မိသားစုနဲ့ပတ်သတ်ပြီးတော့လဲ ဒီနှစ်ကုန်ရင် မိသားစုဆီ ခဏပြန်ဦးမယ်လို့ သူကဖွင့်ဟထားပြီး ကလေးကိုတော့ လေးယောက်နဲ့ပဲ ကျေနပ်ပါပြီတဲ့။.

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top