iMyanmarHouse.com - Best Property Website for Myanmar
×












 မြူးဇစ်ရော၊ သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာရအောင် ကြိုးစားရပ်တည်လာခဲ့သူ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ ဆက်တိုက်ဆိုသလိုပါပဲ။ ဒါပေမယ့် သူ့ရဲ့အချစ်ရေးကတော့ ဘာဆိုဘာသံမှ မကြားရအောင်ကို ငြိမ်လွန်းလှတာမို့ ဘယ်သူနဲ့များလဲ ဆိုပြီး စိတ်ဝင်စားနေကြတဲ့ ပရိသတ်တွေအတွက် သူ့အချစ်ရေးကို မေးကြည့်တဲ့အခါ “အနုပညာကို အဓိက ထားပြီး လုပ်နေတဲ့တွက် အချစ်ရေးကို မဖြေချင်ဘူးပေါ့နော်။ ဒါပေမဲ့ အကြမ်းဖျင်း အားဖြင့် တော့ ကျွန်တော်ကိုယ်တိုင်လဲ လူသားတစ်ယောက်အနေနဲ့ ရည်းစားတွေ ထားဖူးတယ်။ တစ်ယောက်ကွဲဖူးတယ်။ ထပ်ထားတယ်။ ထပ်ကွဲဖူးတယ်။ သိပ်ပြီးတော့ ထူးထူးခြားခြား တွေလဲ မရှိခဲ့ဖူးပါဘူး။ ကျွန်တော့်အချစ်ရေးက အများသူငါလိုပဲ ထားခဲ့ဖူးတယ်။ ကွဲခဲ့ဖူးတယ်။ ဒါပါပဲ။ ထပ်ထားဖို့လဲ အစီအစဉ်ရှိပါတယ်။ တစ်သက်လုံး လူပျိုကြီးလုပ်မယ် ဆိုပြီးတော့လဲ မရည်ရွယ်ထားပါဘူး။ အခု လက်ရှိမျာတော့ အချစ်ရေးနဲ့ပတ်သတ်ပြီး ထုတ်ဖော် ကြေညာပြောပြစရာ ဘာမှမရှိသေးပါဘူး။ အချိန်ပြည့် ကျွန်တော်ရုပ်ရှင်ရိုက်တယ်။ ဂီတဖန်တီးတယ်။ ဒါနဲ့ပဲ ကျွန်တော့်အချိန်တွေကို ကုန်ဆုံးပါတယ်။ အချစ်ရးက ခုချိန်မှာ ပြောပြစရာ တစ်စွန်းတစ်စကို မရှိသေးတာပါ။ နောက် တစ်နှစ်နှစ်နှစ်ကျရင်တော့ အချစ်ရေးကို ပိုပြီး အာရုံစိုက်ကောင်း စိုက်လာနိုင်ပါတယ်”လို့ သူက ပြောပါတယ်။

ဂီတလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး၂၀၁၄ အကုန် ၂၀၁၅ အစလောက်မှာ အခွေသစ်တစ်ခွေ ပရိသတ်ကို ချပြပေးသွားမယ်လို့ ဆိုတဲ့သူက ဒိတ်ဒိတ်ကြဲအမ်တီဗီအကြောင်းကိုလည်း သူက “ ရှေ့အမ်တီဗီတွေတုန်းက ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်း ဒါရိုက်တာဇော်ကိုကိုရယ်ပဲ ရိုက်တာများပါတယ်။ ဒီတစ်ခေါက်မှာတော့ ခုလက်ရှိမှာ အောင်မြင်နေတဲ့ ဒါရိုက်တာတွေ တော်တော် များများနဲ့ ကျွန်တော်ရိုက်ထားပါတယ်။ ဒါရိုက်တာတွေ အများကြီးနဲ့ရိုက်ချက်ဆန်းဆန်းတွေကို မြင်ရမှာပါ။ ခုလက်ရှိမှာတော့ စိတ်တိုင်းမကျတဲ့ ၂ပုဒ်လောက်ကို ပြန်ရိုက်မှာမို့လို့ နည်းနည်းလောက် စောင့်ပေးပါဦးလို့ပရိသတ်ကို ပြောပြချင်ပါတယ်”တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top