iMyanmarHouse.com - Best Property Website for Myanmar
×

ဖက်ရှင်နဲ့ ပတ်သတ်ရင် အမြဲတမ်း အဆန်းတွေပဲ လုပ်ပြတတ်တဲ့ Lady Gaga ဟာ လူငယ် ဖက်ရှင်ဒီဇိုင်နာ တစ်ယောက် ရဲ့ collection တွေ အားလုံးကို ၀ယ်ယူလိုက်ပါတယ်။ Lady Gaga ဟာ Wilson PK လို့ အမည်ရတဲ့ လူငယ်ဒီဇိုင်နာလေးရဲ့ ဖန်တီးမှုတွေကို နယူးယော့ခ် မြို့တော် မှာ လုပ်ခဲ့တဲ့ ပြပွဲတစ်ခုမှာ စတင် သတိထားမိခဲ့တာ ဖြစ်ပါတယ်။

လူငယ် ဖက်ရှင်ဒီဇိုင်နာ Wilson PK ဖန်တီးထားတဲ့ metallic detailing တွေပါတဲ့ လိမ္မော်ရောင် Jumpsuit ကို Lady Gaga ဟာ တောင်ကိုရီးယားကိုသွားတဲ့ ခရီးစဉ်မှာ ၀တ်ဆင်ခဲ့ပြီး instagram မှာ လည်း အဲဒီဝတ်စုံ ၀တ်ဆင်ထားတဲ့ ဓါတ်ပုံကို တင်ခဲ့ပါတယ်။

လူငယ်ဒီဇိုင်နာ Wilson PK ဟာ လန်ဒန်မှာ ရှိတဲ့ Saint Martins ဖက်ရှင် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတိကတော့ ဟောင်ကောင်ဖြစ်ပါတယ်။ Lady Gaga ဟာ Alexander McQueen၊ Dolce & Gabbana ၊ Gucci၊ Fendi တံဆိပ်တွေ ကို ၀တ်ဆင်ခဲ့ပြီးတဲ့နောက် Wilson PK ရဲ့ collection တွေကို သူ့ရဲ့စတိုင်လ် တစ်ခုအဖြစ် စာရင်းသွင်းလိုက်ပါပြီ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top