iMyanmarHouse.com - Best Property Website for Myanmar
×









အထက်တန်းကျောင်းသားဟာ စိတ်ညစ်နေတာနဲ့ သူ့အဖွားဆီ ရင်ဖွင့်ပါတယ်။ ကျောင်းကပြဿနာတွေ၊ ကျန်းမာရေးချို့ယွင်းတာတွေ၊ ငွေကြေးပိုင်းဆိုင်ရာတွေ၊ ဆရာဆရာမတွေနဲ့ပက်သက်တဲ့ အဆင်မပြေမှုတွေကို ရင်ဖွင့်ပြီး နောက်ဆုံးတော့ အရာအားလုံးဟာ သူ့အပေါ်မကောင်းဘူးလို့ စိတ်ဓါတ်ကျနေပါသတဲ့။

ဒါနဲ့ အဖွားဟာ သူ့ကိုမီးဖိုထဲခေါ်သွးတယ် ပြီးတော့ ဟင်းချက်ဆီတွေကို ဇွန်းနဲ့ခပ်ပေးတယ် " သောက်ကြည့်မလား အရသာဘယ်လိုနေလဲလို့ပေါ့" သူ့မြေးကတော့ ခေါင်းခါတယ်။ ပြီးတော့ " အဘွားရယ် မသောက်လဲ အရသာမကောင်း မှန်းသိပါတယ် "

ပြီးတော့ သူ့အဖွားကပဲ ဂျုံမှုန့်တစ်ဇွန်းပေးတယ်။ စားကြည့်မလားပေါ့။ မြေးကလဲ ငြင်းလိုက်တယ်။ ဂျုံမှုန့်ကို အစိမ်းစားရင် အရသာကောင်းပါ့မလား။

နောက်တော့ အဖွားက မုန့်ဖုတ်ဆိုဒါပေးပြန်တယ်။ သူကလဲ ငြင်းလိုက်တယ်။ မုန့်ဖုတ်ဆိုဒါက အရမ်းခါးတာကို။

နောက်တော့အဘွားက အဲဒီပစ္စည်းတွေ အခြေခံပြီးတော့ အခြားပစ္စည်းတွေ ထပ်ထည့်ပြီးတော့ ကိတ်မုန့်တစ်လုံး ပြုလုပ်လိုက်ပါတော့တယ် ပြီးတော့
" ငါ့မြေး မင်းခုနက မစားခဲ့တဲ့ မကောင်းဘူးဆိုတဲ့ အရာတွေအားလုံးကို စနစ်ကျကျရောလိုက်နိုင်ရင် အခုအရသာရှိတဲ့ ကိတ်မုန့်တစ်လုံး ဖြစ်သွားပြီ မင်းမကောင်းဘူးလို့ထင်တဲ့ အရာတွေအားလုံးကို မင်းသာ သေသေချာချာအသုံးပြုနိုင်ရင် မင်းအတွက် အရမ်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဖြစ်သွားနိုင်တယ်"

Credit :မောင်စိုင်း

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top