iMyanmarHouse.com - Best Property Website for Myanmar
×










စိတ်အချမ်းသာဆုံး၊ အပျာ်ရွှင်ဆုံးသော ဆက်ဆံရေး တွေနဲ့ပြီးပြည့်စုံတဲ့ အိမ်ထောင်သည်ဘ၀တွေဖြစ်စေဖို့ ဘာတွေကအဓိက ကြမှာလည်း။ဘာတွေက အရေးကြီးလည်း။
မိတ်ဆွေများမှ ပူပင်မှူတွေပြည့်နေတဲ့အိမ်ထောင်ရှင်ဘ၀များအတွက် ကိုယ့်အမြင်လေးတွေ ကို မျှဝေပေးစေချင်ပါတယ်။ မိတ်တွေတို့ရဲ့စကားတွေနဲ့ မျက်ရည်တွေပြည့်နေတဲ့သူတို့ဘ၀တွေကို အပြုံးလေးတွေဖူးပွင့် လာနိုင်ကြပါစေ။

ဒီတစ်ခေါက်တင်ဆက်မဲ့အကြောင်းအရာလေးကတော့ဘ၀မှာ လူတိုင်းလူတိုင်းဟာ ချစ်တဲ့သူနဲ့ အတူဘ၀ရဲ့အပျော်ရွှင်ဆုံးသောအချိန်တွေကို လက်တွဲကျော်ဖြတ် ဖို့အတွက် အကြင်လင်မယား အိမ်ထောင်သည်ဘ၀တွေကို တည်ဆောက်ကြပါတယ်။ ဒါပေမယ့် အိမ်ထောင်သည်တွေဖြစ်လာပြီးချိန်မှာတော့လူတိုင်းဟာ မျှော်မှန်းထားသလိုဖြစ်မလာပဲ စိတ်မချမ်းမြေ့တဲ့ဘ၀တွေကိုနောက်ဆုံးမှာလမ်းခွဲဖို့ထိပင် ဖြစ်ပေါ်လာကြပါတယ်။
အိမ်ထောင်ရှင်တွေရဲ့ဘ၀ကိုလှပစေမယ့် အချက်လေးတွေကတော့အခြေခံအားဖြင့်တော့
တစ်ဦးကိုတစ်ဦး
နားလည်ပါ။
စာနာပါ။
ကိုယ်ချင်းစာပါ။
ကူညီပါ။
စိတ်ခံစားချက်တွေကိုမျှဝေပါ။
စိတ်ကူးယဉ်ဆန်တဲ့ဘ၀တွေကို လက်တွေ့ တည်ဆောက်ပါ။
ကိုယ်မကြိုက်တဲ့အရာမှန်သမျှသူလည်းမကြိုက်ဘူးဆိုတာနားလည်ပါ။
အချိန်ပေးပါ။
သူဘာလိုအပ်သလည်းသိတတ်ပါ။
ငွေပေးတိုင်း လုံလောက်တယ်လိုမယူဆပါနဲ့။
ငွေရှိတိုင်းလည်း အိမ်ထောင်ရေးအဆင်မပြေနိုင်ပါဘူး။
တစ်ဦးနားမလည်တာကို တစ်ဦးကရှင်းပြပေးပါ။
ကိုယ်မသိသောအရာများကိုလည်းမေးပါ။
၂ဦးကြား တတ်နိုင်သမျှမဖုံးကွယ်မိအောင်မိမိအကြောင်းကိုပြောပြပါ။
အမျိုးသားတိုင်းတာဝန်ဟာငွေရှာဖို့မဟုတ်သလို
အမျိုးသမီးတိုင်းဟာလည်း ကလေးမွေးဖို့ထမင်းချက်ဖို့မဟုတ်ဘူးဆိုတာနည်းလည်ပါ။
မိမိအိမ်တွင်းရေးကိုအပြင်လူတွေကို လိုက်အသိပေးနေတာတွေရပ်ပါ။
ကလေးရတနာရယူပါ။

ဒါတွေဟာလူတစ်ဦးတစ်ယောက်အနေနဲ့အခြေခံကြတာတွေဖြစ်ပေမယ့်လူတိုင်းလူတိုင်းမှာမတူညီနိုင်တဲ့ အတွေ့အကြုံတွေရှိကြလို့ မိတ်ဆွေများမှလည်း ကိုယ့်ရဲ့အတွေ့အကြုံများကို လူတိုင်းအတွက်မျှဝေပေးခဲ့ကြပါလို့ အကြံပြုပါရစေ။

credit :Happy Mom Pregnancy Pillow

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top