iMyanmarHouse.com - Best Property Website for Myanmar
×














ဇာတ်ကားတော်တော်များများမှာ ဇာတ်ပို့တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ် လေ့လာသင်ယူပြီးမှ ခုချိန်အတိုင်းအတာမှာ ခေါင်းဆောင်မင်သမီးတစ်ယောက်အနေနဲ့ပထမဦးစွာ စတင်ရိုက်ကူးရတဲ့အတွက် အနုပညာ ၀မ်းစာပြည့်ဖို့ ကြိုးစားနေတဲ့သူမကို အပိုင်ကွက် ရှုတင်မှာ တွေ့ဆုံခိုက် လတ်တလောအနုပညာလှုပ်ရှားမှုအကြောင်း မေးဖြစ်တဲ့အခါ “ခုရိုက်နေတဲ့ ကားလေးက အပိုင်ကွက်တဲ့။ ဒါရိုက်တာက ဆရာကျော်ဇောလင်း (အတွေးပုံရိပ်)၊ မင်းသားက ဇေရဲထက် ၊ မင်းသမီးက အိချောပို ပြီးတော့ ဦးရဲအောင်နဲ့ပေါ့။ ညီမအပိုင်းက အလှပြင်ဆိုင်မှာ အလုပ်လုပ်တဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ပြီးတော့ ဦးရဲအောင်က ကိုယ့်ကို လိုက်ပိုးပန်းနေတာပေါ့။”လို့ သူမက ပြောပြပါတယ်။

အရင်နဲ့ ခုနောက်ပိုင်း သရုပ်ဆောင်ပညာပိုင်းနဲ့ ဘာတွေကွာခြားသွားတယ်လို့ ထင်သလဲဆိုတာကိုတော့ သူမက “အရင်ကဆို ကားရိုက်သာရိုက်နေတာ၊ အာရုံစူးစိုက်မှု နည်းတယ်။ ခု မယ်သီလရှင်ဝတ်ပြီး ထွက်လာမှ ကားတစ်ကားအသစ် စရိုက်မယ်ဆိုရင် အရင်ကထက်ပိုပြီး လေ့ကျင့်မှုလေးတွေ ရှိလာတယ်။ ပြင်ဆင်မှုအပိုင်းမှာလဲ အရမ်း စိတ်အားထက်သန်လာတယ်။ အရင်ကဆို ဒိုင်ယာလော့ခ်တွေမှားတယ်။ ခုဆို အမှားသိပ်မပါတော့ဘူး။ တစ်ခန်းရိုက်မယ်ဆိုရင် ကြိုပြီး စဉ်းစားတတ်လာတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ စဉ်းစားစဉ်းစား ဒီအလုပ်က လေ့လာသင်ယူလို့ မကုန်နိုင်တဲ့ ပညာတစ်ခုပေါ့။ အရမ်း ကိုနက်နဲတယ်။ ကိုယ်ဘယ်လောက်ပဲ လေ့လာ အားထုတ်ကြိုးစားပါစေ သင်ယူလို့ကို မကုန်နိုင်ပါဘူး”တဲ့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top