iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ခါတော့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အရမ်းကို ချစ်ကြသတဲ့။ကောင်လေးကလဲ ရုပ်ရည်ချောမောတဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ ကောင်မလေးကလဲ အလှပဂေးလေးတစ်ယောက်ပေါ့။

သူတို့နှစ်ယောက်ဟာ မြင်မြင်ခြင်းဆိုသလို နှစ်ဦးသားရင်ခုန်မြန်လာကြပြီးတော့ ချစ်သွားကြတယ်ဆိုပါတော့။သူငယ်ချင်းတွေ မိဘတွေက စဉ်းစားကြဥိးလို့ ပြောနေတဲ့ကြားထဲက သူတို့နှစ်ယောက်လုံးက " ငါတို့ အချစ်ကို ယုံကြည်တယ်။ငါတို့ ရဲ့ အချစ်တွေက ငါတို့လျှောက်ရမယ့် လမ်းကို ဖြောင့်ဖြူးစေမယ် " လို့ပြောကြတယ်။သိပ်မကြာပါဘူး သူတို့လက်ထပ်လိုက်ကြတယ်။

လပ်ထပ်ပြီး လတွေကြာတာတောင်မှ သူတို့ဟာ စတွေ့တုန်းကလို ချစ်ချစ်ခင်ခင်နဲ့ အနားက လူတွေကတောင်မှ အတော်ချစ်တဲ့ လင်မယားလို့ ပြောခဲ့ကြပါတယ်။
ဒီလိုနဲ့ လပ်ထပ်ပြီး ၃ လလောက်ကြာတဲ့အခါမှာတော့

သူတို့ စတွေ့တုန်းကလို တစ်ယောက်နဲ့ တစ်ယောက်ရင်မခုန်ကြတော့ဘူး။ရင်ထဲမှာလဲ ဘယ်လိုမှ မထူးဆန်းသလို ဖြစ်လာတယ်။အပြောအဆိုတွေ စကားသံတွေကအစ တစ်ယောက်နဲ့ တစ်ယောက် ဘ၀င်မကျဖြစ်လာတယ်။

နောက်တော့ သူတို့နှစ်ယောက်ကွဲသွားတယ်။ကွဲသွားတဲ့ အကြောင်းကတော့ ကောင်လေးက " ငါ့မှာ မင်းနဲ့ စတွေ့တဲ့အချိန်တုန်းကလို ရင်ခုန်မြန်စေတဲ့ လူနောက်တစ်ယောက် ရှိနေပြီ "တဲ့

ကောင်မလေးက အသဲကွဲပြီး ကြံရာမရနဲ့ နောက်ဆုံး စိတ်ဖြေသိမ့်ပေးတဲ့ စိတ်ပညာရှင်ဆီရောက်သွားတယ်။သူ့အကြောင်းကို ပြေပြတယ်။ သူဘာမှားနေလဲပေါ့။

စိတ်ပညာရှင်ကတော့ " မင်းလဲမမှားဘူး သူလဲမမှားဘူး မှားတာက နှစ်ယောက်လုံးမှားတာ မင်းတို့နှစ်ယောက်က အချစ်ကို အိမ်ထောင်ရေးနဲ့မှားမြင်မိလို့ပဲ

မှတ်ထား အချစ်ဆိုတာ အိမ်ထောင်ကျပြီး သိပ်မကြာခင် ပျောက်ကွယ်သွားတတ်တယ်။ ကျန်ခဲ့တာက သံယောဇဉ်နဲ့ တာဝန်ယူတတ်မှုတို့ပဲ။ဒီဟာနှစ်ခုနဲ့ အိမ်ထောင်ရေးဆိုတဲ့ ယဉ်ကြီးကို တစ်ဘ၀လုံး ရှေ့ဆက်ရမှာဖြစ်တယ်

အချစ်ဆိုတာ ပြန်ပေါ်လာနိုင်တယ်။ တခြားလူတစ်ဦးတစ်ယောက်ဆီမှာပဲ ဖြစ်ဖြစ်ပေါ့။ဒါပေမယ့် အဲဒိနောက်မှ ပေါါ်လာတဲ့အချစ်ကို တာဝန်ယူတတ်မှ တစ်နည်းပြောရရင် အရှေ့က အချစ်အတွက် တာဝန်ယူတဲ့ စိတ်နဲ့ ရှောင်ရှားရမှာဖြစ်တယ် "

အခုမှတော့ အချစ်ကို ရှေ့တန်းတင်တဲ့ ကောင်မလေးနဲ့ ကောင်လေးရဲ့ အခြေအနေဟာ ပြန်လှည့်လို့ မရနိုင်တဲ့ အထိဖြစ်သွားခဲ့ရပြီပေါ့။

Credit : မောင်စိုင်း

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top