iMyanmarHouse.com - Best Property Website for Myanmar
×

ဖက်ရှင်တွေဆိုလဲ သူများနဲ့မတူ ပြင်ဆင်ခြယ်သမှုအပိုင်းမှာလဲ ကွဲပြားခြားနားလွန်းလှတဲ့ ဖွေးဖွေးကို ခပ်မာမာ ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေ အားပေးခဲ့သလို ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်လေးတွေဆိုလည်း သူတို့လက်ခံအားပေးကြပြန်ရော။ ခုလတ်တလောမှာတော့ နိုင်ငံတော်အတွက် ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရတဲ့ ဖွေးဖွေးက ရဲအုပ်မေသူ ဆိုတဲ့ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်မှာမို့ သိချင်တာလေးတွေ မေးမြန်းကြည့်ဖြစ်တဲ့အခါ “ကာရိုက်တာလေးကတော့ ရဲအုပ်မေသူဆိုတဲ့ ကာရိုက်တာလေးပေါ့။ ပါဝင်ရတာတော့ တစ်စိတ်တစ်ဒေသပါပဲ။ ဒီကာရိုက်တာလေးက ကိုယ်တစ်ခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာလေး ဆိုတော့ အမှားပါသွားမှာစိုးတယ်။ pressure တော့နည်းနည်းရှိတယ်။ ရဲအုပ်ဆို တော့ fighting လဲ နည်းနည်း တတ်ရမယ်ပေါ့။  ခုဒီကားရိုက်တော့မှ ငါအရင်ကတည်းက တိုက်ကွမ်ဒိုတွေ သင်ထားခဲ့ရင် ကောင်းသားလို့တွေးမိတယ်။ ပိုပြီးကြည့်လို့ကောင်းတာပေါ့နော်။ ခုမှ ကပ်သင်ရတာဆိုတော့ သိပ်တော့ အားမရဘူး။ ဒါပေမဲ့ တကယ်တတ်တဲ့သူတွေလဲ ပါတယ်ဆိုတော့ ကြည့်ကောင်းမှာပါ။”လို့ သူမက ဆိုပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်ဖြစ်တာဟာ သူမရဲ့ လက်ဦးဆရာဖြစ်တဲ့ ဒါရိုက်တာ ၀ိုင်းကြောင့်လို့ ဖွင့်ဟလာတဲ့ ဖွေးဖွေးက “ဒါရိုက်တာကကိုဝိုင်းဆိုတော့ ကိုယ့်ဆရာလဲဖြစ်တယ်။ ကိုယ့်ဆရာ ပထမဆုံးစရိုက်တဲ့ ဇာတ်လမ်းတွဲမှာ ကိုယ်ကလဲ ပထမဆုံးအနေနဲ့ပါဝင်ဖြစ်တယ်ပေါ့။  နောက်ထပ် ဇာတ်လမ်းတွဲတွေ လာကမ်းလှမ်းမယ်ဆိုရင် ရိုက်မဲ့ ဒါရိုက်တာနဲ့ပရိုဂျူဆာနဲ့ပေါ်မှာ မူတည်ပါတယ်။ သူတို့အနုပညာပေါ် ဘယ်လောက် ရူးသွပ်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဖွေးက ကိုဝိုင်း ဘာခိုင်းခိုင်း လုပ်မယ်ဆိုပြီး အကုန်ရိုက်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတာပါ။ ကိုယ့်ရဲ့လက်ဦးဆရာလဲဖြစ်တယ်။ ကိုယ်ဘာမှ မဟုတ်တဲ့ အချိန်ကတည်းက ကိုယ့်ကို လက်တွဲပြီး အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခွင့်ပေးခဲ့တယ်။ အဲ့ဒီအတွက် ခုချိန်မှာ ကိုဝိုင်း ဘာရိုက်ရိုက် သေဆိုသေရှင်ဆိုရှင်ပါပဲ။

အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာမှဖွင့်ဟစရာမရှိဘူးလို့ ဆိုခဲ့တဲ့ ဖွေးဖွေးက ဒီ၂၀၁၄ ထဲမှာ ရုပ်ရှင်ကားကြီး လက်ခံထားတာ မရှိသေးဘူးလို့ ပြောပါတယ်။၂၀၁၃ ထဲမှာ အကယ်ဒမီနဲ့ ပတ်သတ်ပြီးတော့ မမှန်းပေမယ့် ခုတစ်လော ဟော့နေတယ်လို့ သူကြားရတဲ့ ဇာတ်ကားကတော့ နင်စေရင် ပါလို့ ပြောပြသွားခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top