iMyanmarHouse.com - Best Property Website for Myanmar
×













တေးသံရှင် အိမ့်ချစ်က လတ်တလောမှာ အချစ်ရေး အမ်တီဗီ ကို ရိုက်ကူးနေပြီး ၂၃ ရက်နေ့မှာ ပြုလုပ်မဲ့ ထူးအိမ်သင် ၁၀ နှစ်ပြည့် ဂီတညပွဲမှာလဲ ဂျပ်ဆင်ထိပ်ကလရိပ်ပြာသီချင်းနဲ့ ဖျော်ဖြေမယ်လို့ပြောလာတာကြောင့် သူမနဲ့တွေ့ဆုံခိုက်မှာ ပြောဖြစ်သမျှကတော့ “ခုအမ်တီဗီက ၃ ပုဒ်လောက်ပဲပြီးသေးတယ်။ ထွက်ဖို့လဲအဝေးကြီးလိုသေးတယ်။ ကြားထဲမှာ ခရီးကလဲ ထွက်နေရတော့ အမ်တီဗီကို အားမှ ရိုက်နေရသလိုဖြစ်နေတယ်။ ဒီအမ်တီဗီလေးမှာ တခြားအမ်တီဗီနဲ့မတူပဲ အမြင်လဲကွာသွားမယ်။ ပိုလဲသိလာတယ်။ ပိုပြီး လုပ်တတ်လာတယ်။ ပိုပြီးတော့ ခပ်မိုက်မိုက်လေးတော့ ရိုက်ရမှာပေါ့နော်။ ဒါရိုက်တာတွေက ဒါရိုက်တာသီဟ၊ ရဲမင်းသူ၊ အားလုံးသိတဲ့ ဒါရိုက်တာယုန်လေးပါ။ ဇာတ်လမ်းနဲ့ရိုက်ကွက်ကိုပဲ ဦးစားပေးမယ်။ လိုကေးရှင်းကိုတော့ အရမ်းဦးစားမပေးတော့ဘူးပေါ့။ အဖေနဲ့တစ်ပုဒ်ပါတော့ အဖေရယ်၊ အိမ့်ချစ်ရယ် မောင်လေးရယ်တစ်ပုဒ်ရိုက်ဖြစ်မယ်။” လို့ လတ်တလော လှုပ်ရှားမှုကို ပြောပါတယ်။

ထူးအိမ်သင်ရဲ့ ဆယ်နှစ်ပြည့် Live Show မှာ ပါဝင်သီဆိုဖြစ်မယ့် အကြောင်းကိုလည်း “ ဦးငှက်ရဲ့ သီချင်းကို ပြန်ဆိုဖို့ဆိုတာ တော်တော်ကို မလွယ်တာပါ။ ဒီပွဲမှာဆိုရတာကိုလဲ ၀မ်းသာတယ်။ ပေးဆိုတာကိုလဲဝမ်းသာတယ်။ အဓိက က အိမ့်ချစ် ဦးငှက်ကို သတိရတဲ့အတွက် ဒီသီချင်းလေးကို ဆိုမယ်။ ငါ့အတွက် ဘာတွေ အမှတ်တွေရအောင်၊ နာမည်ရအောင်ဆိုပြီး မစဉ်းစားဘူး။ သီချင်း တစ်ပုဒ်ကို အရိုးသားဆုံးနဲ့ဂုဏ်ပြုတဲ့စိတ်နဲ့ပဲ ဆိုသွားမယ်” လို့ သူမက ပြောပြခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top