iMyanmarHouse.com - Best Property Website for Myanmar
×

ဆီးစိမ့် ထွက်နေတာက အထူးသ ဖြင့် အမျိုးသမီးတွေ အတွက် ပြဿနာ တစ်ရပ်ပါ။
အဝလွန်တဲ့ အမျိုးသမီးနဲ့ က လေးအများကြီးမွေးထားတဲ့ အမျိုးသမီး တွေမှာ ပိုအဖြစ်များတတ်ပါတယ်။
ဆီး စိမ့်ထွက်တတ်သူအများစုဟာ ရယ်တဲ့အ ခါ၊ ချောင်းဆိုးတဲ့အခါနဲ့ နှာချေတဲ့အခါ တွေမှာ ဆီးစိမ့်ထွက်တတ်ပါတယ်။ ဒီလို လှုပ်ရှားမှုလုပ်တဲ့အခါမှာ အားနည်းနေ တဲ့ တင်ပဆုံရိုးကြွက်သားတွေပေါ် ဖိအား သက်ရောက်သွားတာကြောင့် ဆီးစိမ့် ထွက်ရတာပါ။ ဒါကြောင့် ဆီးစိမ့်ထွက်မှု မဖြစ်စေဖို့ တင်ပဆုံရိုြးွကက်သားတွေ သန်စွမ်းစေမယ့် လေ့ကျင့်ခန်းကို လုပ်ပေး ဖို့ လိုပါတယ်။
 အဲဒါကတော့ လေ့ ကျင့်ခန်းပါ။

Kegel လေ့ကျင့်ခန်းဆိုတာ ဘာလဲ
Kegel လေ့ကျင့်ခန်းဆိုတာ ဆီး သွားမှုကို ထိန်းချုပ်ပေးတဲ့ တင်ပဆုံကွင်းနံရံက ကြွက်သားတွေကို သန်စွမ်းစေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း ကို ဘယ်နေရာမှာမဆို၊ ဘယ်အချိန်မှာမဆို လေ့ကျင့်နိုင်ပါတယ်။ ရိုးစင်းပြီး လွယ်ကူသလောက် ထိရောက်မှုရှိတဲ့ ဒီ လေ့ကျင့်ခန်းကို ထိုင်ရင်း၊ မတ်တတ်ရပ် ရင်း၊ လဲလျောင်းရင်း ပြုလုပ်နိုင်ပါတယ်။

Kegel လေ့ကျင့်ခန်းလုပ်နည်း
Kegel လေ့ကျင့်ခန်းလုပ်တော့မယ် ဆိုရင် အရင်ဆုံး ဆီးတွေကို ကုန်စင် အောင် သွားထားပါ။
ထိုင်ရင်း၊ မတ်တတ် ရပ်ရင်း၊ လဲလျောင်းရင်း ..ဘယ်လိုအ နေအထားပဲနေနေ အဆင်ပြေပါတယ်။
 ပြုလုပ်ရမယ့်နည်းက သင့်တင်ပဆုံကွင်းနဲ့ စအိုနားရှိ ကြွက်သားတွေကို ဆီးသွား ချင်တာကို ထိန်းချုပ်သလိုမျိုး ကျုံ့လိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ပေးရမှာပါ။
တစ် နေ့တာအတွင်း အကြိမ် ၁၂-၁၅ ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။
ဒီလေ့ကျင့်ခန်းကို သွားတိုက်ရင်း၊ ဈေးဝယ်ရင်း၊ အလုပ်စားပွဲမှာထိုင်ပြီးအလုပ်လုပ်ရင်း လေ့ကျင့်နိုင်ပါတယ်။
ဘယ် သူမှလည်း သင် လေ့ကျင့်ခန်းလုပ်နေမှန်း မသိနိုင်ပါဘူး။

Kegel လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ
Kegel လေ့ကျင့်ခန်းလုပ်တာကြောင့် ဆီးမထိန်းနိုင်တာနဲ့ ဆီးစိမ့်ထွက်တာကို သက်သာစေနိုင်ပါတယ်။ တချို့လေ့လာ မှုတွေအရ အိမ်ထောင်ရှင်အမျိုးသမီး တွေအတွက် အိမ်ထောင်ရေးသာယာမှု ကို ပိုမိုရရှိစေတယ်လို့ သိရပါတယ်။
 လေ့ကျင့်ခန်းကို မှန်မှန် ကန်ကန်လုပ်ပါက သုံးလကြာရင် သိသာ တဲ့အကျိုးကျေးဇူးကို ရရှိစေနိုင်ပါတယ်။

 Credit : Mg Mandalay (fb)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top