iMyanmarHouse.com - Best Property Website for Myanmar
×










သေချာတာကတော့ ပန်းသီးအရက်နဲ့လုပ်ထားတဲ့ရှာလကာရည်က သင့်ကို ကိုယ်အလေးချိန်လျော့သွားအောင် ကူညီနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်အလှအပရေးရာကိုတော့ တဖက်တလမ်းမှ ကူညီပေးနိုင်တဲ့အကြောင်းကို အောက်မှာဖောက်ပြထားတဲ့အချက်လေးတွေကနေ သိနိုင်ပါတယ်။

၁။ အသားအရေပိုပြီးနူးညံ့စေပါတယ်။

ရေနွေးအပြည့်ဖြည့်ထားတဲ့ရေချိုးကန်ထဲကို ပန်းသီးအရက်နဲ့ပြုလုပ်ထားတဲ့ရှာလကာရည် ၈အောင်စလောက် ပေါင်းထည့်လိုက်ပါ။ ပြီးနောက် ခန္ဓာကိုယ်အား ၁၅ မိနစ်ကြာအောင် စိမ်ထားလိုက်ပါ။ ရှာလကာရည်မှာပါတဲ့ အက်ဆစ်ဓါတ်တွေကြောင့် သင့်ခန္ဓာကိုယ် ပိုပြီးနူးညံ့ချောမွတ်လာစေတာကို သင်ခံစားမိမှာပဲဖြစ်ပါတယ်။

၂။ မျက်နှာအညစ်အကြေးဖယ်ရှားပေးတဲ့တိုနာအဖြစ်အသုံးပြုနိုင်ပါတယ်။

စားပွဲတင်ဇွန်း တစ်ဇွန်းအပြည့်ရှာလကာရည် နှင့် ရေနှစ်ခွက် ပေါင်းထည့်လိုက်ပါ။ ဝါဂွမ်းစကို အထဲစိမ်ထားပြီး သန့်ရှင်းပြီးခြောက်သွေ့နေတဲ့မျက်နှာအား ပွတ်ပေးလိုက်ပါ။ အရေပြားပိုပြီးတင်းလာမှာပဲ ဖြစ်ပါတယ်။ ရေဖြင့် နောက်တစ်ကြိမ်ထပ်မံမဆေးပါနဲ့။ မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းသွားစေမှာပဲ ဖြစ်ပါတယ်။

၃။ ခေါင်းလျှော်ရည်အဖြစ်သုံးပါ။

ရှာလကာရည် စားပွဲတင်ဇွန်း နှစ်ဇွန်းအပြည့်အား ရေတစ်ခွက်ထဲ ပေါင်းထည့်လိုက်ပါ။ အသင့်လျှော်ပြီးသားဆံပင်မှာ ထပ်မံလောင်းထည့်လိုက်ပါ။ ပြီးနောက် ရေဖြင့်ပြန်ဆေးကြောပါ။ နောက်ဆုံးမှာ ဆံပင်ပျော့ဆေးနဲ့ ထပ်ပြီး အချောသပ်ပေးလိုက်ပါ။ သင့်ဆံပင်အား အရောင်ပိုတောက်ပလာတာကို သင်တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

၅။ နေလောင်ထားတဲ့အသားအရေကို သက်သာစေနိုင်ပါတယ်။

ရှာလကာရည် ခွက်ထပ်ဝက်နှင့် ရေလေးခွက်အား ရောလိုက်ပါ။ ပျော့ပျောင်းနေတဲ့ပဝါကို အထဲနှစ်ထားပြီး နေလောင်နေတဲ့အရေပြားအား သုတ်လိမ်းလိုက်ပါ။ ပန်းသီးအရက်နဲ့ ပြုလုပ်ထားတဲ့ရှာလကာရည်က အရေပြားရဲ့ ရေဓါတ်ကို ထိန်းညှိပေးတဲ့အတွက် အနာကျက်တာပိုလွယ်ကူစေပြီး အရည်ကြည်နဲ့ဖောင်းကြွလာခြင်းတွေကို ကာကွယ်ပေးပါတယ်။

၆။ ဗောက်ပျောက်ကင်းစေနိုင်ပါတယ်။

ရှာလကာရည်နှင့်ရေ အချိုးအဆတူညီစွာဖြင့် ရောလိုက်ပါ။ ပြီးနောက် ခေါင်းမလျှော်မီ သင့်ရဲ့ဦးရေပြားအား ၄င်းရောနှောထားသည့်အရည်နဲ့ နှိပ်နယ်ပေးပါ။ သင်ပုံမှန်လျှော်နေကျခေါင်းလျော်ရည်မှာလည်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို သင်ရောပြီးလည်း အသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ဟာ မှိုရောဂါများကို ကောင်းမွန်စွာဖယ်ရှားပေးနိုင်တာမို့ ဗောက်ပျောက်ကင်းစေနိုင်တဲ့ အကောင်းဆုံးပဲဆေးတစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။

၇။ ထိရှမိတဲ့အနာ လျင်မြန်စွာကျက်စေနိုင်ပါတယ်။

ရေမရောထားသည့်ရှာလကာရည်ထဲ နှစ်ထားသည့် ဝါဂွမ်းအား ထိရှမိတဲ့အနာအပေါ်တင်ထားပြီး ပတ်တီးဖြင့် စီးထားလိုက်ပါ။ တစ်နာရီကြာအောင် ထားလိုက်ပါ။ ရောင်ယမ်းခြင်းကို ကာကွယ်စေနိုင်ပြီး အနာမြန်မြန်ကျက်လာအောင် ကူညီပေးပါတယ်။

၈။ ပိုးကောင်းကိုက်ရင် ရှာလကာရည်လိမ်းပေးပါ။

ရေမရောထားတဲ့ ရှာလကာရည်ထဲ နှစ်ထားတဲ့ ဝါဂွမ်းစကို ပိုးကောင်းအကြီးကိုက်တဲ့နေရာမှာ အနာသက်သာလာအောင် ဖိထားပေးပါ။ ရှာလကာရည်မှာပါတဲ့အက်ဆစ်တွေက ယားယံခြင်းကို ပြေပျောက်စေ၇ုံတင်မကပဲ ယောင်ယမ်းခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၉။ ခြေထောက်အနံ့ပျောက်ကင်းစေနိုင်တယ်။

ရေခွက်လေးခွက်ထည့်ထားတဲ့ ဇလုံထဲကို ရှာလကာရည် တစ်ခွက်လောင်းထည့်လိုက်ပါ။ သင့်ခြေထောက်အား ၁၅ မိနစ်ာကာစိမ်ထားပါ။ ဆေးကြောပြီးနောက် အခြောက်ခံထားလိုက်ပါ။ ခြေထောက်ကိုအနံ့ထွက်စေတဲ့အညစ်အကြေးတွေကို သန့်စင်စေခြင်းမှာ အကူအညီပေးပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top