iMyanmarHouse.com - Best Property Website for Myanmar
×

မိုးရာသီမှာ ဝမ်းပျက် ဝမ်းလျှောတာ အပြင် သန့်ရှင်း လတ်ဆတ်မှု မရှိတဲ့၊  ပိုးပါ တဲ့ အစားအသောက် တွေကို စားမိတာ ကြောင့် ဝမ်းကိုက်တဲ့ လူနာတွေကို အတွေ့ ရများပါတယ်။ ဝမ်းကိုက်တယ်ဆိုတာ ဘက်တီးရီးယား၊ အမီးဗားပိုးနဲ့ ဗိုင်းရပ်စ် ပိုးပါတဲ့ အစားအသောက်တွေ၊ ဓာတု ပစ္စည်းပါတဲ့ အစားအသောက် တွေကို စားမိတာကြောင့် အစာအဆိပ်သင့်ပြီး ဝမ်းကိုက် ရတတ် ပါတယ်။

ဝမ်းကိုက်ပိုး ဝင်ပြီး ဝမ်းကိုက်ပြီ ဆိုရင် မကြာခဏ ဝမ်းသွားတာ၊ ဗိုက်ရစ်နာ တာ၊ ဝမ်းညှစ်သွားချင် စိတ်များတာ၊ ဝမ်း ထဲ သွေးတွေ၊ လေတွေ၊ အချွဲတွေ ပါ တာ၊ ဝမ်းသွားတဲ့အခါ အားကုန်မောပန်း တာ စတဲ့ လက္ခဏာတွေ ပြတတ်ပါ တယ်။ ဝမ်းကိုက် တာက အစားအ သောက် မသန့်ရှင်းတဲ့ အခါ၊ အစာကို ပြင် ဆင်တဲ့ လက်မသန့်ရှင်း တဲ့အခါ၊ တစ်ကိုယ် ရေသန့်ရှင်းမှု မကောင်းတဲ့ အခါတွေမှာ မကြာခဏ ဆိုသလို ပြန်ဖြစ်တတ် ပါတယ်။

လူအများက ဝမ်းကိုက်ပြီဆိုရင် မပျောက်တော့ဘူးလို့ ထင်တတ်ကြပါ တယ်။ တကယ်တော့ ဝမ်းကိုက် တာကို ကု သမှု ခံယူရင် ပျောက်ကင်း နိုင်ပါတယ်။ ဝမ်းကိုက်ပိုး ရှိနေရင် Metronidazole ပါတဲ့ ဆေးဝါးကို သတ်မှတ်ကာလ ပြည့်မီတဲ့အထိ ဆရာဝန်ညွှန်ကြား ချက်အတိုင်း သောက်သုံး ပေးရပါမယ်။ အဲဒီ အချိန်အတော အတွင်းမှာ အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက် ဝမ်းကိုက် ပိုးထိတွေ့မိတဲ့ နေရာတွေမှာ ရောင်ရမ်း နေတတ် ပါတယ်။ အစာကို ပှုနွေးသန့်ရှင်းတဲ့ အစာကိုပဲ စားပေးရပါမယ်။ ပိုးသေစေတဲ့ ကြက်သွန်နီနဲ့ ထမင်းဖြူပှုပှုကို စားပေးတာမျိုးက ဝမ်းကိုက်တာကို အမြန်သက်သာ စေပါတယ်။

 ဝမ်းကိုက်ခြင်း ခံစားရချိန်တွင် လိုက်နာသင့်သည့် အချက်များ

 - စိတ်ဖိစီးမှုတွေ ရှိနေရင်လည်း တတ် နိုင်သမျှ လျှော့ချပေးရပါမယ်။ စိတ်ဖိစီး မှုကြောင့် ထွက်လာတဲ့ ဓာတ်တွေက ဗိုက်ပိုနာအောင် လှုံ့ဆော်နိုင်လို့ပါ။
- အဓိကကတော့ ဝမ်းသွာလို့ အားကုန်ပြီး ပင်ပန်းနေရင် ထွက်သွားတဲ့ ရေဓာတ်နဲ့ ဆားဓာတ်တွေအတွက် ဓာတ်ဆားထုပ်ကို အညွှန်းအတိုင်း ရေနဲ့ဖျော်ပြီး သောက်ပေးရပါမယ်
- အနားပေးတဲ့ အနေနဲ့ အိပ်ရေးဝအောင် အိပ်စက်အနားယူရပါမယ်။
- အစားအသောက်ကို ချဉ်လွန်း၊ ငန် လွန်း၊ စပ်လွန်းတဲ့ အစားအသောက်တွေ မစားသင့်ပါဘူး။ နူးညံ့ပျော့ပျောင်းပြီး ပူ နွေးလတ်ဆတ်တဲ့ အစားအသောက်တွေ ကိုပဲ စားပေးရပါမယ်။
- ဒီအချိန်မှာ အစာကြေညက်ခဲတဲ့ အကြော်အလှော်တွေ၊ အဆီအအိမ့်တွေ ကို ရှောင်ရပါမယ်။
ဝမ်းကိုက်ပိုးရှိနေတာကို သေသေချာ ချာ ပျောက်ကင်းတဲ့ အထိ ကုသမှု မခံ ယူဘူးဆိုရင်၊ ဝမ်းကိုက်ပိုးပျောက်ကင်းဖို့ အတွက် ဆရာဝန်ညွှန်ကြားတဲ့ ပဋိဇီဝ ဆေးကို မှန်မှန် မသောက်ဘူးဆိုရင် နောက်ဆက်တွဲရောဂါတွေ ဖြစ်တတ်ပါ တယ်။ အသည်းပြည်တည်နာလို ရောဂါ မျိုး ဖြစ်တတ်ပါတယ်။

ဝမ်းကိုက်တာ၊ ဝမ်းလျှောတာ၊ ဗိုက် နာတာတွေ မဖြစ်အောင် ဖြစ်နိုင်ရင် အိမ် မှာ ချက်ပြုတ်ထားတဲ့ ပူပူနွေးနွေး အစား အသောက်တွေကိုပဲ စားပေးရပါမယ်။ တ ကယ်လို့ အပြင်စာ စားမယ်ဆိုရင်လည်း ချက်ပြုတ်ပြင်ဆင်နေတာ သန့်ရှင်းလတ် ဆတ်မှု ရှိရဲ့လား၊ ယင်တွေမနားအောင် သေချာလုံအောင် ဖုံးထားရဲ့လား၊ အစား အသောက် ပြင်ဆင်တဲ့ လက်ကရော သန့်ရှင်းရဲ့လားဆိုတာတွေကိုပါ ဆန်းစစ် ပြီး သန့်ရှင်းမှု ရှိတယ်ဆိုမှသာ စားသင့် ပါတယ်။ တစ်ကြိမ်တစ်ခါမှ မစားဖူးတဲ့ အစားအသောက်တွေကိုလည်း တည့်၊ မ တည့် မြည်းပြီးမှ စားသင့်ပါတယ်။ တစ် ခါတည်း အများကြီး မစားသင့်ပါဘူး။

Credit: Good Health

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top