iMyanmarHouse.com - Best Property Website for Myanmar
×














ဖိနပ်အသစ်စစီးတာနဲ့ ဖိနပ်ပေါက်တဲ့ ပြဿနာကလူတိုင်းလိုလို ကြုံဖူးကြပြီး လမ်းမလျှောက်နိုင်အောင် နာကျင်တဲ့ ဝေဒနာပါခံစားရလေ့ရှိပါတယ်။ ဖိနပ်သားမာမာနဲ့ ခြေထောက်နဲ့ ပွတ်တိုက်မှုများလေလေ ပွန်းပဲ့ရောင်ကိုင်းပြီး အမာရွတ်ကျန်သည်အထိ ဖြစ်ပွားတတ်တာကြောင့် ဖိနပ်ပေါက်ရင် သက်သာရာရစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အုန်းဆီက ဖိနပ်ပေါက်ရင် အမြန်ဆုံးသက်သာစေတဲ့ အကောင်းဆုံးအိမ်တွင်းဆေးတစ်လက်ပါပဲ။ အုန်းလက်ရင့်ရင့် တစ်ရွက်ကို မီးရှို့ပြာချပြီး ပြာမှုန့်နဲ့ အုန်းဆီရောစပ်ပြီး အနာဖြစ်သွားတဲ့နေရာကို လိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ပရုတ်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ အုန်းဆီအနည်းငယ်ရောပြီး ဖိနပ်ပေါက်နာဖြစ်တဲ့နေရာကို လိမ်းပေးရင် ယားယံ၊ ရောင်ရမ်းတာတွေ ပျောက်ကင်းနိုင်ပါတယ်။

နောက်ထပ် အစွမ်းထက်ဆေးတစ်ခုကတော့ ပျားရည်ဖြစ်ပါတယ်။ သဘာဝပျားရည်နဲ့ နှမ်းဆီရောစပ်ပြီး ခြေထောက်အနာဖြစ်တဲ့နေရာကို လိမ်းပေးပြီး ခြောက်သွားတော့မှ ရေဆေးချပေးရင် အနာသက်သာစေပါတယ်။ နောက်ပြီး ဆန်မှုန့်ရှိရင်လည်းရေနဲ့စေးပျစ်ပျစ်ဖြစ်အောင် ဖျော်ပြီး ဖိနပ်ပေါက်နာဖြစ်တဲ့နေရာကို သုတ်လိမ်းပြီး ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ ဆေးပေးတာမျိုး လုပ်နိုင်ပါတယ်။

ရှားဇောင်းလက်ပက်နဲ့လည်း ဖိနပ်ပေါက်နာဖြစ်ပြီး ရောင်ရမ်းနေရာကို ပွတ်ပေးရင် အနာမြန်မြန်ကျက်စေပြီး ရောဂါပိုးဝင်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့တမာရွက်ကို ကြိတ်ခြေပြီး နနွင်းမှုန့်အနည်းငယ်နဲ့ ရောစပ်ကာခပ်ပျစ်ပျစ်အနှစ်ရအောင် လုပ်ပြီး အနာပေါ်ကိုသုတ်လိမ်းပေးကာမိနစ် ၂၀ လောက်နေရင် ရေဆေးချနိုင်ပါတယ်။

ရေခဲလေးကို အ၀တ်သန့်သန့်နဲ့ထုပ်ပြီး ကပ်ပေးရင်လည်းဖိနပ်ပေါက်နာသက်သာနိုင်ပါတယ်။ အက်စပရင်အကိုက်အခဲ ပျောက်ဆေးခဲကို ကြိတ်ခြေပြီး အနှစ်လုပ်ကာ အနာဖြစ်တဲ့နေရာကို လိမ်းပေးနိုင်ပါတယ်။ သွားတိုက်ဆေးရှိရင် လိမ်းပေးနိုင်ပေမယ့် ဂျယ်လ်သွားတိုက်ဆေးတော့ မဟုတ်ရပါဘူး။ ဒါ့အပြင် သံပရိုသီး (ဒါမှမဟုတ်)ရှောက်သီးရှိရင် အရည်ညှစ်ကာ ဂွမ်းစနဲ့ ဖိနပ်ပေါက်နာဖြစ်တဲ့ နေရာကို သုတ်လိမ်းပြီး ရေနွေးနွေးလေးနဲ့ ဆေးပေးနိုင်ပါတယ်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top