iMyanmarHouse.com - Best Property Website for Myanmar
×















လက်ရှိမှာ ရန်ကုန်ပရိသတ်တွေထက် နယ်ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့  မေထွဋ်ခေါင်ဟာ ရှင်ဂျာနယ်မှာ ဖော်ပြထားတဲ့ သူမရဲ့ Sexy ပို့စ်ခပ်ကြမ်းကြမ်း ရိုက်ချက်တွေကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံနေရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သူမကို မေးဖြစ်ခဲ့တာကတော့

မေထွဋ်ခေါင်အနေနဲ့ အခုလို ခပ်ကြမ်းကြမ်းSexy ပို့စ်တွေရိုက်ဖြစ်သွားတဲ့အကြောင်းအရင်းလေး သိပါရစေ။

ညီမအမှန်တကယ် ရိုက်ဖြစ်ခဲ့တာက ရှင်ဂျာနယ်အတွက် ကာဗာရိုက်ဖို့ မစောရတီနိုင် က အင်္ကျီစပွန်ဆာ ယူလာပေးခဲ့တယ်။ အင်္ကျီတွေကလည်း ဆန်းပြားပြီး ချစ်ဖို့ကောင်းတယ်။ တစ်ခြားအင်္ကျီဒီဇိုင်းတွေနဲ့လည်း ရိုက်ပါတယ်။ ဒါပေမယ့် ဒီအင်္ကျီနဲ့ကျတော့ ပုံစံတစ်မျိုးထွင်ချင်တဲ့ အတွက်ကြောင့် အနုပညာဆန်အောင် ရိုက်ကြည့်ခဲ့တာ။ International ဆန်ဆန် ရိုက်ကြည့်တာ ဘာရယ်ကြောင့် မှမဟုတ်ဘူး။ အစ်မစောရတီနိုင်က ညီမကို ပုံစံပြောင်းပြီး ဓာတ်ပုံရိုက်ကြည့်ချင်တယ် လို့ပြောပါတယ်။ ပြီးတော့ အဲဒီ့ အဝတ်အစားတွေနဲ့ aroma မှာဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။

မေထွဋ်ခေါင်က အခုလိုမျိုးSexy ပို့စ်အကြမ်းစားတွေ ရိုက်လိုက်တော့ ပရိသတ်တွေရဲ့ဝေဖန်ခံရမှာ ကိုရော တွေးဖြစ်ခဲ့ပါသေးလား။

ညီမနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း အများကြီးကြုံခဲ့ရပါတယ်။ အနုပညာမျက်စိနဲ့ ကြည့်နိုင်သူတွေ အတွက်ကတော့ အနုပညာမြောက်တာပဲ။ ဝေဖန်သူတွေအတွက်လည်း ကြိုက်သလောက် ဝေဖန်နိုင်တယ်လေ။ ကိုယ်ကမင်းသမီးတစ်ယောက် ဖြစ်နေတဲ့ အတွက်ကြောင့် ဝေဖန်မှုဆိုတာ  အမြဲတမ်းကြုံနေရတာပါပဲ။ အဲဒီ့အတွက်မတုန်လှုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အနုပညာလုပ်တာ။ ဘာရည်ရွယ်ချက်မှမရှိဘူး။ ကိုယ်လုပ်လိုက်တဲ့ အနုပညာတစ်ခုအပေါ် စိတ်ခံစားချက်က သန့်ရှင်းတယ်။ ကိုယ်ရိုက်တဲ့ပုံတွေကလည်း အရမ်းကြီးမရိုင်းပါဘူး။ အနုပညာ ဆန်တာကိုပဲပြတာ။ ခန္ဓာကိုယ်အလှကို အနုပညာဆန်ဆန်တင်ပြတာပါ။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top