iMyanmarHouse.com - Best Property Website for Myanmar
×

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့ အညီ တယ်လီဖုန်းဟန်းဆက်လေးတွေ ကြို ကည့်ပြီး အင်တာနက်ကြည့်၊ ချက် တင် စာတိုစာရှည်တွေရိုက်၊ ဖုန်းထဲကနေ ဂိမ်းကစားဖြစ်တာေ ကြာင့် လည်း ဇက်ကြောတွေထိုးလို့  ပါဝါမျက် မှန်တွေတပ်လာကြ သူ လူဦးရေဟာလည်း တနေ့  တခြားများပြားလို့ နေကြပါပြီ။ မျက်မှန်စတပ်ခါစသူတွေအဖို့  မှန်ထဲကြည့်တဲ့အခါ မိမိကိုယ်ကို တခြားတစ်ယောက် လို ခံစားရတယ်ဟုတွေးထင်ကာ၊ ရှိုးတိုးရှန့် တန့်ဖြစ်ပြီး မျက်မှန်မတပ်ချင်ြ ကပါဘူး။

သို့ သော် ပါဝါမျက်မှန် တပ်သင့်ပါလျက် မတပ်တဲ့အခါ အမြင်အာရုံပိုဆိုးရွားလာစေ ပါ လိမ့်မယ်။
ဒါကြောင့် မျက်မှန်လေးနဲ့ မှ တမျိုးပိုလှလာတယ်လို့  ဘေးလူတွေအားကျငေးမောလာအောင် Glass Makeup လို့  ခေါ်တဲ့ အောက်ပါ အလှပြင်နည်းဖြင့် အားထုတ်ကြည့်စေလိုပါတယ်။ ဒီအ လှပြင်နည်းက ဘယ်မျက်မှန်ကိုင်း(ဂိုင်း) နဲ့ မဆို လိုက်ဖက်တာ မို့ မိမိကိုယ်ကိုယုံကြည်မှု ပိုလာေ စ ပါလိမ့်မယ်။

(မျက်ကွင်းညိုတာတွေကို ဖျောက်ပေးပါ)
မျက်မှန်တပ်သူတွေမှာ မျက်စိအာရုံကြောအားနည်းခြင်း နှင့် မျက်မှန်နှာခေါင်းဒေါက်တို့ ၏ ဖိ အားေ ကြာင့်၊ မျက်မှန်တပ်သက်တမ်း ကြာလာတာနဲ့ အမျှ အနည်းအများဆိုသလို မျက်ကွင်းညို လာ တတ်ပါတယ်။ ဒါကြောင့် မျက်ဝန်းအောက်ပိုင်းကို မိမိအသား အရည်ထက် ပိုအရောင်ဖျော့ တဲ့ concealer မိတ်ကပ်အရည်လေးတို့ ပေးပါ။ ပြီးရင် မျက်ရည်အိတ်ထောင့်နားလေးတွေကို အိုင်းရှဲဒိုးအရောင်ဖျော့ဖျော့လေး တင်ပေးပါ။

(မျက်တောင်မွှေးကို အလှဆင်ပါ)
မျက်မှန်ကြီးကွယ်နေလို့  မျက်တောင်မွှေးကို အလှမပြင်ဘဲချန်ထားရင် အမှားကြီးမှားသွားပါလိမ့် မယ်။ အမျိုးသမီးတစ်ဦးရဲ့  ဆွဲ ဆောင်မှုလက်နက်တွေထဲမှာ မျက်တောင်မွှေးအလှ ကလည်းမရှိမြ ဖစ် ပါ။ ဒါကြောင့် mascara မသုံးခင် မျက်တောင်မွှေးလေး တွေကို ကော့တံဖြင့်ေ ကာ့တင်ပေး လိုက်တော့ သင့်မျက်လုံးလေးတွေပွင့်သွားစေတာပေါ့။ mascara အရောင်ရွေးချယ်ရခက်နေ ရင်၊ ၂၀၁၄ ခုနှစ်အတွက် ခေတ်အစားဆုံးဖြစ်သော ခရမ်းရောင်သမ်းနေတဲ့ Navy အပြာရောင်လေး ကို ရွေးချယ်လိုက်ပါ (သို့ မ ဟုတ်) မိမိသုံးနေတဲ့ မျက်မှန်ကိုင်း(ဂိုင်း)ထက် အရောင်ရင့်တဲ့ mascara ကို ရွေးပေးနိုင်ပါတယ်။

(အိုင်းလိုင်နာကို မမေ့ပါနှင့်)
မျက်မှန်တပ်သူများအတွက် မျက်လုံးအိမ်ကျယ်သွားသယောင်ဖြစ်စေဖို့  အိုင်းလိုင်နာကို ချန်မထား သင့်ပါဘူး။ အလှတွေ တအား ကြီးပြင်ထားမှန်း မသိသာအောင် အနက်ရောင်အိုင်း လိုင်နာတွေ အ စား၊ အညိုရောင်(သို့ မဟုတ်)Navy ပြာရောင်(သို့ မဟုတ်) ခရမ်းရောင်(သို့ မဟုတ်)ခရမ်းေ ရာင် သမ်းနေတဲ့ မီးခိုးရောင် အိုင်းလိုင်နာကိုသုံးပေးပါ။ (မျက်စိအားနည်းသူတွေမှာ မျက်ဝန်းေ ထာင့် က မျက်ရည်စတွေ ထွက်တတ်တာကြောင့် ရေစိုခံ (Water Proof)အိုင်းလိုင်နာကို သာေ ရွးချ ယ်ပါ)

(နှုတ်ခမ်းနီရင့်ရင့် ဆိုးပေးလိုက်ပါဦး)
မိန်းကလေးအများစုဟာ နေ့ ဖက်မှာ နှုတ်ခမ်းဆိုးဆေးအရောင်ဖျော့ကိုသုံး၍၊ ညပွဲတက်တဲ့အခါ မျိုးေ တွ မှာ နှုတ်ခမ်းဆိုးဆေး အရောင်ရင့်ကို သုံးလေ့ရှိကြပါတယ်။ သို့ သော် မျက်မှန်တပ်သူေ တွ အတွက် နှုတ်ခမ်းဆိုးဆေးအရောင်ဖျော့ဖျော့တွေက ဆွဲ ဆောင်မှု မရှိစေနိုင်ပါဘူး။ ဒါကြောင့် မျက်မှန်တပ်သူများက နေ့ ပွဲတွေရော၊ ညပွဲတွေမှာပါ နှုတ်ခမ်းဆိုးဆေးအေ ရာင် တောက် တော က် ကိုသာသုံးပါ။ အနီရောင်မကြိုက်သူများအဖို့  လိမ္မော်နီရောင်၊ ပန်းဆီရောင်ရင့်ရင့်၊ အုတ်ခဲ ကျိုးရောင် စတဲ့ မိမိအသား အရေ နှင့်လိုက်ဖက်မယ့် နှုတ်ခမ်းနီမျိုးကို ဆိုးပေးပါ။

(မျက်ခုံးမွှေးကို အပြည့်ဖြည့်ပါ)
မျက်ခုံးမွှေးနဲ့ တတန်းတည်းကျတဲ့(သို့ မဟုတ်)မျက်ခုံးမွှေးကိုအုပ်နေတဲ့ မျက်မှန်ကိုင်း(ဂိုင်း)မျိုးကို မသုံးပါနှင့်။ အကယ်၍ မျက် မှန်ကိုင်း(ဂိုင်း)က သင့်မျက်ခုံးမွှေးကိုအုပ်နေပါက၊ မျက်ခုံးဆွဲခဲတံအ ကူ အညီနဲ့  မျက်ခုံးမွှေးရဲ့ အဖျားပိုင်း ၃ပုံ ၂ပုံ ကို မျက်မှန် ကိုင်းထက်ကျော်လွန်အောင် အပေါ် ဘက်သို့ နဲနဲကိုင်းညွှတ်ပြီး ခပ်သာသာထောင်ဆွဲပေးရပါမယ်။ မွေးရာပါ မျက်ခုံးမွှေးပါးလျားေ နသူ များက မျက်ခုံးဆွဲတံဖြင့် မျက်ခုံးအတုဆွဲပေးပါ။ (မျက်ခုံးအတုကြီးမှန်း မသိသာအောင်၊ အညိုေ ရာင် မျက်ခုံးဆွဲခဲတံ ကိုသာ သုံးပေးပါ)

(အိုင်းရှဲဒိုးကို သုံးပေးပါ)
မျက်မှန်တပ်လိုက်တဲ့အခါ၊ မှန်(သို့ မဟုတ်)ကော်မှန်တွေရဲ့ အလင်းတန်ပြန်သက်ရောက်မှုေ ကြာင့် ဘေးလူတွေအမြင်မှာ သင့် မျက်လုံးကို ကျဉ်းပြီးအရောင်ဖျော့နေတယ်လို့ ထင်တတ်ကြ ပါတယ်။ အဲဒီပြဿနာအတွက် မစိုးရမ်ပါနှင့်။ အိုင်းရှဲဒိုးလေးတွေက သင့်မျက်ဝန်းအလှကို အေ ထာက် အပံ့ဖြစ်စေပါလိမ့်မယ်။ သင်ရွေးချယ်ထားသော အိုင်းလိုင်နာ(သို့ မဟုတ်)Mascara ထက် အ ရောင်နဲနဲဖျော့တဲ့ အိုင်းရှဲဒိုးကိုရွေးပေးသင့်ပါတယ်။ နောက်တနည်းအနေဖြင့် သင့်မျက်မှန် ကိုင်း (ဂိုင်း)ထက် အတန်ငယ်အရောင် ရင့်တဲ့ အိုင်းရှဲဒိုးကိုလည်း သုံးပေးနိုင်ပါတယ်။ အလှ အပြ မတ်နိုးသူတိုင်း လှသထက်ပို၍လှနိုင်ကြပါစေ။

Credit : Htet Htet Zaw

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top