iMyanmarHouse.com - Best Property Website for Myanmar
×

ဟောလီးဝုဒ် သရုပ်ဆောင်မင်းသမီး Jessica Alba စတင် တည်ထောင်ထားတဲ့ထားတဲ့ အွန်လိုင်း သဘာဝ ထုတ်ကုန် ကုမ္မဏီဟာ ယခုအခါမှာ လူထုဆီသို့ဦးတည် နေပြီဖြစ်ပြီး ကျွမ်းကျင်သူတွေ ကတော့ ကုမ္မဏီရဲ့တန်ဖိုးဟာ ဒေါ်လာ ၁ ဘီလီယံဝန်းကျင်မှာ ရှိနေပြီလို့သိရပါတယ်။

Jessica Alba ရဲ့ The Honest ကုမ္မဏီကို လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ Chritopher Gavigan နဲ့ ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့ပြီး နောက်ထပ်လုပ်ဖော်ကိုင်ဖက်၂ဦးဖြစ်တဲ့ Sean Kane နဲ့ Brian Lee တို့ပါ ပါဝင်လာကြပြီး ကုမ္မဏီရဲ့ကနဦးမတည်ငွေ ဒေါ်လာ ၅၂ သန်းမှ ယခုအခါတွင် ရင်းနှီးမြှပ်နှံသူများရဲ့ ထပ်တိုးမတည်ငွေ ဒေါ်လာ သန်း၇၀ ထပ်ဖြည့်လိုက် ပြီဖြစ်ပါတယ်။

The Honest ကုမ္မဏီဟာ အိမ်သုံး ပစ္စည်းတွေ ၊ အလှကုန်ပစ္စည်းတွေနဲ့ ကလေးအသုံးအဆောင် ပစ္စည်းတွေကို အဓိက ထုတ်လုပ်ရောင်းချပြီး ယခုအခါ စတော့ ဈေးကွက်အပေါ်မှာ လူသိရှင်ကြား ရပ်တည်နေတဲ့ ကုမ္မဏီတစ်ခုဖြစ်လာပါပြီ။

The Honest ကုမ္မဏီဟာ ၂၀၁၄ ခုနှစ်မှာ ဘဏ္ဍာငွေ ဒေါ်လာ သန်း ၁၅၀ ကျော်ထိ ရလာနိုင်ခြေ ရှိတယ် လို့ Wall Streetဂျာနယ်ရဲ့ ဖော်ပြချက်အရသိရပြီး ၊ ၈၀ ရာခိုင်နှုန်းက သူတို့ထုတ်ကုန်တွေရဲ့ လစဉ်ဝင်ငွေကနေ ရရှိထားတာဖြစ်တယ်လို့သိရပါတယ်။

 Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top