iMyanmarHouse.com - Best Property Website for Myanmar
×










သရဖူဆုရှင်အဖြစ် ထိုက်တန်ခြင်းမရှိသော ကြောင့် အလှမယ် မေမြတ်နိုးကို Miss
 Asia Pacific World 2014 ဆုရှင်အဖြစ်မှ ရပ်စဲကာ သရဖူသိမ်းလိုက်ကြောင်း တောင်
ကိုရီးယားနိုင်ငံမှ Miss Asia Pacific World Organization က သြဂုတ် ၂၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

ယနေ့မှစပြီး မသီရိထက်အောင် (ခေါ်) မေမြတ်နိုးသည် Miss Asia Pacific World 2014 မဟုတ်တော့ကြောင်း အသိပေးအပ်ပါသည်။ ဆုရှင်တစ်ယောက်အဖြစ် ရွေးချယ်ရန်မှာ ကိုယ်ရည်ကိုယ်သွေးနှင့် အဖွဲ့အစည်းကို သစ္စာစောင့်သိမှု၊ နှစ်လိုဖွယ်ကောင်းသော အကျင့်စရိုက်တို့က အလွန်အရေးကြီးပါသည်။ သို့သော်လည်း မေမြတ်နိုး၏ သဘောထားများသည် Miss Asia Pacific World မယ်ဆုရှင်အဖြစ် မည်သည့်အခါမှ ထိုက်တန်ခဲ့ခြင်းမရှိပါဟု ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

‘‘လှနု တကယ်စိတ်မကောင်းဘူး။ ပထမဆုံးရခဲ့တဲ့ သရဖူလေ။ မြန်မာလူမျိုးတွေ တက်ညီလက်ညီ အကုန်လုံးလုပ်ခဲ့ကြတာလေ’’ဟု Miss Asia Pacific World Myanmar Organization မှ မလှနုထွန်းကပြောသည်။

မေမြတ်နိုးသည် မြန်မာနိုင်ငံရှိ Main Organization တာဝန်ရှိသူများ၊ မီဒီယာနှင့် ပရိသတ်များကို မလေးမစားပြုလုပ် လိမ်လည်မှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏မိခင်ဖြစ်သူကလည်း ကိုရီးယားသို့လိုက်ပါရန် တရားမဝင် သုံးလဗီဇာ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

မေမြတ်နိုးသည် အနုပညာအလုပ်များ လုပ်ကိုင်ရန် တောင်ကိုရီးယားနိုင်ငံသို့ သြဂုတ် ၁၈ ရက်က သွားရောက်ခဲ့ပြီး သုံးလကြာနေထိုင်မည်ဟု တောင်ကိုရီးယားသို့ မသွားမီက ပြောကြားခဲ့သည်။

မေမြတ်နိုးကို ယခုကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် ကြိုးစားသော်လည်း ပြည်ပရောက်နေခြင်းကြောင့် ဆက်သွယ်မရခဲ့ပေ။


Credit : 7Day News Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top