iMyanmarHouse.com - Best Property Website for Myanmar
×









စာဖတ်သူတို့မှာ မိတ်ဆွေမြောက်များစွာ ရှိပါလိမ့်မယ်။ ဘဝ မအောင်မြင်သေးချိန် တွဲနေတ့ မိတ်ဆွေတွေရှိလိမ့်မယ်။ အောင်မြင်ချိန် ရလာမယ့် မိတ်ဆွေတွေ ရှိလိမ့်မယ်။ အောင်မြင်ချိန် ဖယ်ခွာသွားမ့ယ် မနာလို မိတ်ဆွေလည်း ရှိလိမ့်မယ်။ ကျရှုံးချိန် ဖယ်ခွာမယ့် မိတ်ဆွေလည်း ရှိလိမ့်မယ်။ ကျရှုံးချိန် ရောက်သည့်တိုင် အတွဲမပျက်တဲ့ မိတ်ဆွေတွေလည်း ရှိလိမ့်မယ်။

ဒါကြောင့် လောကမှာ လူတွေများသလို၊ အသိတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေ လည်း အသက်ရှိသလောက် မြောက်များစွာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာ ဘာ ဂုဏ်ပကာသဏ၊ ပညာအရည်အချင်းနဲ့ ငွေကြေးတို့ မရှိခင်ကတည်းက ပေါင်းဖက်လာပြီး ဘယ်အခြေအနေ ရောက်ရောက် အရောင် မပြေင်းလဲသွားတတ်တဲ့ မိတ်ဆွေဆိုတာ ကတော့ ရှားပါတယ်။ သင့်ဆီမှာ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါဟာ မိမိရဲ့ ရှေးဘဝ ကုသိုလ်ကံကောင်းတဲ့ ရေစက်ကြောင်း ယခု ဘဝမှာ မိတ်ဆွေကောင်း ပြန်လည် ကြုံတွေ့ရခြင်း ပါ။

ဒါကြောင့် အဲ့ဒီလို သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေ ရှိရင် တန်ဖိုးထား မြတ်နိုး တတ်ကြဖို့ တိုက်တွန်း ရေးသား လိုက်ရပါတယ်။

Credit : innewsmyanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top