iMyanmarHouse.com - Best Property Website for Myanmar
×








Miss Golden Land Myanmar Organization မှ ကြီးမှူးကျင်းပတဲ့ နိုင်ငံတကာအဆင့်မှီအလှမယ်  ပြိုင်ပွဲ ၅ ခုသို့ သွားရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအလှမယ် ၅ ဦးစိစစ် ရွေးချယ်ပွဲကို သြဂုတ်လ ၂၁ ရက် ည ၉နာရီခန့်က MCC ခန်းမ မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ အလှမယ်များအား ရွေးချယ်နိုင်ရန် ဖေဖော်ဝါရီလမှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသမီးငယ်လေးများရဲ့ လျှောက်လွှာများကို လက်ခံပေးခဲ့ပြီး လျှောက်လွှာရှင် ၄၆၄ ဦး အနက်မှ ပြိုင်ပွဲများ အဆင့်ဆင့် ကျင်းပကာ အလှမယ် ၅ ဦးကို ရွေးချယ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် Miss Earth ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အိမွန်ခိုင်ကလည်းကောင်း၊ ပိုလန်နိုင်ငံတွင် ကျင်းပမည့် Miss Supranational ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဟန်သီက လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ကျင်းပမည့် Miss Grand international ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် အမ်ဂျာဆိုင်းကလည်းကောင်း၊ ဂျော်ဒန်နိုင်ငံတွင်ကျင်းပမည့် Miss Intercontinantal ပြိုင်ပွဲသို့မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အိန်ဂျယ်လမုန်းကလည်းကောင်း၊ ထိုင်ဝမ်တွင် ကျင်းပမည့် Face of Beauty International ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဟယ်လင်မျိုးကိုက လည်းကောင်း အသီးသီး သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြပါတယ်။


အမျိုးသမီးလေးများဧ။် လှပကြော့ရှင်းမှု၊ ကျန်းမာကြံ့ခိုင်မှု၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားမှု၊ ပရဟိတစိတ်ဓာတ်နဲ့စာရိတ္တမြင့်မားကောင်းမွန်မှု၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုနဲ့ နိုင်ငံတကာ ကိုယ်စိတ်နှစ်ပါးဆိုင်ရာ အမျိုးသမီးကောင်းများအဖြစ်စိစစ်ရွေးချယ်ခြင်းနှင့် လေ့လာသင်ကြားခြင်းကို ပြုလုပ်ခဲ့ပြီး စနစ်တကျရွေးချယ်ပေးခဲ့ကြောင်း Miss Golden Land မြန်မာအလှမယ် ဟန်သီကပြောသည်။ ဆုကြီး ငါးဆုအပြင် Missologist ‘s ဆုကို ဟန်သီကလည်းကောင်း၊ Media ‘s Choice ဆုကို အိန်ဂဂျယ်လမုန်းကလည်းကောင်း ၊ Social Media Presentation ဆုကို သန္တာကိုကလည်းကောင်း၊ Top Model ဆုကို သင်းသဲဗိုလ်ကလည်းကောင်း၊ Best in Talent ဆုကို ဟယ်လင်မျိုးကိုကလည်းကောင်း၊ Best In Evening Crown ဆုကို အိမွန်ခိုင်ကလည်ေးကာင်း Myanmar ‘s Choice ဆုကို ဟန်သီကလည်းကောင်းအသီးသီး ရရှိခဲ့ကြပါတယ်။

Credit : Trend Myamar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top