iMyanmarHouse.com - Best Property Website for Myanmar
×

The Sign of Love ဇာတ်လမ်းတွဲနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာခဲ့သူ ကောင်းမြတ်စံဟာ ခုလတ်တလောမှာ VCD တွေ၊ ဆေးကြော်ငြာနဲ့ Pepsi ကြော်ငြာရိုက်ထားတယ်လို့ သိရပြီး ကမ်းလှမ်းလာတဲ့ ဇာတ်ကားတွေကိုလည်း သူ့ကာရိုက်တာနဲ့ ကိုက်ညီရင် လက်ခံရိုက်ကူးနေပါတယ်တဲ့။ ကောင်းမြတ်စံရဲ့ ထူးခြားတဲ့ အကျင့်တွေထဲမှာ သုံးလတစ်ခါဆိုသလို သူ့ရဲ့ပုံစံ၊ ကာရိုက်တာတို့ကို ပြောင်းလဲပစ်လေ့ရှိပါတယ်တဲ့။ ဒါ့ကြောင့် သူ့ရဲ့ပုံစံဖြစ်တဲ့ ဖက်ရှင်ပိုင်းကို နည်းနည်းတီးခေါက်ကြည့်လိုက်တဲ့အခါ “လတ်တလောမှာ ဝတ်ဖြစ်နေတဲ့ ဖက်ရှင်စတိုင်လ်က ခပ်မိုက်မိုက် ပုံစံတွေ ဝတ်ဖြစ်တယ်။ အရင်ကတော့ Gentelmen ဆန်တဲ့ ပုံစံမျိုးတွေ ဝတ်ဖြစ်တာထက် အခုနောက်ပိုင်းမှာတော့ နည်းနည်း လူငယ်ဆန်တဲ့ ဖက်ရှင်မျိုး ဝတ်ဖြစ်တာများတယ်။”လို့ သူက ဆိုပါတယ်။

ခုနောက်ပိုင်း ကိုရီးယားဖက်ရှင်ပုံစံတွေ ခေတ်စားလာတာနဲ့ပတ်သက်ပြီးတော့လည်း သူက “ကျွန်တော်ထင်တာကတော့ ကိုရီးယားဖက်ရှင်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ထိတော့ ခေတ်စားပါတယ်။ အခုနောက်ပိုင်းမှာတော့ ယိုးဒယားဖက်ရှင် ဘက်ကို ပိုကြိုက်နေကြတယ်လို့ မြင်ပါတယ်။ လူတွေရဲ့ပုံစံအနေအထားတွေကအစ ထိုင်းရဲ့ဖက်ရှင်ဘက် ကိုပိုပြီး လုပ်လာကြတယ်လို့ ကျွန်တော်မြင်တယ်။ ဆံပင်ပုံစံတွေက အစပေါ့”တဲ့။

Credit : Trend Myamar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top