iMyanmarHouse.com - Best Property Website for Myanmar
×








The Face Of Myanmar ၂၀၁၄ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်းနဲ့ Miss Face Of Myanmar ဆုကိုရရှိခဲ့သူ၊ ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia New Model Contest မှာသွားရောက်ယှဉ်ပြိုင်ခဲ့ရာကနေ နိုင်ငံကိုယ်စားပြုအနေနဲ့ Tittle ဆုနှစ်ဆုရရှိသူ၊ ဒါတွေအပြင် မြန်မာနိုင်ငံခရီးသွားလာရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များအဖွဲ့မှ ကြီးမှူးကျင်းပတဲ့ Miss Myanmar International ပြိုင်ပွဲမှာလည်း  2nd  Runner Up ဆုရရှိခဲ့တဲ့ လှပျိုဖြူကတော့ သဒ္ဒါMariah ပဲဖြစ်ပါတယ်။ သူမနဲ့ တွေ့ဆုံခိုက် Miss Myanmar International ပွဲမှာ ရရှိခဲ့တဲ့ ဆုအကြောင်း မေးမြန်းကြည့်လိုက်တော “ညီမဒီMiss Myanmar International ပွဲမှာ အခုလို2nd Runner Up ဆုရခဲ့တာ အရမ်းပဲဝမ်းသာပါတယ်။ အမှန်အတိုင်း ပြောရရင် သဒ္ဒါမှာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ၊ တော်တော်များများ ရှိနေသေးတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲဒီလို လိုအပ်ချက်တွေ အများကြီးရှိခဲ့တာတောင်မှ ပရိသတ်တွေက အခုလိုမျိုးအားပေး ခဲ့တာတွေရော၊ ဒိုင်လူကြီးတွေရော အားလုံးကပါ အသိအမှတ်ပြုပေးခံရတာကိုတွေ့ရတော့ အရမ်းပဲ ဝမ်းသာမိပါတယ်။ ညီမအနေနဲ့ ရှေ့ဆက်ပြီးတော့လည်း မြန်မာ Tourism Federation နဲ့ လက်တွဲပြီးတော့ ပဲ သဒ္ဒါတို့ရဲ့ မြန်မာကို ကမ္ဘာကသိအောင်လို့  ကြိုးစားသွားမယ်။ နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့သူ တစ်ယောက် ဖြစ်အောင်လို့ ကြိုးစားသွားမယ်။ ပြီးတော့ သဒ္ဒါ ဝါသနာပါတဲ့ Modelling အလုပ်ကို ဆက်လုပ်သွားမယ်။”လို့ သူမက ပြောပြသွားပါတယ်။

သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း သဒ္ဒါMariah ဟာ ရုပ်ရှင်ကုမ္မဏီ နှစ်ခုက ကမ်းလှမ်းထားမှုအပေါ် လက်ခံသင့်မသင့် စဉ်းစားနေတယ်လို့ ဆိုပါတယ်။  လတ်တလော သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ မဂ္ဂဇင်း၊ ဂျာနယ်ကာဗာတွေအတွက် ဓာတ်ပုံရိုက်ဖြစ်နေတယ်လို့ သိရပြီး မော်ဒယ်လ်ရှိုးတွေ လျှောက်ဖြစ် နေပါတယ်တဲ့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top