iMyanmarHouse.com - Best Property Website for Myanmar
×

အခုနောက်ပိုင်းအသားအရေလှပကြည့်ကောင်းစေဖို့ BB နဲ့ CC ခရင်မ်တွေ
ကိုရွေးချယ်သုံးစွဲလာကြပါတယ်။ခရင်မ်ကိုလက်ညိုးထိပ်နဲ့ထိတွေ့လိမ်းချယ်
ရုံနဲ့မျက်နှာပေါ်ကအမာရွတ်၊အမည်းစက်လို အပြစ်အနာအစာတွေကိုလျော့...
ပါးစေပြီးရေဓာတ်ပြည့်ဝကာအသားအရေကိုပိုမိုချောမွေ့ကြည်လင်စေပါ
တယ်။ BB နဲ့CC ခရင်မ်မှာအိုမင်းမှုတား ဆီကြည်၊နေကာခရင်မ်၊နီးမြန်းမှုနဲ့
အမည်းစက်တွေလျော့ပါးစေတဲ့ခရင်မ်နဲ့အင်တီအောက်စီးဒင့်တွေပါဝင်
ပါတယ်။

BB Cream
အပြစ်အနာအဆာများကိုဖုံးအုပ်ပေးသောခရင်မ်
BBခရင်မ်ကိုခွဲစိတ်ပြီးချိန်မှာလူနာရဲ့အရေပြားကိုကာကွယ်ပေးဖို့ရည်ရွယ်
ချက်နဲ့ဂျာမန်အရေပြားအထူးကုဆရာဝန် ဒေါက်တာ ခရစ္စတင်းက 1960
မှာစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ဒီခရင်မ်ဟာအရေပြားကိုလင်းလက်
တောက်ပစေပြီးချောမွေ့စေပါတယ်။"ကြွေရောင်တောက်ပနေတဲ့အသားအ
ရေဟာအာရှနိုင်ငံအများစုမှာအလွန်အမင်းကျော်ကြားလာပါတယ်။ဒါ့ကြောင့်
ဒီခရင်မ်ကိုအမည်းစက်တွေ၊အသားအရောင်မညီညွတ်တာတွေနဲ့ဝက်ခြံ
အမာရွတ်တွေကိုလျော့ပါးသက်သာစေဖို့ရည်ရွယ်ချက်နဲ့သုံးကြပါတယ်။"
လို့အသားအရေထိန်းသိမ်းသူတွေကဆိုပါတယ်။
BBခရင်မ်မှာမူလပါဝင်တဲ့ပစ္စည်းတွေကိုပြုပြင်ပြီးနေရောင်ကာနိုင်စွမ်းထည့်
သွင်းလိုက်တာကြောင့်အခုနောက်ပိုင်းပေါ်လာတဲ့ခရင်မ်တွေဟာအသားအ
ရေကိုပြုပြင်ပေးရုံသာမကအရွယ်မတိုင်ခင်အိုမင်းမှုမဖြစ်အောင်လည်းကာ
ကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင်အသားအရေကိုအဆီနဲ့တောက်ပမှုတို့ညီမျှ
အောင်ထိန်းချုပ်ပေးနိုင်ပါတယ်။

CC Cream
အသားအရေကြည်လင်လှပစေသောခရင်မ်
CCခရင်မ် ကိုBBခရင်မ်ထက်ပိုပြီးရင့်ကျက်တဲ့အသွင်ဖန်တီးထားတာဖြစ်ပြီး
အိုမင်းမှုလက္ခဏာတွေကိုလျော့ပါးစေတဲ့အပြင်အသားအရောင်ကိုကြည့်
ကောင်းလင်းလက်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်။နွမ်းနယ်အိုမင်းနေတဲ့
အသားအရေဟာ CCခရင်မ်လိမ်းပြီးချိန်မှာနီမြန်းမှုလျော့ကျပြီးမက်မွန်သီး
ရောင်တောက်ပလာပါတယ်။ CC Cream ကို BB Cream ထက်ပိုပြီးကောင်း
မွန်တဲ့အသွင်ဖော်မြူလာနဲ့အနည်းငယ်ပိုပြစ်အောင်ပြုလုပ်ထားပါတယ်။နေ
ရောင်ကာနိုင်စွမ်းရှိပြီးအရေးကြောင်းတွေ၊ပါးရေတွန့်တာနဲ့အရေပြားရောင်
ခြယ်ပစ္စည်းထွက်ရှိမှုလျော့ကျစေတဲ့ပါဝင်ပစ္စည်းတွေထည့်သွင်းထား
ပါတယ်။

Credit : Good Health

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top