iMyanmarHouse.com - Best Property Website for Myanmar
×











လာမည့်နှစ် ၂၀၁၅ ခုနှစ် ပေါ့ပ် ဘုရင်မ မက်ဒေါနားသည် အယ်လ်ဘမ်သစ် ဖြန့်ချီသွားမည် ဖြစ်ကြောင်း သတင်းများက ဆိုထားကြသည်။ မက်ဒေါနားသည် လာမည့် နှစ်တွင် အင်တာစကုပ် ရက်ကော့ဒ် မှ ၎င်း၏ အယ်လ်ဘမ် အသစ်ကို ဖြန့်ချိသွားရန် စီစဉ်လျက် ရှိသည်။

အသက် (၅၆) နှစ် အရွယ်ရှိ အဆိုတော်၏ ကိုယ်စားလှယ်များက မက်ဒေါနားသည် လက်ရှိ အချိန်တွင် စတူဒီယို အတွင်းတွင် အချိန် ကုန်လျက် ရှိနေပြီး ထွက်ရှိလာမည့် အယ်လ်ဘမ်မှာ ၎င်း၏ (၁၃) ခုမြောက် အယ်လ်ဘမ် ဖြစ်သည်ဟု ဆိုထားကြသည်။ မက်ဒေါနား၏ မန်နေဂျာဖြစ်သူ ဂိုင်းအော်ဆရီက ““အခု အချိန်မှာ မက်ဒေါနားဟာ စတူဒီယိုထဲမှာ  ဒီပလိုနဲ့ အတူ အချိန် ကုန်နေပြီး အတော်လေး ပျော်နေပါတယ်”” ဟု ဘေဘုတ်ဒ် စာစောင်အား ပြောကြား ထားသည်။

 မက်ဒေါနားနဲ့ ဒီပလို တို့သည် ပေါ့ သီချင်းဖြစ်မည့် သီချင်းသုံးပုဒ်ကို အနည်းဆုံး ပူးတွဲ ဖန်တီး ထားကြပြီး ယင်းတို့ အနက် တစ်ပုဒ်မှာ “Super Weird” ဖြစ်သည်။ ထို့အပြင် မက်ဒေါနား သည် အခြား နာမည်ကျော် အဆိုတော် တစ်ဦး ဖြစ်သည့် အယ်လစ်ရှားကီးစ် နှင့် လည်း ပူးတွဲ ဖန်တီး ထားသည့် ရုပ်ပုံများ ကိုလည်း အင်စတာ ဂရမ်တွင် ဖော်ပြ ထားသည်။

အထက်ပါ ဂီတပညာရှင် တို့ အပြင် အခြား ဂီတ ပညာရှင်များ နှင့် ပူးတွဲ ဖန်တီးမှုများလည်း ၄င်း၏ ထွက်ရှိလာမည့် အယ်လ်ဘမ် အသစ်တွင် ပါဝင်ဖွယ် ရှိသည်ဟုလည်း မက်ဒေါနားက ဆိုထားသေးသည်။ စွယ်စုံရ အနုပညာရှင် တစ်ဦး အဖြစ် ဆိုနိုင်သည့် မက်ဒေါနားသည် ဂီတ အလုပ် သရုပ်ဆောင် အလုပ် နှင့် ဒါရိုက်တာ အလုပ် တို့ကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်စွမ်း ရှိသူ ဖြစ်သည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top