iMyanmarHouse.com - Best Property Website for Myanmar
×









သင်ဟာ အလုပ်တွေပင်ပန်းပြီး အားအင်ကုန်ခမ်း နေတယ်လို့ ခံစားလာရတဲ့အခါမှာ ခြေကုန်လက်ပန်းကျကာ စိတ်ပျက်လာတတ်ပါတယ်။ အဲဒီတော့ သင့်ရဲ့မောပန်းနွမ်းနယ်မှုတွေကို ဖယ်ရှားပေးနိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လှုပ်ရှားမှုပြုလုပ်ပါ

သင်ဟာ တစ်နေကုန် အလုပ်တွေ ပင်ပန်းပြီး အားအင် ကုန်ခမ်းနေပေမယ့် တစ်နေ့ကို ၁၅ မိနစ် လောက် လမ်းလျှောက်ပေးခြင်းဟာ သင့် ကိုလန်းဆန်းမှုတွေ ပြန်လည်ရရှိစေမှာပါ။

၂။ရေသောက်ပါ

သင် ပင်ပန်းနေခြင်းဟာ အထူးသဖြင့် ရေဓါတ်ခမ်းခြောက်မှုကြောင့်ပဲဖြစ်ပါတယ်။ ရေတစ်ခွက်လာက် သောက်သုံးလိုက်ခြင်းအားဖြင့် သင်ဟာ လန်းဆန်းမှုကိုပြန်လည်ရရှိနိုင်ပါတယ်။

၃။ကဖိန်းဓါတ်ကိုဖြတ်တောက်ပါ

လေ့လာမှုတွေနဲ့ သီအိုရီတွေအရတော့ ပင်ပန်းမှုတွေကိုလျှော့ချဖို့ ကဖိန်းဓါတ်မှီဝဲခြင်းနဲ့ ကဖိန်းပါဝင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

၎။ယမကာသောက်သုံးမှုကိုလျှော့ပါ

အိပ်ယာဝင်ခါနီးမှာ အရက် ယမကာသောက်သုံးခြင်းဟာ မနက် အိပ်ရာနိုးတဲ့အခါမှာ ပင်ပန်းမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ယာဝင်ခါနီး ၂ နာရီ နဲ့ ၃ နာရီ အတွင်း အရက် သောက်သုံးခြင်းကို ဆင်ခြင်သင့်ပါတယ်။

၅။ စောစောအိပ်ပြီး စောစောထပါ

အိပ်ရေးမ၀ခြင်းဟာလည်း တစ်နေကုန် ပင်ပန်းနွမ်းနယ်နေမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဖို့အတွက် စောစောအိပ်ပြီး စောစောထပါမှ တစ်နေကုန် လန်းဆန်းမှုကိုရနိုင်မှာပါ။

၆။စိတ်ဖိစီးမှုကိုလျှော့ချပါ

စိတ်ဖိစီးမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ပင်ပန်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။ Gym ကစားခြင်း နဲ့ ရေကူးခြင်းလိုမျိုး အနားယူခြင်းတွေဟာ သင့်ကို စိတ်ပျော်ရွှင်စေတဲ့အတွက် စိတ်ဖိစီးမှုတွေကိုလျော့ကျစေမှာပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top