iMyanmarHouse.com - Best Property Website for Myanmar
×










သင့်ချစ်သူဟာ သင်တို့နှစ်ဦးကြားက ဆက်ဆံရေး၊ အချစ်ရေးကို အရမ်းအလေးထားလွန်းသူ ဟုတ်မဟုတ်ဆိုတာ ခုပြောပြပေးမယ့် အချက်ကလေးတွေကို ကြည့်ရင် သိသာစေပါလိမ့်မယ်။

၁။ကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ့်ကိုအမြဲအသိပေးတယ်။

အစီအစဉ်ဆွဲရတော့မယ့် ကိစ္စမျိုးကို ကိုယ့်ကိုအရင်ဖုန်းဆက်ပြီး အသိပေးတယ်။ ကိုယ့်ဆီကအကြံဥာဏ်ကိုယူတတ်တယ်။

၂။ကိုယ့်ဆီက တစ်နေ့လုံးနီးပါး ဘာသံမှမကြားရဘူးဆိုတာနဲ့ သူစိတ်တိုရော။

အလုပ်များနေလို့ မတ်ဆေ့ခ်ျလေး မပို့မိတာ၊ ဖုန်းမခေါ်မိတာမျိုးဆိုရင် သူ့ကို မေ့နေတာလားဆိုပြီး စိတ်တိုတတ်တယ်။ ကိုယ့်ကိုရစ်တတ်တယ်။

၃။ရှေ့ရေးကို အမြဲတိတိကျကျ ပြောပြတတ်တယ်။

ကိုယ်တို့ဘယ်အချိန် လက်ထပ်မယ်၊ ဘယ်အချိန်ကလေးယူကြမယ် စသဖြင့် စနောက်ပြောဆိုတာမျိုး မဟုတ်ပဲ အတိအကျပြောတတ်တယ်။

၎။သူနှစ်သက်တဲ့နေရာတွေ ကိုယ့်ကို ခေါ်သွားတတ်တယ်။

သူအနှစ်သက်ဆုံး နေရာမျိုးတွေ၊ အပန်းဖြေစခန်းမျိုးတွေကို ကိုယ့်ကို ခေါ်သွားတတ်တယ်။

၅။သူ့သူငယ်ချင်းတွေကလည်း သင့်ကို ဖေ့စ်ဘွခ်မှာ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားလာကြမယ်။

ဖေ့စ်ဘွတ်ခ်မှာ သူ့သူငယ်ချင်းတွေအားလုံးက fri request တွေ ပို့လာကြပြီဆိုရင် ဒါဟာ သူတို့သူငယ်ချင်း အတည်တွဲနေတဲ့ ကောင်မလေးကို ခင်မင်ချင်ကြလို့ပါပဲ။

၆။သင်နေမကောင်းရင် တစ်ညလုံး စိတ်ပူပြီး သူ မအိပ်ပဲ စောင့်နေပေးမယ်။

သင့်ဘေးမှာ မဟုတ်ရင်တောင် သင်အဖျားတက်နေတဲ့အချိန် သူက မအိပ်ပဲ သင့်အခြေအနေကို စောင့်ကြည့်နေမှာပါ။ သူ ဘယ်လိုမှ အိပ်ပျော်မှာ မဟုတ်ပါဘူး။

၇။သင့်မိဘဆွေမျိုးနဲ့ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် သူနေတယ်။

သင့်ကိုရေရှည်စဉ်းစားထားတဲ့သူမှသာ မိဘဆွေမျိုး၊ သင့်သူငယ်ချင်းတွေနဲ့ အဆင်ပြေပြေနေမှာပါ။ ရေရှည်အတွက် စိတ်ကူးမထားရင်တော့ အားလုံးနဲ့ မျက်နှာချင်းမဆိုင်ရအောင် နေပါလိမ့်မယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top