iMyanmarHouse.com - Best Property Website for Myanmar
×









► အရေးအကြောင်းဆိုတာ အသားအရေမှာရှိတဲ့ Collagen နဲ့ Elastin တွေဟာ အသားအရေကို တင်းရင်းနုပျိုအောင် လုပ်ဆောင်ပေးတဲ့ အရာတွေပေါ့။ အသက်ကြီးလာတာနဲ့အမျှ အဲ့ဒီ Collagen တွေ Elastin တွေ ဆုံးရှုံးလာပြီး အရေးအကြောင်းတွေ အသားအရည်တွဲကျတာတွေ ဖြစ်ပေါ်လာရတယ်လေ။ အသက် ၂၅ နှစ်နောက်ပိုင်းကစပြီး အသားအရေဟာ စတင်အိုမင်းစပြုလာပါပြီတဲ့။ ဒါတွေဟာ့ အသက်ကြီးလာတာနဲ့အမျှ ရှောင်လွှဲလို့မရတဲ့အရာတွေဆိုတာမှန်ပါတယ်။ ဒါပေမယ့် အားလုံးတွေ့ဖူးမှာပေါ့။ ရွယ်တူအချင်းချင်းတောင် တချို့က ပိုအိုသလိုဖြစ်နေတာမျိုးလေ။ အရေးအကြောင်းဖြစ်ပေါ်လာခြင်းကို တားဆီးလို့မရပေမယ့် ပုံမှန်ဖြစ်ပေါ်နှုန်းထက် ပိုမြန်မြန်မဖြစ်အောင်တော့ ထိန်းသိမ်းနိုင်တယ်လို့ယူဆတယ...်။

► အရေးအကြောင်း ဖြစ်ပေါ်ရခြင်းအကြောင်းများ
အသက်ကြီးလို့ အရေးအကြောင်းဖြစ်တာမျိုးကို ခဏထား။ အဲ့လိုမဟုတ်ဘဲ တခြားဘယ်လိုအကြောင်းအရာတွေကအရေးအကြောင်းတွေပိုမြန်မြန်ဖြစ်စေလဲဆိုတာ လေ့လာရအောင်နော်…

၁)အရေးအကြောင်းဖြစ်ပေါ်စေတဲ့အဓိကတရားခံကတော့ ခြောက်သွေ့တဲ့အသားအရေပါ။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေမှာ အရေးအကြောင်းဖြစ်ဖို့ ပိုလွယ်ကူတယ်။ ငယ်ရွယ်တုန်းမှာ အဆီပြန်တဲ့အသားအရေ/ပုံမှန်အသားအရေ ပိုင်ဆိုင်ရာကနေ အသက်ကြီးလာမှ ခြောက်သွေ့တဲ့အသားအရေကို ပြောင်းလဲသွားတာတွေလည်း ရှိတယ်။

၂) နေရောင်နဲ့ ထိတွေ့မှုများခြင်းကြောင့်လည်း အိုမင်းရင့်ရော်မှုနှုန်းကို မြန်ဆန်စေတယ်။ အရေးအကြောင်းဖြစ်ပေါ်ရတဲ့ ၉၀ ရာခိုင်နှုန်းဟာ နေရောင်ကြောင့်ပါတဲ့။

၃) စီးကရက်မှာပါဝင်တဲ့ Chemical တွေဟာ သဘာဝ Collagen နဲ့ Elastin တွေကို ပျက်စီးစေပြီး ၄၀ ရာခိုင်နှုန်းလောက် အသားအရေကို ပါးလွှာစေပါတယ်။

၎) တချို့ဆေးဝါးတွေနဲ့ Thyroid တို့ ဆီးချိုတို့လို ရောဂါတွေဟာလည်း အသားအရေကို ခြောက်သွေ့စေပါတယ်။

► ဆောင်ရန်၊ ရှောင်ရန်
ဘာကြောင့်ဖြစ်လဲဆိုတာ သိပြီဆိုရင် ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာ ဆက်ပြောပြမယ်နော်…

၁) အသားအရေကို အစိုဓာတ်ထိန်းပါ။ Moisturizer ပုံမှန်လိမ်းပါ။

၂) အငံ လျော့စားပါ။ အငံလျော့စားခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။

၃) ငါးကြီးဆီ စားပါ။ ငါးကြီးဆီမှာ ပါဝင်တဲ့ Omega 3 ဟာ အသားအရေအတွက်တင်မကဘဲ နှလုံးအတွက်ပါ အထူးသင့်တော်တယ်လေ။ ငါးကြီးဆီမစားချင်ရင် ပင်လယ်ငါးတွေ စားပေးပေါ့။ Salmon လို ငါးမျိုးတွေမှာလည်း Omega 3 ပါတယ်။

၎) ရေများများသောက်ပါ။ အစားအသောက်ဆင်ခြင်ပါ။ Antioxidant များများပါတဲ့ အသီးအနှံတို့ ဟင်းသီးဟင်းရွက်တို့ ပိုစားပါ။ အရက်နဲ့ ဆေးလိပ်ကို ရှောင်ပါ။

၅) အနည်းဆုံး SPF 30 လောက်ပါဝင်တဲ့ Sunscreen လိမ်းပါ။ နေပူထဲထွက်မယ်ဆို နေကာမျက်မှန်တပ်ပါ။

၆) တနေ့ ၈ နာရီ ပုံမှန်အိပ်ပါ။ အိပ်ရေး၀၀အိပ်ပါ။ ဘေးစောင်းအိပ်ခြင်းဟာလည်း အသားအရေကို လျော့တွဲလွယ်စေပါတယ်တဲ့။

၇) စိတ်ဖိစီးမှုကို လျော့ချပါ။ အားကစားလုပ်ခြင်း တရားထိုင်ခြင်းနဲ့ အသက်၀၀ရှုခြင်းဟာ စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။

၈) Anti-wrinkle cream တွေဟာ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တဲ့အတွက် အသားအရေကို ပိုတင်းရင်းနုပျိုစေတယ်။ မျက်နှာမှာဆို ပထမဆုံးပေါ်တတ်တာ မျက်လုံးနားက အရေးအကြောင်းတွေပေါ့။ အဲ့ဒါတွေကို Anti-wrinkles eye cream တွေနဲ့ ကာကွယ်နိုင်ပါတယ်။

Credit : နှင်းဆီဖူးလေးများ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top