iMyanmarHouse.com - Best Property Website for Myanmar
×










(၁) အလုပ်အတွက် လိုအပ်သော စာရွက်စာတမ်းများကို ရုံးခန်းအတွင်း လိုက်ရှာပါ့မယ်။ အလိုရှိသော စာရွက်စာတမ်းတွေ မတွေ့ဘူးဆိုရင် ဝယ်လို့ ရတာတွေကို ဝယ်ပါ့မယ်။

(၂) အလုပ်မလုပ်ခင် စိတ်ကြည်နှုးမှုတွေကို ရဖို့အတွက် နှစ်အတန်ကြာ မတွေ့ရသော ဆွေမျိုးများနှင့် သူငယ်ချင်းတွေဆီကို ဖုန်းဆက်ပါ့မယ်။ ထို့နောက် သူတို့အကြောင်း တွေကို မေးပြီး ကိုယ့်အကြောင်းတွေကို ပြောပြပါ့မယ်။

(၃) သန့်ရှင်းရေး လုပ်ပါ့မယ်။ အလုပ်မလုပ်ခင် ကွန်ပျူတာ၊ စာရေးစာပွဲ စသော နေရာတွေကို သန့်ရှင်းရေး လုပ်ခြင်းအား ကျန်းမာရေး အတွက် ကောင်းသလို အလုပ်လုပ်ချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။

(၄) ပင်ပန်းမှုတွေကို အမောဖြေဖို့အတွက် ကော်ဖီသောက်ပါ့မယ်။ ကော်ဖီသောက် တာဟာ စိတ်ကို လန်းဆန်းတက်ကြွစေတဲ့ အပြင် အလုပ်လုပ်ချင်စိတ်ကို ပြင်းပြ လာစေနိုင်ပါတယ်။

(၅) ပြဿနာတွေ အကြောင်းကို စဉ်းစားပါ့မယ်။ ကုမ္ပဏီမှာ ဖြစ်ပေါ်ခဲ့သော ပြဿနာတွေ အကြောင်းကို စဉ်းစားခြင်းအားဖြင့် နောင်တွင် မဖြစ်ပေါ်အောင် ဟန့်တားနိုင် စေပါတယ်။

(၇) နောက်ဆုံးမှာတော့ အလုပ်ကို ဘယ်လိုလုပ်ဆောင် ရမလဲဆိုတာကို စဉ်းစားပါတော့မယ်။ ထို့ပြင် လုပ်ငန်းကို ဒီအထက်မက အောင်မြင်ရန်နှင့် လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်နိုင်ရန် စဉ်းစားပြီင်္းသည့် နောက်တွင် စတင် အလုပ် လုပ်ပါတော့မယ်။

အလုပ်တစ်ခု စတင်လုပ်တော့မယ် ဆိုရင် အထက်ပါ နည်းလမ်းများကို ရှောင်ကြဉ်သင့်ပါတယ်။ ထိုနည်းများသည် ပျင်းသောသူ တစ်နည်း ညံ့ဖျင်းသော သူများ လိုက်နာ ကျင့်ကြံကြသော နည်းလမ်း တွေဖြစ်ကြပါတယ်။ ဒါကြောင့် မိမိဟာ အောင်မြင်သူ တစ်ယောက် ဖြစ်ချင်တယ် ဆိုပါက တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ 


Credit : yoyarlay 

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top