iMyanmarHouse.com - Best Property Website for Myanmar
×














၁) သင့်နောက်ကွယ်မှာ အတင်းပြောနေသူတွေကြောင့် စိတ်သောက မရောက်ပါနဲ့... သူတို့ဟာ သူတို့ကိုယ်ပိုင်ဘဝရဲ့ မှားယွင်းမှုတွေကို ရှာဖွေပြင်ဆင်မယ့်အစား သင့်အမှားတွေကိုရှာနေတတ်တဲ့ သူတွေသက်သက်ပါပဲ...

၂) လက်လျှော့တော့မယ်လို့ တွေးမိတဲ့အခါတိုင်း သင်ဆုံးရှုံးတာကို မြင်ချင်တဲ့သူတွေရဲ့ အကြောင်းကို စဉ်းစားလိုက်ပါ...

၃) သင်ဖြစ်ချင်သလို မဖြစ်ခဲ့တဲ့ အတိတ်ကြောင့် အနာဂတ်မှာ သင်ကြံစည်စိတ်ကူးထားတာထက် ပိုမကောင်းလာနိုင်ဘူးလို့ မထင်ပါနဲ့...

၎) မုန်တိုင်းကိုကြံ့ကြံ့ခံနိုင်ခဲ့ရင် နေရောင်ခြည်ဖြာတာကိုတွေ့ရပါလိမ့်မယ်...

၅) သင်ပြောင်းလဲနိုင်စွမ်းမရှိတဲ့ အရာတွေအပေါ် စွဲလမ်းနေမယ့်အစား သင်ပြောင်းလဲနိုင်မယ့်အရာတွေအပေါ် အာရုံစိုက်ပါ...

၆) နေ့တစ်နေ့ကို အကောင်းမြင်အတွေးနဲ့ အမြဲအဆုံးသတ်ပါ... ဘယ်လောက်ခက်ခဲတဲ့အရာတွေကြုံခဲ့ပါစေ.. မနက်ဖြန်မှာ ပိုကောင်းအောင်လုပ်နိုင်ဖို့ လတ်ဆတ်တဲ့အခွင့်အရေးတွေရှိနေပါလိမ့်မယ်..

၇) ယုံကြည်မှုဆိုတာ Wi-Fi နဲ့တူပါတယ်... မမြင်ရဘူး... ဒါပေမဲ့သင်လိုအပ်တဲ့အရာတိုင်းနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအားရှိတယ်...

၈) လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်လိုက်ပါနဲ့... ဘာကြောင့်လဲဆိုတော့ ဘဝက သင်ကြားတာကို ဘယ်တော့မှရပ်မှာမဟုတ်လို့ပါပဲ..

၉) မိတ်ဆွေဆိုတာ ကြယ်တွေလိုပါပဲ... သင်သူတို့ကို အမြဲတမ်းမမြင်နိုင်ပါဘူး... ဒါပေမဲ့သူတို့ကတော့ အမြဲတမ်းရှိနေပါတယ်...

၁၀) သင့်ဘဝမှာ ကြုံရတဲ့အရာတိုင်းဟာ သင့်ရွေးချယ်မှုအပေါ် ရောင်ပြန်ဟပ်လာတာချည်းပါပဲ... ခြားနားတဲ့ရလဒ်တစ်ခုလိုချင်ရင် ခြားနားတဲ့
 ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်ပါ...

Credit : နှိုင်းရင့်နွေ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top