iMyanmarHouse.com - Best Property Website for Myanmar
×








မိန်းကလေးတွေ၊ အမျိုးသမီးတွေအနေနဲ့ တစ်ခါတစ်လေမှာ ရှော့ပင်ထွက်ကြတဲ့အခါ ၀ယ်မယ်လို့ စဉ်းစားထားတာကတစ်ခု၊ တကယ်ဝယ်ဖြစ်သွားတာကတစ်မျိုး ဖြစ်နေတတ်ကြပါတယ်။ သတ်မှတ်ထားတဲ့ ငွေကြေးထက် ပိုမိုသုံးစွဲမိလိုက်လို့ အိမ်ရောက်မှ နောင်တရကြမယ့်အစား ရှော့ပင်မထွက်ခင် ဘယ်လိုလေး ကြိုတင်ပြင်ဆင်သင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ကိုယ်ဝယ်မယ့်ပစ္စည်းက ကိုယ်တကယ်လိုအပ်နေတာလားဆိုတာ သေချာပါစေ။
တစ်ခါတစ်လေ ကိုယ်လိုချင်နေတဲ့ အင်္ကျံမျိုးက ကိုယ့်မှာလည်း ရှိနေပြီးသားပါ။ ဒါပေမယ့် အဲ့ဒီအင်္ကျံက ၀တ်လို့အရမ်းကောင်းလို့ ကိုယ်နဲ့အဆင်ပြေလို့ဆိုရင်တော့ ထပ်ဝယ်တာ ကိစ္စမရှိပါဘူး။ ဒီလိုပါပဲ။ ကိုယ်နဲ့အဆင်ပြေဖို့ မသေချာတဲ့ ဘောင်းဘီ၊ အင်္ကျံ၊ ကိုယ်မသုံးဖြစ်လောက်တဲ့ အဆင်တန်ဆာတွေကို မ၀ယ်ခင် ငါကြိုက်တဲ့စတိုင်လ်၊ ငါရေရှည်သုံးဖြစ်မယ့်အရာ ဟုတ်ရဲ့လားဆိုတာ သေချာစဉ်းစားပြီးမှ ၀ယ်ဖို့ ဆုံးဖြတ်ပါ။

၂။ကိုယ်ဝယ်မယ့်ပစ္စည်းက ဘယ်လောက်ထိ တာရှည်ခံမယ်ဆိုတာ ထည့်တွေးပါ။
ကိုယ်အခု ၀ယ်မယ့် အသုံးအဆောင်၊ ဒါမှမဟုတ် အင်္ကျံ၊ဘောင်းဘီတွေက တစ်ခါ ၊ နှစ်ခါလောက် ၀တ်ပြီးရင် အရောင်ကျွတ်သွားမယ့် အသားမျိုးတွေလား၊ အရောင်စွန်းတတ်တဲ့ အသားမျိုးတွေလား စသဖြင့် မ၀ယ်ခင်ကြည့်ပါ။ ဈေးနဲ့တန်မတန် စဉ်းစားပါ။

၃။အပျင်းမကြီးပါနဲ့။
အင်္ကျံတစ်ထည်ဝယ်တော့မယ်ဆိုရင် ကိုယ့်မှာအချိန်ရှိတယ်ဆိုရင် ပြောတဲဈေးကို တန်းဝယ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဒါမှမဟုတ် အနည်းဆုံး ဒီပစ္စည်းဟာ ဘယ်လောက်ပေးရတတ်တယ်ဆိုတာမျိုး လေ့လာထားပါ။ အွန်လိုင်းမှာဆို ဘယ်လောက်၊ ရှော့ပင်းစင်တာမှာဆို ဘယ်လောက်ဆိုတာ သိအောင်ကြိုးစားပါ။

၎။ခုသွားမယ့် ရှော့ပင်အတွက် ငွေဘယ်လောက်သုံးမယ်ဆိုတာ သတ်မှတ်သွားပါ။
ကိုယ်အခုဝယ်မယ့်ပစ္စည်းက ဈေးဘယ်လောက်ရှိတယ်၊ ငါ ဒီတစ်ခါရှော့ပင်သွားတဲ့အခါ ဘယ်လောက်ပဲသုံးမယ် စသဖြင့် သတ်မှတ်ပြီးသုံးပါ။ ဒီ့ထက် ပိုကျော်အောင် မသုံးပါနဲ့။ ကိုယ့်ကိုကိုယ် စိတ်မချရင် ငွေကို နည်းနည်းလေးသာ ပိုထည့်သွားလိုက်ပါ။

၅။ဝယ်မယ့်ပစ္စည်းစာရင်းကို ချရေးပါ။
တစ်ခါတစ်လေ ကိုယ်လိုနေတဲ့ ပစ္စည်းတွေက အသေးအဖွဲလေးတွေရော၊ အင်္ကျံအ၀တ်အစားတွေရောဆိုရင် ၀ယ်မယ့်ပစ္စည်းကို စာရင်းလုပ်သွားတာ ပိုကောင်းပါတယ်။ စာရင်းအတိုင်းဝယ်ပါ။

Credit : Trend

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top