iMyanmarHouse.com - Best Property Website for Myanmar
×











 တောင်ကိုရီးယားအဆိုတော် ကင်ဟွန်ဂျွန်း၏ ဘေဂျင်း မြို့ဖျော်ဖြေပွဲကို တရုတ်ပွဲစီစဉ် သူများက တစ်ဖက်သတ်ဖျက်သိမ်းခဲ့သည်ဟု ကင်ဟွန်ဂျွန်း၏ အေဂျင်စီ Key East က ၀က်ဘ်ဆိုက်မှ တစ်ဆင့်ကြေညာသည်။

‘‘စက်တင်ဘာ ၁၉ရက်နေ့ ဘေဂျင်းမြို့ဖျော်ဖြေပွဲကို တရုတ်နိုင်ငံက ပွဲစီစဉ်သူတွေ တစ်ဖက်သတ်ဖျက်သိမ်းလိုက်ပါတယ်။ တရုတ်ပရိသတ်တွေနဲ့တွေ့မယ်လို့ ကတိပေးထားတဲ့အတိုင်းအေဂျင်စီနဲ့ ကင်ဟွန်ဂျွန်းက ပြင်ဆင်မှုအားလုံးလုပ်ပြီးခဲ့ပေမယ့် ဒီလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ အဲဒီကိစ္စကို တုံ့ပြန်ဖို့လည်း စီစဉ်နေပါတယ်။ နစ်နာတဲ့ ပရိသတ်တွေအားလုံးကိုတောင်းပန်ပါတယ်’’ဟု Key Eastအေဂျင်စီကပြောကြားသည်။

တရုတ်နိုင်ငံမှ ဖျော်ဖြေပွဲ စီ စဉ်သူများကလည်း ကင်ဟွန်ဂျွန်း  ၏ ဖျော်ဖြေပွဲကို တရားဝင်ဖျက် သိမ်းကြောင်း ကြေညာခဲ့ပြီး ကြို တင်လက်မှတ်ဝယ်ယူထားသော ပရိသတ်များလက်မှတ်ဖိုးငွေများကို ပြန်လည်ထုတ်ယူနိုင်သည်ဟု ကြေညာခဲ့သည်။ ကေပေါ့ပ်နှင့် ကေဒရာမာ စတားကင်ဟွန်ဂျွန်းသည် လက်ရှိတွင် ချစ်သူမိန်းကလေးအပေါ် ကိုယ်ထိလက်ရောက်အကြမ်း ဖက်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်။ မိန်းကလေးက ကင်ဟွန် ဂျွန်းအနေဖြင့် ၎င်း၏အပြစ်ကို ၀န်ခံ၍ တောင်းပန်စေလိုသည် ဟု ပြောကြားခဲ့ကြောင်း TV Report သတင်းက စက်တင်ဘာ ၁၂ ရက်တွင် ဖော်ပြသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top