iMyanmarHouse.com - Best Property Website for Myanmar
×












သင့်လုပ်ငန်းခွင်ထဲက အထက်လူ ကြီးနဲ့စကားပြောတဲ့အခါ၊ လုပ်ငန်း သစ်တစ်ခုအတွက် သင်က
ဦးဆောင်ရတဲ့အခါ၊ ကောင်မလေးနဲ့ စကားပြော တအဲ့ ခါ၊ လအူ များရှေ့ မှာ စကားပြောတဲ့ အခါနဲ့ လူအများရှေ့ပွဲထုတ်ရအခါမျိုး တွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ တာဟာ အရမ်းကို အရေးပါပြီး၊ လူအများကို ဆွဲဆောင်နိုင်တဲ့ အချက်တစ်ချက် လည်းဖြစ်ပါတယ်။ ဒါမှသာ သင့်တစ်နေ့တာကို အကောင်းဆုံး ဖြတ်သန်း နိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ဘယ်လိုတည်ဆောက်မလဲ

အမျိုးသားတစ်ယောက် အတွက်တော့  အရမ်းကို အရေးပါတဲ့ အချက်တစ်ချက်ပါပဲ။ ပထမဆုံး သင့်ခန္ဓာကိုယ် အနေအထားကို ယုံကြည်မှုရှိအောင် အရင် ပြုလုပ်ဖို့လိုပါတယ်။ ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်စေမယ့် လေ့ကျင့်ခန်းပြုလုပ်တာမျိုး၊ သင့်ခန္ဓာကိုယ်အချိုးအစားနဲ့ ကိုက်ညီ မှုရှိတဲ့ အဝတ်အစားဝတ်ဆင်တာမျိုး၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုတာမျိုးတွေက အမျိုးသားတစ်ယောက် အပြင်ပန်းသွင်ပြင် အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှု ပိုစေပါတယ်။

အဝတ်အစားပေါ် ယုံကြည်မှုရှိခြင်း

အမျိုးသားတစ်ယောက်အတွက် အရမ်းကို ချောမောနေစရာမလိုပါဘူး။ ကြည့်လို့ ကောင်းတယ်ဆိုတဲ့ အဆင့်နဲ့ တင် လုံလောက်နေပါပြီ။ ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့ ကိုက်ညီမှုရှိတဲ့ ဝတ်စုံကို ဝတ်ဆင်တတ်တာကိုက သင်ဟာသူများ နဲ့မတူတဲ့ ဆွဲဆောင်မှုတစ်ခုကို ရစေတာကြောင့် သင်ဝတ်ထားတဲ့ အဝတ်အစား ပေါ် အမြဲတမ်း ယုံကြည်မှုပိုစေမှာပါ။ ဒါကြောင့် သင့်ခန္ဓာကိုယ်အချိုးအစားနဲ့ အလိုက်ဖက်ဆုံးဖြစ်စေမယ့် အဝတ်အစားတွေကို ရွေးဝယ်တတ်စေဖို့ လိုပါတယ်။

ဖက်ရှင်အကြံပြုချက်

သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ကိုယ်လုံးပေါ်မှန်နဲ့ သေချာကြည့်ပါ။ နာမည် ကြီး မင်းသားတွေထဲက သင်နဲ့တူတဲ့ ခန္ဓာကိုယ်ပုံစံကိုလေ့လာပြီး ဖက်ရှင်ကို အတုယူပါ။ သင့်သူငယ်ချင်းရဲ့ ဖက်ရှင်ကို အတုမယူပါနဲ့။ ကိုယ်ပိုင်စတိုင် တစ်ခုရ အောင်ဖန်တီးပါ။ အတွေ့အကြုံရှိတဲ့ ဒီဇိုင်နာနဲ့ တိုင်ပင်ပါ။

Fitဖစ်ခြင်းအပေါ် ယုံကြည်မှုရှိခြင်း

သင့်ခန္ဓာကိုယ်နဲ့ ကွတ်တိဖြစ်ပြီး ပွရောင်းမှုမရှိတဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်တာကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုစေပါတယ်။ အဝတ်အစား ဝတ်ဆင်ချိန် Fitting ကျနေတာက သင့် ခန္ဓာကိုယ်အချိုးအစားကို ပိုပြီး ပြေပြစ် စေတာကြောင့်ပါ။ Fitting ကျတဲ့ အဝတ် အစားဝတ်ဆင်တာက သက်သောင့်သက် သာဖြစ်စေပြီး ဖိစီးမှုလည်း ကင်းစေပါ တယ်။

အဝတ်အစားအရောင်ပေါ် ယုံကြည်မှုရှိခြင်း

ပန်းထိုးထားတာ၊ ပန်းရိုက်ထားတာနဲ့ အပွင့်ကြီးတွေပါတဲ့ အရောင်ကလွဲရင် အရောင်တောက်တောက်ပဲဖြစ်စေ၊ အရောင်ဖျော့ပဲဖြစ်စေ၊ အရောင်တွဲဖက်ဝတ် ဆင်မှုတွေက သင့်ကိုယ်သင် ယုံကြည်မှု ပိုစေပါတယ်။ အပြာရောင်၊ ရောင်ပြေး၊ အပြာရောင်တောက်တောက်၊ အနက်၊ အဖြူ၊ အစိမ်း၊ မိုးပြာနဲ့ စပါးခွံရောင်တွေ က အမျိုးသားတွေရွေးချယ်သင့်တဲ့ အရောင်မျိုးတွေပါပဲ။ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကမ်းခြေလိုနေရာ မျိုးတွေမှာသာ အပွင့်တွေပါတာမျိုးက အဆင်ပြေစေပါတယ်။ အရောင်တွဲဖက်ဝတ်ဆင်မှုအနေနဲ့ အပြာရောင်ပေါ်မှာ နီညိုရောင်ထပ်တာမျိုး၊စ ပါးခွံရောင်ပေါ်မှာ အစိမ်းပုပ်ရောင်ထပ်တာ မျိုး၊ အနက်ရောင်ပေါ်မှာ ခဲရောင်ထပ် တာမျိုးတွေက လိုက်ဖက်မှုရှိစေပါတယ်။

သက်သောင့်သက်သာဖြစ်ခြင်းဖြင့် ယုံကြည်မှုရှိခြင်း
အဝတ်အစားပဲဖြစ်စေ သင့်ပြင်ဆင်မှုအားလုံးဟာ သင့်ကို သက်သောင့် သက်သာဖြစ်စေဖို့ လိုပါတယ်။ ဒါမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုစေမှာပါ။ အဝတ်အစားတစ်စုံကို ဝယ်ဖို့ ဝတ် ကြည့်လိုက်ချိန် သင့်အတွက် သက်သောင့်သက်သာမဖြစ်သလို ခံစားနေရ မယ်ဆိုရင်တော့ အဲ့ဒီအဝတ်အစားကို ဘယ်တော့မှ မဝယ်ပါနဲ့။ ဘယ်လောက်ပဲ ဈေးကြီးတဲ့အဝတ်အစား ဖြစ်နေပါစေ သင့်အတွက် သက်သောင့်သက်သာ မဖစ်ဘူးဆိုရင်တော့ လူကြားထဲမှာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။

Credit : Yo Yar Lay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top