iMyanmarHouse.com - Best Property Website for Myanmar
×











မကြာခဏ အ ငြင်းပွားဖွယ် အပြုအမူများ လုပ် လေ့ရှိသော အမေရိကန်အဆို တော် မိုင်လေဆိုင်းရပ်စ်သည်  ဖက်ရှင်ဒီဇိုင်နာ အလက်ဇန်းဒါး ၀မ်၏ နယူးယောက်ဖက်ရှင်ပြပွဲ အပြီး စက်တင်ဘာ ၆ ရက် ည ပါတီပွဲသို့ အပေါ်ပိုင်း ဗလာကျင်း အနေအထားဖြင့် တက်ရောက်ခဲ့ သည်။

ပါတီပွဲတက်သည့် အသက် (၂၁) နှစ်အရွယ် မိုင်လေဆိုင်း ရပ်စ်သည် အနက်ရောင် ဘောင်း ဘီရှည် ၀တ်ဆင်ထားသော်လည်း  အပေါ်ပိုင်း၌ အင်္ကျီမပါဘဲ ဗလာ ကျင်းဖြစ်နေခဲ့သည်။ မိုင်လေဆိုင်း ရပ်စ်သည် ၎င်း၏ရင်သားထိပ် ပိုင်းကို ရေခဲမုန့်ကတော့ပုံစံ ဘော် ကြယ်ကပ်ခွာဖြင့်သာ ဖုံးကာထား သည်။ မိုင်လေဆိုင်းရပ်စ်သည် ဆေးတောင့်များဖြင့် စီခြယ်ထား သည်ဟု ယူဆရသော နေကာ မျက်မှန်ကို တပ်ထားပြီး ဆေး ခြောက်ပုံသဏ္ဌာန် နားကပ်များ ပန်ဆင်ထားသည်။

၎င်းသည် ကန်ဒေါဂျန်နာ၊ ကိုင်လီဂျန်နာနှင့် ၎င်း၏ မိတ်ဆွေ ဟေလီတို့နှင့်အတူ ပါတီပွဲကျင်းပ ခဲ့ပြီး ဒီဇိုင်နာဝမ် ၎င်း၏ ပရိသတ် တို့နှင့်အတူ ဓာတ်ပုံများ တွဲရိုက် ခဲ့သည်။

ပေါ့ပ်အဆိုတော် မိုင်လေ ဆိုင်းရပ်စ်သည် မကြာခဏဆိုသ လို အငြင်းပွားဖွယ် အမူအရာများ လုပ်လေ့ရှိသူဖြစ်ပြီး မကြာသေးမီ ကလည်း ဒိုမီနစ်ကန်သမ္မတနိုင်ငံ က မိုင်လေဆိုင်းရပ်စ်၏ အပြုအမူ များကြောင့် နိုင်ငံတွင်း ပြုလုပ် မည့် ဖျော်ဖြေပွဲကို တားမြစ်ခဲ့ သည်။

Credit :7day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top