iMyanmarHouse.com - Best Property Website for Myanmar
×

အိပ်ရာမှ စောစောထပြီးလျှင် မျက်နှာမသစ်မီ ဦးစွာ ခံတွင်း၌ ရေငုံပြီး ခြေမမှခြေဖမိုး၊ ခြေဖမိုးမှ ဒူးခေါင်းအထိ ဖြည်းညှင်းစွာ ရေလောင်းပါ။ ပြီးမှ မျက်နှာကို စင်ကြယ်အောင်သစ်ပြီး သွားတိုက်ပေးရ၏။ ထိုသို့ ပြုလုပ်ခြင်းသည် တစ်ညလုံး ပြန့်နှံ့တက်ကြွနေသော အခိုးများသည် အောက်သို့သက်ဆင်းစေပြီး အပူသည် အအေးရှိရာသို့ တစ်ခဏချင်း စုပြုံလာမည်။ “ အအေးရှိရာ အပူလာ” ဟူသော စကားအတိုင်း ပြုကျင့်ပေးခြင်းအားဖြင့် မျက်စိမှုန်ခြင်း၊ သွားကျိုးခြင်း၊ နားယားခြင်း၊ မျက်ကြောကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ ဆံပင်ဖြူခြင်း၊ ကျွတ်ခြင်းတို့မှ ကာကွယ်နိုင်ပါသည်။
“ ခြေဆုံး ခေါင်းဆုံး” ဟုဆိုရာ၌ နံနက်စောစောအိပ်ရာထစဉ် ခြေကို ရေလောင်းပေးခြင်းသည် ဦးခေါင်းပိုင်းဆိုင်ရာ ရောဂါများအတွက် ကာကွယ်ရန် လွန်စွာအကျိုးသက်ရောက်စေပါသည်။
တိုင်းရင်းဆေး ကျမ်းများ၌ “ ဦးခေါင်းပိုင်းတွင် ရောဂါမြင်၊ ခြေတွင် ဦးဆောင်ကု” ဟူသော ဆောင်ပုဒ်အတိုင်း မျက်စိရောဂါ၊ နှာခေါင်းပိတ်ရောဂါ၊ သွားရောဂါ၊ လည်ချောင်း၊ ခြောက်ကွဲတတ်သောရောဂါ၊ ခေါင်းကိုက်ရောဂါ၊ဇက်ကြောတက်ရောဂါရှိသူတို့သည် ခြေ၌ပင်
 တေဇော အခိုးထုတ်ပေးခြင်းဖြင့် အောက်သို့ အပူခိုးများ လည်စေပြီး သက်သာစေပါသည်။

ဥပမာ အမျိုးသမီးများ ငရုတ်သီးထုထောင်းရာ၌ မျက်စိထဲသို့ မတော်တဆ ငရုတ်သီးအဖတ် ၀င်သွားခဲ့သော် မျက်စိစပ်ပူလောင်ဖြစ်နေပါက ခြေမ-ခြေဖမိုးသို့ ရေအေးလောင်းပေးခြင်းဖြင့် ချက်ချင်းလက်ငင်း သက်သာ ပျောက်ကင်းသကဲ့သို့ တက်ဖျား၊ ကျဖျား၊ အဖျားအို စွဲကပ်နေသူများအနေဖြင့် အဖျားမတက်မီ ငရုတ်ကောင်းကို ထုထောင်းပြီး ခြေမတွင် စည်းပေးပြီးနောက် ရေလောင်းပေးခြင်းဖြင့် အဖျားတက်မှုကို ရပ်တန့်စေပါသည်။

ထို့ကြောင့် မအိပ်စက်မီ ခြေမ၊ ခြေဖမိုး၊ ဒူးအောက်ပိုင်းများကို ရေလောင်းပေးပြီး အသားနွေးလာသည်အထိ ရေကိုစင်အောင် သုတ်ပေးခြင်းဖြင့် အထက်ဖော်ပြပါ ဦးခေါင်းပိုင်းဆိုင်ရာ ရောဂါများကို မဖြစ်ပွားနိုင်ကြောင်း တွေ့ရှိရပေသည်။

Credit : သိန်းဋ္ဌေးအောင်(စစ်တွေ)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top