iMyanmarHouse.com - Best Property Website for Myanmar
×











 ဖြိုးငွေစိုးနှင့် ဇင်ဇင်တို့၏ သားဦးလေးကို စက်တင်ဘာ ၁၅ ရက်နံနက်က ဝိတိုရိယဆေးရုံတွင် မွေးဖွားခဲ့ကြောင်း သတင်းရရှိသည်။

ဒေါက်တာဒေါ်မေသူမျိုးညွန့်နှင့် နံနက် ၇ နာရီ ၁၁ မိနစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ ၇ ပေါင် ၁၂ အောင်စရှိကြောင်း ဖြိုးငွေစိုးကပြောသည်။

‘‘နာမည်ကြိုပြီးစဉ်းစားထားတာတော့မရှိသေးဘူး။ သူ့ပုံစံကိုကြည့်ပြီးမှ နာမည်ပေးမယ်လို့ စဉ်းစားထားတာ၊ လာကြည့်တဲ့လူတွေကတော့ ကျွန်တော်နဲ့တူတယ် လို့ပြောတယ်’’ဟု ဖြိုးငွေစိုးက ပြောသည်။

လက်ကျန်ဇာတ်ကားများ ဖြတ်နေရသောကြောင့် ယခုရက်တွင် ရိုက်ကူးရေးဆက်လက်ပြုလုပ်နေရမည်ဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းမှသာ လက်ကျန်များဖြတ်၍ပြီးမည်ဟု ၎င်းက ဆိုသည်။

Credit : 7day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top