iMyanmarHouse.com - Best Property Website for Myanmar
×











ဆံပင်ဆေးဆိုးချင်စိတ် ပေါ်ဖူးပါသလား။ ကိုယ်ဆိုးလိုက်တဲ့အရောင်ဟာ တစ်ခါတည်းနဲ့ကောင်းဖို့ သေသေချာချာရွေးချယ်လိုက်ပါ။

ဆံပင်အနီရောင်နဲ့ လိုက်သလား။

အောက်မှာဖော်ပြပေးမယ့် အချက်တွေထဲက အနည်းဆုံးနှစ်ခုကို အသုံးချလိုက်မယ်ဆိုရင်တော့ ပတ္တမြားရောင် ဒါမှမဟုတ် အနီရောင်ဆိုးဖို့ အသင့်ဖြစ်ပါပြီ။

သင့်အသားအရေက ပန်းနုရောင်သန်းနေသလား။

မိန်းမအတော်များများဟာ ဆံပင်အနီရောင်နဲ့ မလိုက်ဖက်ပါဘူး။ သင့်အသားအရေ ပန်းနုရောင်သန်းနေတယ် ဆိုရင်တော့ ဆံပင်အနီရောင်နဲ့ဆိုရင် အတော့်ကိုကြည့်ကောင်းမှာပါ။ ရွှေရောင်သဖွယ် ၀င်းဝါတဲ့အသားအရေ ပိုင်ဆိုင်ထားသူတစ်ယောက်ဟာ ဆံပင်အနီရောင်နဲ့လိုက်တယ်လို့ ပြောခံရရင်တော့ မျက်နှာချိုသွေး၊ မြောက်ပင့်ခံရရုံသက်သက် ပဲလို့ သိမြင်လိုက်ပါ။

ဆံပင်အနီရောင်နဲ့ဆို တွဲကမယ့်လူကလဲအသင့်။

အနီရောင်က သိပ်ဆွဲဆောင်မှုရှိပါတယ်။ ဆံပင်အနီရောင်ဆိုးထားရင် ငေးကြည့်ခံရမှာ ကျိန်းသေပါပဲ။ ဆံပင်အနီရောင်ဟာ ဘော်ကြယ်ထိုးထားတဲ့အင်္ကျီလိုပဲ။ သင့်ကိုဘယ်သူဘယ်ဝါမှန်းတန်းမကြည့်ပဲ ဆံပင်အရောင်ကိုပဲ အရင်အာရုံစိုက်မိကြလိမ့်မယ်။

သင့်ဆံပင်သားအခြေအနေက တော်သင့်ရုံ ကောင်းတယ်ဆိုရင်။

ဆံနွယ်လေးတွေက ခြောက်သွေ့နေမယ်၊ ထိခိုက်ပျက်စီးနေမယ်ဆိုရင် ဆံပင်အနီရောင် ဆိုးဖို့ ခက်ခဲပါလိမ့်မယ်။ အနီရောင်ရဲ့ မော်လီကျူးတွေဟာ အတော်ကောင်းတဲ့ ဆံသားမှာတောင် မြန်မြန်စီးကျသွားတတ်ပါတယ်။ ကောင်းကောင်း ထိန်းသိမ်းထားတဲ့ ဆံပင်ဖြစ်ပါမှ တောက်ပရွှန်းစို နေမှာပါ။ အဲ့ဒီ့အတွက် ဆံပင်ကို နေ့တိုင်းအပူပေးပြီး လုပ်ရတဲ့စတိုင်မျိုးတွေမလုပ်ပါနဲ့။ တစ်ပတ်တစ်ခါ ပုံမှန်ဆံပင်တိတာ၊ ညှပ်တာတို့လုပ်ပြီး ဆံပင်သားကောင်းအောင်ထိန်းသိမ်းပါ။

အကောင်းဆုံး ဆံပင်အနီရောင် ဖြစ်လာဖို့………….။

၁။ တတ်နိုင်သမျှ အကြိမ်ရေနည်းနည်းသာ ခေါင်းလျှော်ပါ။

တစ်ပတ်နှစ်ကြိမ်လောက်လျှော်ရင် လုံလောက်ပါပြီလို့ ဆံပင်အရောင် ကျွမ်းကျင်ပညာရှင်တွေက အကြံဉာဏ်ပေးထားပါတယ်။ တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီး လိုအပ်လို့လျှော်ချင်တယ်ဆိုရင်တော့ သိပ်မပူတဲ့ ရေနွေးလေးနဲ့ပဲဖြစ်ဖြစ် ရှမ်ပူအမှုန့်(dry shampoo) နဲ့ အခြောက်လျှော်တာပဲဖြစ်ဖြစ်လုပ်နိုင်ပါတယ်။

 ၂။ ရှမ်ပူကြမ်းကြီးတွေကို မသုံးပါနဲ့။

ဗောက်ပျောက်ခေါင်းလျှော်ရည် အတော်များများဟာ ဆေးဆိုးထားတဲ့ဆံပင်အတွက် ကြမ်းလွန်းပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာရင် ဆံပင်အရောင်တွေလွင့်သွားစေတဲ့ အတွက် ဗောက်ပျောက်ခေါင်းလျှော်ရည် ကိုလည်းအတတ်နိုင်ဆုံးရှောင်ပါ။

၃။ ဆံပင်အရောင်ပညာရှင်ဆီက အကြံဉာဏ်ရယူပါ။

ဆံပင်အရောင် ကျွမ်းကျင်သူတွေက ဆေးဆိုးပြီးတဲ့နောက်ရက်သတ္တပတ်နည်းနည်းအကြာမှာ လိမ်းဖို့ဆိုပြီး ဆေးပုလင်းလေးတွေပေးတတ်ကြပါတယ်။ အဲ့ဒီ့ဆေးလိမ်းလိုက်ရင် ဆံပင်က ၁လလောက် တောက်ပရွှန်းစိုနေမှာပါ။

၎။ ဖုံးအုပ်ထားပါ။

အနီရောင်ဆံပင်တွေက ကျန်တဲ့အရောင်တွေထက် အောက်ဆီဂျင်နဲ့ဓါတ်ပြုနှုန်းမြင့်ပါတယ်။ အပြင်ကို ကြာကြာထွက်ရမယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့ အလှကုန်တွေကိုသုံးပါ။ ဒါမှမဟုတ် ဦးထုပ်ဆောင်းပါ။

၅။ ခရမ်းရောင်ဘက် ခြေဦးမလှည့်မိပါစေနဲ့။

ခရမ်းရောင်သန်းတဲ့အနီရောင်(ခရမ်းနီရောင်)ဟာ ကြည့်ရတာ သဘာဝသိပ်မဆန်ပါဘူး။ အဲ့ဒီ့အရောင်နဲ့ လိုက်ဖက်တဲ့သူဆိုတာ ရှားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top