iMyanmarHouse.com - Best Property Website for Myanmar
×

ဒုတိယမြောက်တစ်ကိုယ် တော်ခွေ ‘‘အချစ်ကိုရှာဖွေတွေ့ရှိ ခြင်း’’ကို စက်တင်ဘာ ၂၂ ရက် တွင် ကျရောက်မည့် မွေးနေ့၌ ထွက်နိုင်ရန် ရည်မှန်းထားသော် လည်း အချောသတ်သည့် အဆင့် အထိ မပြီးသေးသဖြင့် မှီနိုင်တော့ မည်မဟုတ်ဟု စိုးပြည့်သဇင်က ပြောသည်။

‘‘ဆိုတဲ့အပိုင်းတွေတော့ အကုန်လုံးပြီးသွားပြီ။ Mixing ဆွဲ တဲ့ အပိုင်းကျန်နေသေးတော့ မွေး နေ့အမီ မထွက်နိုင်လောက်တော့ ဘူး။ အောက်တိုဘာထဲမှာတော့ ထွက်နိုင်အောင် ကြိုးစားပါမယ်’’ ဟု စိုးပြည့်သဇင်က ပြောသည်။

‘‘သီချင်း ၁၃ ပုဒ်ပါမယ်။ ကိုယ်ပိုင်သံစဉ် ၁၁ ပုဒ်နဲ့ ကော်ပီ နှစ်ပုဒ်ပါမယ်။ တီးထားတာက အိုင်းရင်းခရော့ခ်နဲ့ပါ’’ဟု စိုးပြည့် သဇင်က ပြောသည်။

သီချင်းများကို တေးရေး မင်းချစ်သူ၊ ဇ၀ါ၊ မိုးမိုး၊ ညီမင်းခိုင် နှင့် NLT တို့ ရေးစပ်ပေးထားပြီး အချစ်သီချင်းပုံစံ အများဆုံးပါဝင် သည်ဟု ဆိုသည်။

ထို့အပြင် မြန်မာစာ အဝေး သင် ပထမနှစ်စာမေးပွဲဖြေဆိုရ မည်ဖြစ်၍ ကားရိုက်နားထား ကြောင်း စိုးပြည့်သဇင်က ပြော သည်။

Credit : 7day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top