iMyanmarHouse.com - Best Property Website for Myanmar
×








သင့်ရဲ့ခြေထောက်ကို စားပွဲတစ်ခုခုနဲ့ တိုက်မိတဲ့အခါ (သို့) အဝတ်လဲနေတုန်း နံရံကို မတော်တဆ တတောင်ဆစ်နဲ့ ထိုးမိတဲ့အခါ အညိုကွက်တွေ ပေါ်လာတတ်ပါတယ်။ ဘာမှမဟုတ်တဲ့ ထိခိုက်မှုတခုခုကြောင့် ရလာတဲ့ ပွန်းပဲ့တာတို့၊ ကြောင်းပြချက်ပေးစရာလည်းမရှိတဲ့ အနက်ရောင်၊ အပြာရောင်အညိုကွင်းတွေ ရုတ်ချည်းဆိုသလို ရှိလာခြင်းဟာ သင့်ကို သတိပေးရာလည်း ရောက်ပါတယ်။

ပါးလွှာတဲ့ အရေပြား ပိုင်ဆိုင်ခြင်း

တစ်ခုခုနဲ့ ထိခိုက်မိလို့ ၊ အရေပြားအောက်မှာ သွေးတွေယိုလာလို့ ၊ အရေပြားအောက်က သွေးကြောတွေပြတ်ထွက်သွားတဲ့အခါမှာ ပွန်းပဲ့အတွင်းကြေမှုတွေဖြစ်ပေါ်လာပါတယ်။ သင့်အရေပြားမှာ အရွယ်ရင့်ရော်မှုဖြစ်စေတဲ့ အရေပြားတွင်းက အသားဓာတ်တွေ ပျက်ဆီးဆုံးရှုံးမှု ဖြစ်လာတယ်ဆိုရင် ထိခိုက်ဒဏ်ရာရရှိဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။

နေလောင်ဒဏ်ခံယူခြင်း

ခရမ်းလွန်ရောင်ခြည်တွေကြောင့် ပျက်စီးသွားတဲ့ အရေပြားမှာ ခံနိုင်ရည်မရှိတော့လောက်အောင် အရေပြားပျော့ခြင်းနဲ့  သိသာထင်ရှားတဲ့ ပွန်းပဲ့ကြေမွမှုတွေ အလွယ်တကူဖြစ်စေနိုင်ပါတယ်။

ဆေးဝါးများသောက်ခြင်း

အကိုက်အခဲပျောက်ဆေး၊ စတီးရော့ဒ်နဲ့ သွေးကြောကျုံ့ဆေးတွေက သွေးခဲမှုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင် ဒူးခေါင်းကို ကုတင်ခြေတိုင်နဲ့ တိုက်မိတဲ့ အခါ သာမန်ထက် အချိန်ကြာအောင် အရေပြား အတွင်းကြေမှုဖြစ်ပေါ်ပါလိမ့်မယ်။

အလေးမခြင်း

အလေးမတာ သိပ်မလုပ်ဖြစ်ဘူးဆိုပေမဲ့ အလေးမခြင်းက အတွင်းကြေမှုတွေ ဖြစ်ပွားတတ်တဲ့ ကြွက်သားရဲ့ အမျှင်တွေထဲမှာ ပျက်ဆီးမှု အသေးအမွှားတွေ ဖြစ်စေနိုင်ပါတယ်။

မျိုးရိုးလိုက်ဖြစ်ခြင်း

သင့်မိခင်မှာ အကြောင်းပြချက် တစ်စုံတရာ လုံးဝမရှိပဲ အရေပြားပေါ် အညိုကွက်တွေဖြစ်နေတယ်ဆိုရင် သင့်မှာလည်း ရှိကောင်းရှိလာနိုင်ပါတယ်။

ဖြူဖတ်ဖြူရော် အသားအရောင်ပိုင်ဆိုင်ခြင်း

တကယ်တော့ အသားဖြူလို့ ပိုပြီး ပွန်းပဲ့ကြေမွလွယ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ သင့်အရေပြားက အရောင်ဖျော့တော့တော့ ဖြစ်နေလို့သာ အသားညိုတဲ့သူတွေထက် မြင်သာမှုရှိခြင်းပဲဖြစ်ပါတယ်။

အသားထဲတွင် နာကြင်နေခြင်း

ဒါက အတော်လေးတော့ရှားပါတယ်။ ဒါပေမဲ့ ဒါဟာ ဖြစ်နေကျမဟုတ်တဲ့ သွေးခဲ့ခြင်း (သို့) သွေးကင်ဆာ လက္ခာဏာ တောင်ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေနဲ့ သိပ်ပြီး ဆင်တူမှုမရှိတဲ့ အညိုကွက်တွေ အများကြီးဖြစ်လေ့ရှိတယ်ဆိုရင်တော့ ဆရာဝန်ဆိသွားလိုက်တာ အကောင်းဆုံးပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top