iMyanmarHouse.com - Best Property Website for Myanmar
×











ညီအစ်ကိုလိုပေါင်းတဲ့ သူငယ်ချင်းမျိုးလား၊ အတွဲဆုံး၊ အခင်ဆုံး သူငယ်ချင်းမျိုးလား။ ကဲ သူဘာလုပ်လုပ် သည်းခံနိုင်တယ်ဆိုတဲ့ ငယ်ငယ်လေးကတည်းက ပခုံးဖက်ပေါင်းလာတဲ့ သူငယ်ချင်းမျိုးမဟုတ်ဘဲ ခင်တာမင်တာ တစ်နှစ်တောင် မပြည့်သေးတဲ့ သူငယ်ချင်းဆိုရင်တော့ တစ်ချို့ကိုယ်သုံးတဲ့ အသုံးအနှုန်းတွေက စဉ်းစားစရာဖြစ်သွားနိုင်ပါတယ်။ တစ်ဖက်လူကိုလည်း အူကြောင်ကြောင်ဖြစ်သွားစေနိုင်ပါတယ်။ အဲ့ဒါတွေကတော့

၁။စော်ကားတာတော့ မဟုတ်ဘူးနော် .. ဒါပေမယ့်

တစ်ဖက်လူကို ဝေဖန်တော့မယ်ဆိုတာကို ဘာမှမပြောခင်ကတည်းက အကြိုသဘောအနေနဲ့ ပြောထားလိုက်သလိုပါပဲ။ စော်ကားတာ မဟုတ်ဘူးဆိုရင် အဲ့ဒီစကားနဲ့လည်း အစပျိုးမနေပါနဲ့တော့။ ဒါကို ဒီလိုလုပ်ရင် မကောင်းဘူးလားဆိုပြီးတော့သာ ပြောလိုက်ပါ။

၂။ဘီယာတစ်ငုံလောက် တိုက်ပါလား

ဒီမေးခွန်းကြီးက နည်းနည်းတော့ အူကြောင်ကြား ဖြစ်စေနိုင်ပါတယ်။ အရက်တွေမျှသောက်နိုင်ပါတယ်။ အမြည်းကိုလည်း ဝေစားနိုင်ပါတယ်။ ဒါပေမယ့် သောက်နေတဲ့ ဘီယာခွက်ထဲက တစ်ငုံလောက် သောက်ချင်တယ်ဆိုတာကတော့ စဉ်းစားကြည့်လေ မအိုခေလေပါ။ သူငယ်ချင်းကို တစ်ခွက်မှာလိုက်ပါလားလို့ ပြောလိုက်ပါ။ ငါတိုက်ပါ့မယ်လို့ပါ အဆစ်ထည့်ပြောလိုက်ပါ။

၃။ဒီလောက်ဖြစ်စရာမလိုဘူး အေးဆေး

တစ်ဖက်လူက ဘယ်လောက်ဒေါသတွေ ထွက်နေတယ်။ ဘယ်လောက်ခံစားနေရတယ်ဆိုတာ မသိပဲ အေးဆေး အေးဆေးလို့ သွားပြောနေတာမျိုးကလည်း တစ်ဖက်လူဒေါသကိုပိုဆွပေးသလို ဖြစ်တတ်ပါတယ်။ ဘာမှမဟုတ်တဲ့ ကိစ္စလောက်ဆိုရင်တော့ သူ့ကိုဒီလိုပြောလည်း အရေးမကြီးပေမယ့် ဒေါသအရမ်းထွက်နေတဲ့အချိန် အဲ့ဒီလိုသွားပြောရင်တော့ သင့်မျက်နှာပေါ်တောင် သူ့လက်သီးရောက်ရင်ရောက်လာဦးမှာ။

၎။မင်းကိုအရမ်းချစ်တာပဲ

သူငယ်ချင်းအချင်းချင်း ခင်မင်မှုသက်တမ်းကြာလာတဲ့အခါ အိမ်က ညီအစ်ကိုတွေထက်တောင် ပိုသံယောဇဉ်ရှိလာတတ်ကြပါတယ်။ အနစ်နာလည်းခံလာတတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒါကို သူ့ကိုတွေ့တဲ့အချိန် မင်းကိုသိပ်ချစ်တယ်ကွာလို့ ပြောလိုက်ရင်တော့ သူတစ်မျိုးကြီး ဖြစ်သွားပါလိမ့်မယ်။ ဒီလိုစကားမျိုးက ထုတ်ပြောလို့ကောင်းတာ မဟုတ်ပါဘူး။

၅။အဲ့ဒါကြောင့် မင်းဘေးမှာ ဘယ်ကောင်မလေးမှ မရှိတာ

ခေတ်စကားနဲ့ပြောရင်တော့ ဒါနှိမ်တာပေါ့။ သူငယ်ချင်းအချင်းချင်း ရည်းစားမရှိတဲ့သူကို အဲ့ဒီလို အချိန်တိုင်းပြောနေရင်တော့ သူလည်း စိတ်မကောင်းဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဆိုက်ကိုဖောက်လာပါလိမ့်မယ်။ သူပြောပြတဲ့ အချစ်ရေးကိစ္စတွေကို နားထောင်ပြီး အကြံဥာဏ်ပေးရမယ့်အစား အဲ့ဒါကြောင့် မင်းခုလို ဆော်မရှိတာလို့ ပြောလိုက်ရင်တော့ သူ့စိတ်ထဲ သင့်ကို ခုသွားနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top