iMyanmarHouse.com - Best Property Website for Myanmar
×














တစ်နေ့တစ်နေ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်ရွက်စားသုံးတဲ့ ပမာဏများလာလေလေ ကိုယ်ကာယကျန်းမာရေး အပါအဝင် စိတ်ပျော်ရွှင်မှုရရှိမယ့် အခွင့်အရေး ပိုကောင်းလာလေလေဖြစ်ပါတယ်။
တစ်ဦးချင်းစီရဲ့ အသီးအရွက် စားသုံးမှုပမာဏ များလာလေ စိတ်ဝမ်းနည်းပျော်ရွှင်မှု လျော့လာလေဖြစ်ပါတယ်။

ဥာဏ်ရည်ထက်မြတ်သူတွေက တခြားသာမန်လူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ သူများထက် အသီးအရွက်ပမာဏ ၅ ဆနဲ့ အထက် ပိုစားသုံးသူများဖြစ်ကြောင်းတွေ့ရပါတယ်။
ကျန်းမာရေးချို့တဲ့ခြင်းဟာ စိတ်ဝေဒနာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြသနာတွေ များစွာပတ်သက်ဆက်နွယ်နေပြီး စိတ်ပျော်ရွှင်မှုရှိခြင်းဟာ ရောဂါလက္ခဏာ သို့ နာမကျန်းမှုဖြစ်ခြင်းကင်းစင်စေတယ်ဆိုတာထက်တောင် ပိုပါတယ်။

ဒါဟာ လူတွေပျော်ရွှင်မှုရရှိလို့ အလုပ်တွေကောင်းစွာ လုပ်ဆောင်နေကြတယ်ဆိုသည့် အခြေအနေပဲဖြစ်ပါတယ်။
အကောင်းမြင်တတ်ခြင်း၊ ပျော်ရွှင်မှုရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ်စိတ်ကျေနပ်မှုရရှိခြင်း၊ အလွယ်တကူပျော်ရွှင်တတ်ခြင်းနဲ့ ဆက်ဆံရေးကောင်းမွန်လာခြင်းတွေဟာ စိတ်ပျော်ရွှင်မှုရရှိခြင်းကြောင့်သာဖြစ်ပါတယ်။

စိတ်ပျော်ရွှင်မှုရှိခြင်းဟာ စိတ်ဝေဒနာ ကာကွယ်ပေးသည်သာမက သာမန်ရောဂါဘယတွေနဲ့ ပြင်းထန်တဲ့ ရောဂါဝေဒနာဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။

Credit : Trend

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top