iMyanmarHouse.com - Best Property Website for Myanmar
×














သူငယ်ချင်းတွေ တော်တော်များများက ကိုယ်အလေးချိန် လျှော့ချနည်း ကိုသိချင်တယ် ဆိုလို့ ပါ။ ဝိတ်လျှော့ချင် ရင် အဓိက အရေးပါတဲ့ အချက်တွေရှိပါတယ်။ (၁) အစားအသောက် ကို control လုပ်ရပါမယ်။ (၂) လိုအပ်တဲ့ အားကစားကိုလုပ်ရပါမယ်။ အဲ့ဒီ ၂ချက် ကို မျှတ စွာလုပ်နိုင် မယ်ဆိုရင် ကျန်းမာကောင်းမွန်စွာ ကိုယ်အလေးချိန် ကျလာပါလိမ့်မယ်။ အဲ့လိုမှ မဟုတ်ဘဲ အစားအသောက်ကို ဘဲ လျှော့ချမယ်ဆိုရင် healthy မဖြစ်ပါဘူး။ ဒါမှမဟုတ် အားကစားလုပ်ပြီး ပင်ပန်းတယ်ဆိုပြီး စွတ်စား ရင်လည်းပိုဝလာ နိုင်ပါတယ်။ အဲ့ဒီတော့ ဒီ ၂ချက် အားမျှဖို့ အရမ်းအရေးကြီးပါတယ်။

၁။ အစားအသောက် ကို control လုပ်ခြင်း
အစားများလို့ ဝလာတဲ့လူတွေ က အစားကို control လုပ်နိုင်တဲ့ နည်းလမ်းကောင်း လေးတွေရှိပါတယ်။ အဲ့ဒါကတော့ တခါစားရင် အများကြီးမစားဘဲ အကြိမ်များများကို စားစရာနည်းနည်းနဲ့ ခွဲစားလို့ရပါတယ်။ တနေ့အတွက် ၆ ကြိမ် ခွဲစားလို့ရပါတယ်။ တကြိမ်ကို နည်းနည်းစီဘဲစားပါ။ လုံးဝ ရပ်လိုက်ရမယ့် စားစရာတွေက ထမင်းဖြူ (white rice) ပါ။ အဓိက လျှော့ရမယ့် အထဲမှာပါပါတယ်။ စားရင်စားသလောက် ကယ်လိုရီတက်ပါတယ်။ white rice ကို brown rice နဲ့အစားထိုးစားပါ။ Whole Grains and Fiber များတဲ့ အစားအစာတွေ ကိုဘဲ ရွေးချယ်စားပါ။ အဆီများတဲ့ မြန်မာထမင်းဟင်း၊ Indian အစားအစာ၊ fast food တွေဖြစ်တဲ့ ကြက်ကြော်တို့ (KFC,McDonald's, Pizza) စတာတွေကို ရှောင်ပါ။ တပတ်ကို တခါလောက်တော့အာသာပြေစားလို့ ရပါတယ်။ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။

 နောက်ထပ်အရေးကြီးတဲ့အချက် က တပတ်မှာ ၂ခါ detox လုပ်ပါ။ detox လုပ်တဲ့နည်း က တရက်ကို အသီးအနှံ တွေဘဲစားပါ။ မနက်စာ- ပန်းသီး(Apple) ၁ လုံး၊ သလဲသီး (Pomegranate) ၁လုံး၊ လိမ္မော်သီး (Orange) ၁လုံး စားပါ။ နေ့လယ်စာ ပန်းသီး(Apple) ၂ လုံး၊ ငှက်ပျောသီး (Banana) ၁ လုံး၊ နာနတ်သီး (Pineapple) တခြမ်း စားပါ။ ညစာကို ပန်းသီး(Apple) ၂ လုံး၊ သလဲသီး (Pomegranate) ၁လုံး၊ ဖရဲသီး (watermelon) ၃ စိပ်လောက် စားပါ။ ကန်စွန်းရွက် ကို ငရုပ်သီး ကြက်သွန်နီ၊ဖြူ ထည့် ပြုတ်ပြီး ကန်စွန်းရွက် ပြုတ်ရေကို နောက် နေ့တွေမှာ သောက်ပေးသင့်ပါတယ်။ တပတ်ကို ၂ခါ အနည်းဆုံးလုပ်ပေးပါ။ အဲ့ဒီအချိန် မှာ လေ့ကျင့်ခန်းကိုလျှော့လုပ် လို့ရပါတယ်။ Detox လုပ်တာ ဝိတ်လျှော့တဲ့နေရာမှာ တော်တော်အရေးပါပါတယ်။ အဲ့လို Detox လုပ်လိုက်ရင် kidney နဲ့ liver မှာရှိနေတဲ့ အညစ်အကျေးတွေ ကုန်သွားပြီး 2 to 4 kg အထိ ဝိတ်ကျ စေပါတယ်။ ဒါက detox လုပ်ရုံသက်သက်ဘဲရှိပါသေးတယ်။ အညစ်အကြေးကုန်သွား ရင် ဝိတ်လည်း ဒီထပ်မြန်မြန် ကျပါတယ်။ နောက်ထပ် အဓိကအချက်က အရက်၊ ဘီယာ၊ carbonated drink တွေ လုံးဝသောက်လို့ မရပါဘူး။

အရက် နဲ့ ဘီယာက ကယ်လိုရီ အရမ်းများပါတယ်။ ကျောက်ကပ်ကိုလည်း အားနည်းစေတဲ့အတွက် ဝိတ်ကျတာကို နှေးသွားစေပါတယ်။ ဝိတ်တောင် ပြန်တက်စေပါတယ်။ အဲ့ဒီတော့ လုံးဝ ရှောင်ပါ။ ဆားကိုတတ်နိုင် သမျှရှောင်ပါ။ ဆားစားတာ များလျှင် လေ့ကျင့်ခန်းလုပ်သော်လည်း Fat burn မဖြစ်ပါ။ နောက်ထပ်ကျ စေနိုင်တာက တော့ Green Tea ပါ။ Green Tea သောက်ပေးရုံနဲ့ ကယ်လိုရီ ၁၀၀ ကျော်လောက် ကောင်းကောင်း burn ပါတယ်။ သို့သော်လည်း အရမ်းသောက်တာများသွားရင် Sugar level ကျပြီး မူးဝေစေတတ်ပါတယ်။ အဲ့ဒီအချိန်ကျရင် black chocolate သို့မဟုတ် သစ်သီးဖျော်ရည် တမျိုးမျိုး (Natural Juice) သို့မဟုတ် သကြားရေ ကိုသောက်လိုက်ရင် ပြန်ကောင်းလာပါလိမ့်မယ်။

 လေ့ကျင့်ခန်း လုပ်ရင်း သောက်တဲ့အခါမှာဖြစ်တတ်ပါတယ်။ ဆာတတ်တဲ့လူ တွေအတွက် တခြား အစားထိုး သောက်နိုင်တဲ့ Herbalife Nutritional Shake Mix တို့ လို အလားတူ အစားထိုး အစားအစာတွေကို လည်းအသုံးပြုလို့ရပါတယ်။ သို့သော်လည်း ဘယ်ဟာ မဆို စာသေခြာဖတ်ပြီးမှ သုံးဆွဲပါ။ ကိုယ်နဲ့ တည့်မတည့် လေ့လာပါ။ ပိန်ဆေးများ သောက်တာဟာလည်း ကိုယ်နဲ့ မတဲ့လျှင် ကျန်းမာရေး ထိခိုက်စေ နိုင်ပါတယ်။ သတိထားသင့် ပါတယ်။ Detox လုပ်ပေး နိုင်တဲ့ Green tea product တွေလည်းရှိပါတယ်။ စမ်းပြီးသုံးစွဲ ကြည့်နိုင်ပါတယ်။ သို့သော်လည်း လေ့ကျင့်ခန်း နဲ့ အသောက် အစား ကို စနစ်တကျ မလုပ်ပါက ဘယ်တော့မှ ကိုယ်အလေးချိန်ကို ကျန်းမာစွာ ကျမည် မဟုတ်ပါ။

(၂) အားကစားလုပ်ပါ။
Elliptical machine ကို အသုံး ပြုသင့်ပါတယ်။ thread mill ကို အသုံး ပြုပြီး ပြေး လျှင်လည်းရပါတယ်။ သို့သော် အရမ်းဝတဲ့ သူများ ပြေးပါက ဒူးကို ထိခိုက်စေနိုင်ပါတယ်။ upper body weight များလို့ပါဘဲ။ Speed တင်လိုက်ရင် ပိုဆိုးပါတယ်။ Elliptical နဲ့ကတော့ အဲ့ဒီလို မဖြစ်ပါဘူး။ ရေရှည် ပိုကြာကြာလုပ် နိုင်ပါတယ်။ ဒူးကို အထူး ဂရုစိုက်ပါ။ နာသွားလျှင် နောက်နေ့ဆက်တိုက် မလုပ်နိုင်တော့ပါ။ စစခြင်း စလုပ်တဲ့ သူအတွက် မနက်ကို ကယ်လိုရီ ၁၅၀၊ ညကို ၁၅၀ လောက် ပုံမှန် burn လုပ်ပါ။ 5kg လောက်ကျသွားရင် မနက်ကို ကယ်လိုရီ ၃၀၀၊ ညကို ၃၀၀ ကိုတိုး ပြီးလုပ်ပါ။ ဖြည်းဖြည်း ချင်း ကို့ခံနိုင်ရည်ပေါ် မူတည်ပြီး မနက် ၅၀၀ ည ၅၀၀ ထိ တိုးလုပ်ပါ။ မနက်ကို အချိန် ၁နာရီခွဲ ညကို ၁နာရီခွဲ လောက်ပေးရပါမယ်။ လေ့ကျင့်ခန်းလုပ် တဲ့အခါ သတိထားရမှာ က ခဏ ခဏ နားလို့မရပါဘူး။ အဲ့လိုနားရင် Fat burn လုံးဝမဖြစ်ပါဘူး။ တခါနားရင် ၅မိနစ်ထက် ပိုနားလို့မရပါဘူး။ တချို့တွေ လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်မကျတာအဓိက အချက်က အဲ့ဒီလို ပျက်တောင်းပျက်တောင်းနားလို့ဖြစ်တာပါ။

သို့သော် ကို့ရဲ့ နှလုံးခံနိုင်ရည်အားပေါ် မူတည်ပြီးလုပ်ပါ။ စွတ်မလုပ်ပါနဲ့၊ သေတတ်ပါတယ်။ တော်တော်လေး ဗိုက်အဆီကျသွားပြီ ဆိုမှ အိပ်ထမတင် လုပ်ပါ။ ဗိုက်အရမ်းပူနေတုန်းမှာ မလုပ်ပါနဲ့၊ ဗိုက်အဆီ ကြေခြင်း၊ အကြောတွေပြတ်ပြီး ဒဏ်ဖြစ်ပြီး အနားယူရနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်ရင် လေ့ကျင့်ခန်း လုပ်တာ ရပ်သွားပါလိမ့်မယ်။ အဲ့ဒီအခါကျရင် ဝိတ်ကျတာနှေးသွားပါ လိမ့်မယ်။ ဝိတ်လျှော့တာအချိန်ကြာတာနဲ့ အမျှ ဝိတ်ပြန်တက်ဖို့ ပိုပြီး များပါတယ်။ သတိပြုပါ။ muscle များများ build လုပ်နိုင်လျှင် Fat Burn များများဖြစ်ပါတယ်။ အဆီများများကျပါတယ်။ လူရဲ့ ခန္ဓာကိုယ် က ပထမ စစချ တဲ့ အဆီ 5~10 kg က အဆီအသစ်တွေ ဖြစ်လို့ လွယ်ကူ မြန်ဆန်စွာကျပါတယ်။ သို့သော် အဲ့ဒီ နောက်ပိုင်း အဆီတွေ က ပြင်းပြင်း ထန်ထန် အားကစားလုပ်မှ ကျနိုင်ပါတယ်။ အဲ့လိုမှ မလုပ်ရင် ပထမ 5~10 kg မှာတင်ရပ်သွား မှာပါ။ ပြီးရင် ပြန်ဝလာဖို့ chance များပါတယ်။ မြန်မြန် ချနိုင်လေကောင်းလေပါဘဲ။ ၁၀၀၀ ကယ်လိုရီ burn မည်ဆိုလျှင် ၂လခွဲ လောက်ဆိုလျှင်ကောင်းကောင်း ကျပါတယ်။အဲ့ဒီထက် လျှော့ပြီး အားကစားလုပ် မယ်ဆိုလျှင် သုံးလခွဲ မှ လေးလ အတွင်းကောင်းကောင်း ဝိတ်ကျပါတယ်။

စိတ်ဓါတ်စစ်ဆင်ရေး
  ပေါင်ချိန်စက် တလုံးဝယ်ထားပါ။ ရုံးသမား ဆိုလျှင် ရုံးမှာ တလုံးထားပါ။ အားရင် အားသလို ပေါင်ချိန်ပေးပါ။ ကိုယ် ဝိတ်တက်လာလျှင် လည်းသိပါလိမ့်မယ်။ ကျသွားလျှင်လည်းသိ ပါလိမ့်မည်။ ကျတာ ရပ်နေလျှင်လည်း အလွယ်တကူသိနိုင်ပါသည်။ အားကစားလုပ် လျှင်စိတ်ဓတ်မကျပါနဲ့။ မပြင်းပါနဲ့။ မညာပါနဲ့။ မညှာပါနဲ့။ စိတ်ဓတ် မခိုင်မာ မပြင်းထန်လျှင် ဘာလုပ်လုပ် အောင်မြင်မည် မဟုတ်ပါ။
သူငယ်ချင်း၊ ညီအကိုမောင်နှမ အားလုံး ကျန်းမာလှပစွာ ကိုယ်အလေးချိန် လျှော့ချနိုင်ပါစေ!
P.S. အရေးကြီးသော အချက်တချက် ကြန်ခဲ့လို့ပါ။ ဝိတ်လျှော့နေ တဲ့အချိန်မှာ အချိန်မှန် အိပ်ပါ။ အိပ်ရေးပျက်လျှင် ပိုဝပါသည်။

အိပ်ထမတင် က အဆီကျ လေ.ကျင့်ခန်း မဟုတ်လို့ အဆီကျချင်ရုံဆို လုပ်စရာ မလိုပါဖူး
ပြီးတော့ အစာကို မြန်မာ အများစု လုပ်သလို တနေ. အစာကြီး နှစ်ကြိမ် စားတာမျိုးမလုပ်ပဲ
၁ ဝက်စီ ရှော့ပြီး လေးကြိမ်ဖြစ်ဖြစ်
1/3 စီ ရှော့ပြီး ခြောက်ကြိမ် ဖြစ်ဖြစ် စားသင့်ပါတယ်၊
နိုးနေပါ လျှက် အစာ မစားပဲ 4 to 6 နာရီ ထက်ကျော်အောင် မနေရပါဖူး
အဲလို ကျော်သွားရင် လူ ဦးနှောက် က အစာကို သိုလှောင် ဖို့ အလိုအလျောက် ဆုံးဖြတ် ပါလိမ့်မယ်
စားတိုင်းမှာ ထမင်း၊ အာလူး စတာတွေ ဟာ ကာဘိုဟိုက်ဒရိတ် များဖြစ်လို့ လျှော့စားပြီး
fiber များများ ပါတဲ. အစိမ်းရောင် အရွက် နဲ. အသီးအနှံ တွေပို စားရပါမယ်
အစားအစာ စားပြီးတိုင်း ရေနွေး သို့မဟုတ် ရေနွေးကြမ်း ကိုသောက် သင့်ပါတယ်!

Credit :  Kyaw Thu Aung Ba

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top