iMyanmarHouse.com - Best Property Website for Myanmar
×










 ဟောင်ကောင်အက် ရှင်မင်းသားကြီး ဂျက်ကီချန်း၏ သားဖြစ်သူ ဂျေစီချန်းကို တရား ၀င်ဖမ်းဆီးလိုက်ပြီဟု တရုတ် အာဏာပိုင်များက စက်တင်ဘာ ၁၇ ရက်တွင်ကြေညာသည်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှ  Dong Cheng အစိုးရရှေ့နေရုံး သည် ဂျေစီချန်းကို တရားဝင်ဖမ်း ဆီးခွင့်ပေးလိုက်သောကြောင့် ဂျေစီချန်းအပေါ် မူးယစ်ဆေးဝါး မှုဖြင့် တရားဝင်တရားစွဲဆိုနိုင်ပြီ ဖြစ်သည်။

အသက် (၃၂) နှစ်အရွယ် သရုပ်ဆောင်မင်းသား ဂျေစီချန်း နှင့် တိုင်ပေသရုပ်ဆောင် မင်း သား ကိုင်ကိုတို့သည် မူးယစ်ဆေး ၀ါးသုံးစွဲထားကြောင်း ပြီးခဲ့သည့် လက စစ်ဆေးတွေ့ရှိပြီးနောက် ဘေဂျင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ ရဲတပ်ဖွဲ့ ၀င်များက ဂျေစီချန်း၏ နေအိမ်မှ

ဆေးခြောက် ၁၀၀ ဂရမ်ကိုလည်းတွေ့ရှိခဲ့သည်ဟု ပြောကြား သည်။

တရုတ်  ရဲတပ်ဖွဲ့ဝင်များ သည် ဂျေစီချန်းကို တရားဝင်ဖမ်း ဆီးထားစဉ်   စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်နိုင်မည်ဖြစ် သည်။ ဂျေစီချန်းသည် ပြစ်မှုထင် ရှားပါ နေအိမ်၌ တစ်ပါးသူအားမူးယစ်ဆေးဝါးသုံးစွဲခွင့်ပြုမှုအ တွက် အနည်းဆုံး ထောင်ဒဏ်သုံး နှစ်ကျခံရနိုင်သည်။ ဂျေစီချန်း သည် လက်ရှိတွင် ရဲစခန်း၌ အချုပ်ခံထားရသည်မှာ ရက်ပေါင်း ၃၀ ကျော်သွားပြီဖြစ်သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top