iMyanmarHouse.com - Best Property Website for Myanmar
×










ဆံပင်အုံထူတဲ့ အသိကောင်မလေးတစ်ယောက်ကို တွေ့ရင် "ဟယ် နင့်ဆံပင်က အုံထူပြီး လှလိုက်တာ။ အဲ့ဒီလိုမျိုး လိုချင်လိုက်တာ" လို့ ပြောမိကောင်း ပြောမိပါလိမ့်မယ်။ ဒါပေမယ့် ဆံပင်အုံထူတဲ့ မိန်းကလေးတွေ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ ပြသနာတွေအများကြီး ရှိနေတယ်ဆိုတာတော့ သင်သိချင်မှ သိပါလိမ့်မယ်။ ဘယ်လိုပြသနာမျိုးတွေ သူတို့ အခြေခံအားဖြင့် ကြုံရတတ်ပါသလဲ။

၁။ပိုနီတေးစည်းမယ်ဆိုရင်တောင် နှစ်နာရီထက်ကြာအောင် ပိုစည်းထားလို့ အဆင်မပြေပါဘူး။
ဆံပင်အုံထူတဲ့အတွက် ပိုနီတေးစည်းထားမယ်ဆိုရင် အရမ်းလေးလွန်းလို့ ဇက်ညောင်းလာပါလိမ့်မယ်။ ဒီဆံပင်အုံနဲ့ ပိုနီတေးစည်းနိုင်မှ အလွန်ဆုံး နှစ်နာရီပါပဲ။

၂။ဒီနေ့တော့ ဆံပင်ကိုအချိန်ပေးရမယ်လို့ ဆိုလိုက်ရင် တကယ်ပဲ တစ်နေကုန်နီးပါး အချိန်ကြာပါလိမ့်မယ်။
အားလပ်ရက်တစ်ရက်ကို ဆံပင်အတွက် အချိန်ပေးရမယ်လို့ သူတို့ပြောလာခဲ့ရင် တစ်နေ့လုံးနီးပါး ခေါင်းလျှော်တာ၊ ပျော့ဆေးနဲ့ ပြန်ပေါင်းတာ၊ အခြောက်ခံတာ၊ စတာတွေနဲ့ အချိန်ကုန်သွားမှာပါ။ ပါးစပ်ပြောလေးတင် မဟုတ်ပါဘူး။ တကယ်ကို ကြတာပါ။

၃။အိပ်ယာကထလာသလို ဆံပင်စုတ်ဖွားနဲ့ဆိုတာ စနောက်ပြောဆိုနေတာ မဟုတ်ပါဘူး။
သူများတွေ ခေါင်းမဖြီးပဲ အိမ်အပြင်ထွက်လာရင် ခုမှအိပ်ယာပေါ်က ထလာတာလားရယ်လို့ မေးမြန်းခံရဖွယ်ရှိပါတယ်။ ဆံပင်အုံထူတဲ့သူတွေကတော့ အဲ့ဒီ့အဆင့်ထက်တောင် ကျော်သွားပါသေးတယ်။ ရှုပ်ပွပြီးမသပ်မရပ်ဆိုရင် တော်တော်ကို ကြည့်ရဆိုးတာပါ။

၎။ဆံပင်ပျော့ဆေးကို ကုန်ခါနီးကတည်းက အသစ်ဝယ်ထားရတော့တာပဲ။
ခေါင်းလျှော်တဲ့အခါ ပျော့ဆေးထည့်မလျှော်ရင် တော်တော်ကို ကြည့်ရဆိုးတာမို့ ပျော့ဆေးဗူးကုန်ခါနီးပြီဆိုကတည်းက အသစ်တစ်ဗူး မ၀ယ်ထားမိရင်တော့ တော်တော်ကို အဆင်မပြေဖြစ်သွားပါလိမ့်မယ်။

၅။ဘီးဖြီးတဲ့အခါ အချိန်ပေးပြီး သေချာဖြီးမှသာ အဆင်ပြေတယ်။
အပြင်ထွက်ခါနီး ခေါင်းထဲကို လက်ကလေးထိုးထည့်ပြီး ဟိုသပ်ဒီသပ်လုပ်ရုံနဲ့ အဆင်မပြေနိုင်ပါဘူး။ ဒီတော့ ခေါင်းဖြီးဖို့ သေချာကို အချိန်ပေးရပါတယ်။

၆။Youtube မှာ ကြည့်နေရတဲ့ ဆံပင်ကျူတိုရီရယ်တွေကလည်း အသုံးမ၀င်လှပါဘူး။
ဘယ်လိုဆံပင်ပုံစံမျိုးလေးဆိုရင် ဘယ်လိုလေး လုပ်ရတယ်၊ ဘယ်လိုပြင်ဆင်ရတယ်ဆိုပြီး Youtube မှာတင်ထားတဲ့ ကျူတိုရီရယ်တွေကလည်း ဆံပင်အုံထူတဲ့သူတွေအတွက်တော့ အသုံးမ၀င်ပါဘူး။

၇။အုံထူပြီး ဆံပင်ကျွတ်တတ်တဲ့သူဆိုရင်တော့ သူရှိနေတဲ့ နေရာပတ်ပတ်လည်မှာ ဆံပင်မွှေးတွေချည်း။
ကိုယ့်ရဲ့အင်္ကျံ၊ သူငယ်ချင်းရဲ့အင်္ကျံ၊ ကိုယ့်ရည်းစားရဲ့အင်္ကျံတွေမှာတင် မကပါဘူး။ ကိုယ်ထိုင်တဲ့နေရာ၊ ကြမ်းပြင်တွေမှာလည်း ကိုယ့်ဆံပင်တွေ ရှိနေတတ်ပါတယ်။ သင်က အုံထူပေမယ့် ဆံပင်ကျွတ်တတ်တဲ့သူဆိုရင်ပေါ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top