iMyanmarHouse.com - Best Property Website for Myanmar
×

လူသိများကျော်ကြားတဲ့ တောင်ကိုးရီးယား အဆိုတော်၊ ရုပ်ရှင်မင်းသား Kim Hyun-joong က သူ့အရင် ရည်းစားဟောင်းနဲ့ မေလမှာ အငြင်းအခုံ၊ ပြသနာတက်နေစဉ်အတွင်း ရိုက်မိခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ရဲက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။ သူတပြန်ကိုယ်တပြန် ရိုက်ခဲ့ကြပေမယ့် အဲ့ဒီအမျိုးသမီးဟာ အကြိမ်ပေါင်းများစွာ အရိုက်ခံခဲ့ရပြီး သူ့ လက်မောင်းတွေနဲ့ ဒူးခေါင်းတွေမှာ ပွင်းပဲ့ဒဏ်ရာတွေ တော်တော်လေးရရှိသွားခဲ့တယ်လို့ စစ်ဆေးရေးရဲအရာရှိ ပြောကြားခဲ့တဲ့အပြင် အဲဒီအမျိုးသမီးက အာဏာပိုင်တွေကို ဆေးကုသမှု ခံယူဖို့ အချိန် (၂) ပတ် လိုအပ်တယ်လလို့ လည်း ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

တိုက်ခိုက်မှုတော့ အပြန်အလှန်ပါပဲ။ နောက်ပိုင်းကျမှသာ အခြေအနေ ရှုပ်ထွေးလာခဲ့တာပါ။ ဒါပေမဲ့ သူမရဲ့ဘယ်နေရာတွေကို ရိုက်မိသွားတယ်၊ ဘယ်နှစ်ကြိမ်ရိုက်မိသွားတယ်ဆိုတာ မမှတ်မိတော့ဘူးလို့  Kim က သူ့ကိုစစ်ဆေးမေးမြန်တဲ့ ရဲကို ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ လူတစ်ဦးဒေါသထွက်သွားလို့ တစ်ဖက်သားကို ပါးရိုက်လိုက်တဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ ဒီအဖြစ်က အဲ့ဒါထက် ပြင်းထန်တယ်လို့ စုံစမ်းစစ်ဆေးရေးရဲအရာရှိက ပြောဆိုခဲ့တယ်။

သက်ဆိုင်ရာ ဥပဒေပုဒ်မအရ အရေးယူဆောင်ရွက်ဖို့ တရားရုံးရှေ့နေတွေဆီ လွှတ်သင့်၊ မလွှတ်သင့် မဆုံးဖြတ်ခင် Kim နဲ့ အဲ့ဒီအမျိုးသမီး နောက်တစ်ဆင့် စစ်ဆေးခံရနိုင်တယ်လို့ သိရပါတယ်။

အသက် (၂၈) နှစ်အရွယ် Kim ဟာ လူငယ်တေးဂီတအဖွဲ့ SS501 နဲ့ ၂၀၀၅ ခုနှစ်မှာ ပထမဆုံး အခွေကို ထုတ်လုပ်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ သရုပ်ဆောင်အနေနဲ့ ရပ်တည်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် “Boys Over Flowers”  ရုပ်သံဇာတ်လမ်းမှာ သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပါတယ်။ အာရုတိုက်မှာ လူသိများတဲ့သူလည်းဖြစ်ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top